ထိုင္းႏိုင္ငံ မွ ကူးစက္လာေသာ ဝက္ေရာဂါ ပိုး ရွမ္း ကခ်င္ႏွ င့္ ကယားျပည္နယ္ တို႔တြင္ ျဖစ္ပြားေန၍ အထူးသတိထားသင့္

ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး ဌာန တာဝန္ ရွိ သူေတြကေတာ့ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚတဲ့ ဝက္ကူးစက္ေရာဂါဟာ ျပည္တြင္းေမြးျမဴတဲ့ ဝက္ ေတြကေန စတင္ ျဖစ္ပြားတာ မဟုတ္ဘဲ ျပည္ပက တင္သြင္းတဲ့ ဝက္အရွင္ နဲ႔ ဝက္ထြက္ပစၥည္းေတြ ကေန ကူးစက္ျဖစ္ပြားတာ ျဖစ္တယ္ လို႔ ေျပာၾကား ပါတယ္ ။ျမန္မာႏိုင္ငံ ကို ထိုင္းႏိုင္ငံက ဝက္အ အမ်ာဆုံး တင္သြင္းေနၿပီး တစ္ႏွစ္ အေကာင္ေရ တစ္သိန္းကေန တစ္သိန္းခြဲ အထိ တင္သြင္းေနတယ္ လို႔ သိရ ပါတယ္ ။

ဒါ့အျပင္ အျပည္ျပည္ဆိုင္ရာေလ ဆိပ္ေတြကေန ဝင္ေရာက္လာ တဲ့ တရားမဝင္ ဝက္ထြက္ပစၥည္း ေတြလည္း ဖမ္းဆီးေနၿပီး အမ်ားဆုံးဖမ္း ဆုံးဖမ္းဆီး ရမိ ခဲ့တဲ့ ပစၥည္းကေတာ့ ဝက္အူေခ်ာင္းလုံး ေတြျဖစ္တယ္ လို႔ သိရ ပါတယ္ ။ရွ မ္းျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္ တို႔ ၌ ေတြ႕ရွိခဲ့ ၿပီးျဖစ္ေသာ အာဖရိက ဝက္အျပင္းဖ်ား ေရာဂါပိုး ကို ကယားျပည္နယ္ တြင္လည္း ထပ္မံစစ္ေဆးေတြ႕ ရွိခဲ့ရေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန မွ ဒုတိယအၿမဲတမ္း အတြင္းဝန္ ေဒါက္တာထြန္းလြင္ က ေျပာၾကား ပါတယ္။

ကယားျပည္နယ္ ရွိ ဖ႐ူဆိုၿမိဳ႕နယ္၊ ဒီေမာဆိုးၿမိဳ႕နယ္ႏွင့္ လြိဳင္ေကာ္ၿမိဳ႕နယ္ တို႔တြင္ ၿပီးခဲ့သည့္ ဇြန္လႏွင့္ ယခု ဇူလိုင္ပထမပတ္ အတြင္းျဖစ္ ပြားခဲ့ေသာ ဝက္မ်ားေသဆုံးမႈႏွင့္ ပတ္သက္ၿပီး တိရိစာၦန္ေရာဂါရွာေဖြေရး ဓာတ္ခြဲခန္း သို႔ ေပးပို႔စစ္ေဆး ရာ မွ အဆိုပါေရာဂါပိုကိုး စစ္ေဆး ေတြ႕ရွိခဲ့ရျခင္းျဖစ္ ပါတယ္ ။ဒီေမာဆိုၿမိဳ႕နယ္ တြင္ ဇြန္ ၆ ရက္ေန႔ က ကြင္းဆင္း စာရင္းေကာက္ယူမႈ အ ရ ဝက္ ၅၂ ေကာင္၊ ဖ႐ူဆိုၿမိဳ႕နယ္ တြင္ ဝက္ ၁၉ ေကာင္ႏွင့္ လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ ဇူလိုင္ပ ထမပတ္ အတြင္း ဝက္ ၆၁ ေကာင္ေသဆုံးခဲ့ျခင္းျဖစ္ သည္ ။

အဆိုပါ ဝက္ေသဆုံးမႈမ်ားႏွင့္ပတ္သက္ၿပီး ေရာဂါပိုးစမ္းသပ္ရွာေဖြရန္အတြက္ မႏၲေလးရွိဓာတ္ခြဲခန္းသို႔ နမူနာပစၥည္း ၄၆ ခုကိုေပးပို႔ကာ စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း လည္း ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာရဲထြန္းဝင္းက ဇူလိုင္ ၈ ရက္ေန႔က ေျပာ ၾကားထားပါတယ္။လက္ရွိတြင္ ဒီေမာဆိုႏွင့္ဖ႐ူဆိုၿမိဳ႕နယ္ တို႔ တြင္ ဝက္ေသဆုံးမႈမ်ားမရွိေတာ့ေသာ္လည္း လြိဳင္ေကာ္ၿမိဳ႕နယ္ ရွိ ဝက္ ေသဆုံးခဲ့ေသာ ဝက္ၿခံကိုမူ ေစာင့္ၾကည့္လ်က္ ရွိ သည္ ။

အာဖရိကဝက္ အျပင္းဖ်ားေရာဂါ သည္ လူကို ကူးစက္ျခင္း မရွိေသာ္လည္း စီးပြားေရး အရ ဆုံးရႈံးမႈမ်ား ႏိုင္ေသာေၾကာင့္ အျခားေဒသမ်ား သို႔ ကူးဆက္ျခင္း မရွိေစရန္ ဝက္ေမြးျမဴမႈမ်ားေသာ ေနရာႏွင့္ သယ္ယူ ပို႔ေဆာင္ရာလမ္းေၾကာင္းေနရာမ်ား စုစုေပါင္းေနရာ ၁၅၀ ေက်ာ္ ကို သတိထားေစာင့္ၾကည့္ ထိန္းခ်ဳပ္လ်က္ လည္း ရွိ၏ ေန ပါတယ္ ။အဆိုပါေရာဂါသည္ ကနဦးကရွမ္းျပည္နယ္ တြင္သာ ေတြ႕ရွိခဲ့ရေသာ္ လည္း ကခ်င္ျပည္နယ္ ၌ ထပ္မံေတြ႕ရွိခဲ့ၿပီးေနာက္ ယခုအခါ ကယားျပည္နယ္မွာ ပါ ေတြ႕ ရွိေၾကာင္း အတည္ျပဳ ခဲ့ပါတယ္ ။

Source; Hot News Myanmar(HNM)

UNICODE

ထိုင်းနိုင်ငံ မှ ကူးစက်လာသော ဝက်ရောဂါ ပိုး ရှမ်း ကချင်နှ င့် ကယားပြည်နယ် တို့တွင် ဖြစ်ပွားနေ၍ အထူးသတိထားသင့်

မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန တာဝန် ရှိ သူတွေကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တဲ့ ဝက်ကူးစက်ရောဂါဟာ ပြည်တွင်းမွေးမြူတဲ့ ဝက် တွေကနေ စတင် ဖြစ်ပွားတာ မဟုတ်ဘဲ ပြည်ပက တင်သွင်းတဲ့ ဝက်အရှင် နဲ့ ဝက်ထွက်ပစ္စည်းတွေ ကနေ ကူးစက်ဖြစ်ပွားတာ ဖြစ်တယ် လို့ ပြောကြား ပါတယ် ။မြန်မာနိုင်ငံ ကို ထိုင်းနိုင်ငံက ဝက်အ အမျာဆုံး တင်သွင်းနေပြီး တစ်နှစ် အကောင်ရေ တစ်သိန်းကနေ တစ်သိန်းခွဲ အထိ တင်သွင်းနေတယ် လို့ သိရ ပါတယ် ။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွေကနေ ဝင်ရောက်လာ တဲ့ တရားမဝင် ဝက်ထွက်ပစ္စည်း တွေလည်း ဖမ်းဆီးနေပြီး အများဆုံးဖမ်း ဆုံးဖမ်းဆီး ရမိ ခဲ့တဲ့ ပစ္စည်းကတော့ ဝက်အူချောင်းလုံး တွေဖြစ်တယ် လို့ သိရ ပါတယ် ။ရှ မ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့ ၌ တွေ့ရှိခဲ့ ပြီးဖြစ်သော အာဖရိက ဝက်အပြင်းဖျား ရောဂါပိုး ကို ကယားပြည်နယ် တွင်လည်း ထပ်မံစစ်ဆေးတွေ့ ရှိခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါက်တာထွန်းလွင် က ပြောကြား ပါတယ်။

ကယားပြည်နယ် ရှိ ဖရူဆိုမြို့နယ်၊ ဒီမောဆိုးမြို့နယ်နှင့် လွိုင်ကော်မြို့နယ် တို့တွင် ပြီးခဲ့သည့် ဇွန်လနှင့် ယခု ဇူလိုင်ပထမပတ် အတွင်းဖြစ် ပွားခဲ့သော ဝက်များသေဆုံးမှုနှင့် ပတ်သက်ပြီး တိရိစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း သို့ ပေးပို့စစ်ဆေး ရာ မှ အဆိုပါရောဂါပိုကိုး စစ်ဆေး တွေ့ရှိခဲ့ရခြင်းဖြစ် ပါတယ် ။ဒီမောဆိုမြို့နယ် တွင် ဇွန် ၆ ရက်နေ့ က ကွင်းဆင်း စာရင်းကောက်ယူမှု အ ရ ဝက် ၅၂ ကောင်၊ ဖရူဆိုမြို့နယ် တွင် ဝက် ၁၉ ကောင်နှင့် လွိုင်ကော်မြို့နယ်တွင် ဇူလိုင်ပ ထမပတ် အတွင်း ဝက် ၆၁ ကောင်သေဆုံးခဲ့ခြင်းဖြစ် သည် ။

အဆိုပါ ဝက်သေဆုံးမှုများနှင့်ပတ်သက်ပြီး ရောဂါပိုးစမ်းသပ်ရှာဖွေရန်အတွက် မန္တလေးရှိဓာတ်ခွဲခန်းသို့ နမူနာပစ္စည်း ၄၆ ခုကိုပေးပို့ကာ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း လည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ဇူလိုင် ၈ ရက်နေ့က ပြော ကြားထားပါတယ်။လက်ရှိတွင် ဒီမောဆိုနှင့်ဖရူဆိုမြို့နယ် တို့ တွင် ဝက်သေဆုံးမှုများမရှိတော့သော်လည်း လွိုင်ကော်မြို့နယ် ရှိ ဝက် သေဆုံးခဲ့သော ဝက်ခြံကိုမူ စောင့်ကြည့်လျက် ရှိ သည် ။

အာဖရိကဝက် အပြင်းဖျားရောဂါ သည် လူကို ကူးစက်ခြင်း မရှိသော်လည်း စီးပွားရေး အရ ဆုံးရှုံးမှုများ နိုင်သောကြောင့် အခြားဒေသများ သို့ ကူးဆက်ခြင်း မရှိစေရန် ဝက်မွေးမြူမှုများသော နေရာနှင့် သယ်ယူ ပို့ဆောင်ရာလမ်းကြောင်းနေရာများ စုစုပေါင်းနေရာ ၁၅၀ ကျော် ကို သတိထားစောင့်ကြည့် ထိန်းချုပ်လျက် လည်း ရှိ၏ နေ ပါတယ် ။အဆိုပါရောဂါသည် ကနဦးကရှမ်းပြည်နယ် တွင်သာ တွေ့ရှိခဲ့ရသော် လည်း ကချင်ပြည်နယ် ၌ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ယခုအခါ ကယားပြည်နယ်မှာ ပါ တွေ့ ရှိကြောင်း အတည်ပြု ခဲ့ပါတယ် ။

Source;  Hot News Myanmar(HNM)

Add a Comment

Your email address will not be published. Required fields are marked *