PPE ဝတ္စုံကို မႏိုင္ မနင္းနဲ႔ တီးတိန္ ေဆး႐ုံ ကို ေရာက္လာတဲ့ (၆) ႏွစ္အ႐ြ ယ္ ကိုဗစ္ လူနာအမွတ္(318) ကေလးငယ္

အိႏၵိယကျပန္လာတဲ့ အသက္ ၆ ႏွစ္အ႐ြယ္ ကေလးတစ္ဦး ထံမွာ ကိုဗစ္ပိုးေတြ႕ရွိ အိႏၵိယျပန္ေတြထဲက ေရာဂါပိုးေတြ႕ရွိသူ (၁)ဦးထက္ တိုးေၾကာင္းက်န္းမာေရးႏွင့္အာကစားဝန္ႀကီးဌာနက ဒီကေန႔မနက္ (၈)နာရီမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။လူနာက အသက္ (၆)ႏွစ္ အ႐ြယ္ ကေလးငယ္တစ္ဦးျဖစ္ၿပီး ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕မွာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားသူပါ။ဒီမနက္ ထပ္တိုးလူနာက ျပည္ပကျပန္လာတဲ့သူေတြထဲမွာေတာ့ ဒုတိယအသက္အငယ္ဆုံးေရာဂါပိုးေတြ႕ရွိသူ ျဖစ္ပါတယ္။

ေမလ (၃၀)ရက္ေန႔က အိႏၵိယကျပန္လာတဲ့သူထဲကပဲ အသက္(၄)ႏွစ္အ႐ြယ္ ကေလးငယ္မွာ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး လက္ရွိမွာ အဆိုပါ ကေလးငယ္က ေရာဂါပိုး ျပန္လည္ေပ်ာက္ကင္းသြားပါၿပီ။ယခုထပ္တိုးလူနာ ကေလးငယ္ ကိုေတာ့ တီးတိန္ေဆး႐ုံမွာတက္ေရာက္ေစၿပီး ဆက္လက္ေဆးကုသမႈေပးသြားမွာျဖစ္ပါတယ္။ဒီမနက္ ထုတ္ျပန္ခ်က္မွာ ဓာတ္ခြဲနမူနာေပါင္း (၁၆၈၈)ခုကိုစစ္ေဆးခဲ့ရမွာေတာ့ ယခုကေလးငယ္(၁)ဦးမွာသာ ေရာဂါပိုး ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္ကိုဗစ္ေရာဂါအတည္ျပဳလူနာ ၆ႏွစ္အ႐ြယ္ ကေလးငယ္ ေဆး ကုသမႈမ်ားခံယူရန္ ယေန႔( ဇူလိုင္လ ၁၀) ေန႔ လယ္ပိုင္းက တီးတိန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေရာက္လာၿပီျဖစ္ေၾကာင္းတီးတိန္ ျပည့္သူေဆး႐ုံႀကီးေဆး႐ုံအုပ္ ေဒါက္တာ ေဇာ္ျမင့္ႏိုင္က ေျပာသည္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ဇူလိုင္လ ၉ရက္ နံနက္ ၈နာရီထုျပန္ခ်က္၌ ခ်င္ျပည္နယ္၊ တြန္းဇံၿမိဳ႕မွ အသြားအ လာကန႔္သတ္ထားသူ ၆ႏွစ္အ႐ြယ္(က်ား) ကေလးငယ္မွာ ကိုဗစ္အတည္ျပဳလူနာCase -318 အျဖစ္ပါဝင္လာျခင္းျဖစ္သည္။

ကေလးကို သူ႔အေမနဲ႔ တစ္ခန္းတည္း ထားၿပီးေတာ့ ေစာင့္ၾကပ္ ကုသေပးမႈေတြ ျပဳလုပ္ေပးသြားမွာျဖစ္တယ္” ဟု ေဒါက္တာေဇာ္ျမင့္ႏိုင္ က ေျပာသည္။အဆိုပါ ကေလးငယ္သည္ ၿပီးခဲ့ေသာ ဇြန္လ ၂၉ရက္က အိႏၲိယႏိုင္ငံ ခ်ဴရာခ်န္ၿမိဳ႕မွ ခရီးသည္ ၇ ဦးႏွင့္အတူျပန္လာခဲ့ၿပီး ခ်င္းျပည္နယ္၊တြန္းဇံၿမိဳ႕နယ္၊ ဟိုင္က်င္းအုပ္စု ဟိုင္က်င္းေက်း႐ြာရွိ CBFQ Center တြင္အသြားအလာ ကန႔္သတ္ေစာင့္ၾကပ္ ထားျခင္း ျဖစ္ၿပီး ကေလးငယ္ႏွင့္ အတူပါလာသည့္ က်န္လူမ်ားတြင္ ကိုဗစ္ေရာဂါပိုး ကူးစက္ခံထားရျခင္း မရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ မတ္လ၂၃ရက္က ျမန္မာႏိုင္ငံ၏ ပထမဆုံးကိုဗစ္ေရာဂါအတည္ျပဳလူနာကို စတင္ေတြ႕ခဲ့ေသာ တီးတိန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ဇြန္လကုန္အထိ ကိုဗစ္ေရာဂါ အတည္ျပဳ လူနာရဦးအား ေစာင့္ၾကပ္ကုသေပးခဲ့ရာ၌ အားလုံးေရာဂါပိုး ကင္းစင္ေပ်ာက္ကင္း သြားခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။

REF: SHWE WIKI

UNICODE

PPE ဝတ်စုံကို မနိုင် မနင်းနဲ့ တီးတိန် ဆေးရုံ ကို ရောက်လာတဲ့ (၆) နှစ်အရွ ယ် ကိုဗစ် လူနာအမှတ်(318) ကလေးငယ်

အိန္ဒိယကပြန်လာတဲ့ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး ထံမှာ ကိုဗစ်ပိုးတွေ့ရှိ အိန္ဒိယပြန်တွေထဲက ရောဂါပိုးတွေ့ရှိသူ (၁)ဦးထက် တိုးကြောင်းကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနက ဒီကနေ့မနက် (၈)နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။လူနာက အသက် (၆)နှစ် အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး ချင်းပြည်နယ် တွန်းဇံမြို့မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူပါ။ဒီမနက် ထပ်တိုးလူနာက ပြည်ပကပြန်လာတဲ့သူတွေထဲမှာတော့ ဒုတိယအသက်အငယ်ဆုံးရောဂါပိုးတွေ့ရှိသူ ဖြစ်ပါတယ်။

မေလ (၃၀)ရက်နေ့က အိန္ဒိယကပြန်လာတဲ့သူထဲကပဲ အသက်(၄)နှစ်အရွယ် ကလေးငယ်မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိမှာ အဆိုပါ ကလေးငယ်က ရောဂါပိုး ပြန်လည်ပျောက်ကင်းသွားပါပြီ။ယခုထပ်တိုးလူနာ ကလေးငယ် ကိုတော့ တီးတိန်ဆေးရုံမှာတက်ရောက်စေပြီး ဆက်လက်ဆေးကုသမှုပေးသွားမှာဖြစ်ပါတယ်။ဒီမနက် ထုတ်ပြန်ချက်မှာ ဓာတ်ခွဲနမူနာပေါင်း (၁၆၈၈)ခုကိုစစ်ဆေးခဲ့ရမှာတော့ ယခုကလေးငယ်(၁)ဦးမှာသာ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ကိုဗစ်ရောဂါအတည်ပြုလူနာ ၆နှစ်အရွယ် ကလေးငယ် ဆေး ကုသမှုများခံယူရန် ယနေ့( ဇူလိုင်လ ၁၀) နေ့ လယ်ပိုင်းက တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးသို့ ရောက်လာပြီဖြစ်ကြောင်းတီးတိန် ပြည့်သူဆေးရုံကြီးဆေးရုံအုပ် ဒေါက်တာ ဇော်မြင့်နိုင်က ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၉ရက် နံနက် ၈နာရီထုပြန်ချက်၌ ချင်ပြည်နယ်၊ တွန်းဇံမြို့မှ အသွားအ လာကန့်သတ်ထားသူ ၆နှစ်အရွယ်(ကျား) ကလေးငယ်မှာ ကိုဗစ်အတည်ပြုလူနာCase -318 အဖြစ်ပါဝင်လာခြင်းဖြစ်သည်။

ကလေးကို သူ့အမေနဲ့ တစ်ခန်းတည်း ထားပြီးတော့ စောင့်ကြပ် ကုသပေးမှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်” ဟု ဒေါက်တာဇော်မြင့်နိုင် က ပြောသည်။အဆိုပါ ကလေးငယ်သည် ပြီးခဲ့သော ဇွန်လ ၂၉ရက်က အိန္တိယနိုင်ငံ ချူရာချန်မြို့မှ ခရီးသည် ၇ ဦးနှင့်အတူပြန်လာခဲ့ပြီး ချင်းပြည်နယ်၊တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းအုပ်စု ဟိုင်ကျင်းကျေးရွာရှိ CBFQ Center တွင်အသွားအလာ ကန့်သတ်စောင့်ကြပ် ထားခြင်း ဖြစ်ပြီး ကလေးငယ်နှင့် အတူပါလာသည့် ကျန်လူများတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရခြင်း မရှိကြောင်း သိရသည်။

ပြီးခဲ့သော မတ်လ၂၃ရက်က မြန်မာနိုင်ငံ၏ ပထမဆုံးကိုဗစ်ရောဂါအတည်ပြုလူနာကို စတင်တွေ့ခဲ့သော တီးတိန်ပြည်သူ့ဆေးရုံကြီးတွင် ဇွန်လကုန်အထိ ကိုဗစ်ရောဂါ အတည်ပြု လူနာရဦးအား စောင့်ကြပ်ကုသပေးခဲ့ရာ၌ အားလုံးရောဂါပိုး ကင်းစင်ပျောက်ကင်း သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *