အေမရိကန္ ကို ေက်ာ္ခ်င္ေန တဲ့ တ႐ုတ္ရဲ႕ေၾကာက္စရာ ေကာင္း တဲ့ ေျမေခြးအမဲလိုက္အစီအစဥ္

တ႐ုတ္ႏိုင္ငံဟာ တစ္ႏိုင္ငံတည္းေသာ ကမာၻ႔အင္အားႀကီးႏိုင္ငံ ျဖစ္ေအာင္ ဘယ္လိုနည္းလမ္းမ်ိဳးနဲ႔မဆို လုပ္ေန ၿပီးေတာ့ တစ္ႏိုင္ငံလုံးရဲ႕ အားထုတ္ႀကိဳးစားမႈေတြပါဝင္ေနပါတယ္” ဟု ခရစၥတိုဖာ ဝေရးက ေျပာဆိုသည္။တစ္နာရီနီးပါးၾကာမိန႔္ခြန္းတြင္ စီးပြားေရး အရသူလွ်ိဳ လုပ္မႈ၊ အခ်က္အလက္ႏွင့္ ဘ႑ာေရးဆိုင္ရာခိုးယူမႈႏွင့္ တရားမဝင္ႏိုင္ငံေရးလႈပ္ရွားမႈမ်ား၊ အေမရိကန္မူဝါဒမ်ားကို လႊမ္းမိုးမႈရွိေစရန္ လာဘ္ေပး မႈႏွင့္ျပန္ေပးဆြဲမႈမ်ား ျပဳလုပ္ေနမႈစသည့္ တ႐ုတ္ႏိုင္ငံ၏ ဝင္ေရာက္စြက္ဖက္မႈကို သူက အသားေပးေျပာခဲ့သည္။

၁၀ နာရီတိုင္းမွာ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္စပ္ေနတဲ့ တန္ျပန္ေထာက္လွမ္းေရးအမႈေတြကို အက္ဖ္ဘီအိုင္က အမႈဖြင့္ ေနရတဲ့အေျခအေန တစ္ ခုကို ေရာက္ေနပါၿပီ။ အေမရိကန္တစ္ခြင္မွာ လက္ရွိတန္ျပန္ေထာက္ လွမ္းေရးအမႈ ၅၀၀၀ နီးပါးေလာက္ရွိၿပီးေတာ့ တစ္ ဝက္က တ႐ုတ္ ႏိုင္ငံနဲ႔ ဆက္စပ္ေနပါတယ္” ဟုလည္း ခရစၥတိုဖာဝေရး ကေျပာသည္။သမၼတရွီက်င့္ပင္က ေျမေခြးအမဲလိုက္အစီအစဥ္ကို ဦး ေဆာင္ေနၿပီး တ႐ုတ္အစိုးရအတြက္အႏၲရာယ္ဟု ျမင္ရသည့္ ႏိုင္ငံျခားေရာက္တ႐ုတ္မ်ားကို ပစ္မွတ္ထားေနေၾကာင္းလည္း ဝေရးကေျပာသည္။“

ေျမေခြးအမဲလိုက္အစီအစဥ္က ပစ္မွတ္တစ္ေယာက္ကိုမရွာႏိုင္ရင္ တ႐ုတ္အစိုးရက အေမရိကန္ျပည္ေထာင္စု မွာရွိေနတဲ့ ပစ္မွတ္ရဲ႕မိသား စုဆီ တ႐ုတ္ အစိုးရက သံတမန္တစ္ေယာက္ လႊတ္လိုက္ပါတယ္။ သူတို႔ေပးလိုက္တဲ့ သတင္းစကားက ဘာလဲသိခ်င္လား။ ပစ္မွတ္မွာ ေ႐ြး စရာ ၂ ခုပဲရွိတယ္။ တ႐ုတ္ႏိုင္ငံကို ခ်က္ခ်င္းျပန္လာရင္ လာ၊ မလာရင္ ကိုယ့္ကိုယ္ကိုသတ္ေသ” ဟုလည္း ရွင္းျပသည္။တ႐ုတ္အစိုးရ ၏ သူလွ်ိဳလုပ္မႈႏွင့္ ခိုးယူမႈမ်ားသည္ အေမရိကန္ျပည္ေထာင္စု၏ အနာဂတ္ အတြက္ အႀကီးဆုံး အႏၲရာယ္မ်ားျဖစ္ေနေၾကာင္း အေမရိကန္ ျပည္ေထာင္စုေထာက္လွမ္းေရးဗ်ဴ႐ို(အက္ဖ္ဘီအိုင္) ၫႊန္ၾကားေရးမႉး ကေျပာသည္။

ဝါရွင္တန္ရွိ ဟူစတန္အင္စတီက်ဴ႕တြင္ မိန႔္ခြန္းေျပာရာတြင္ တ႐ုတ္ႏိုင္ငံ၏ အဘက္ဘက္မွ ေႏွာင့္ယွက္သည့္ စည္း႐ုံးလႈံ႕ေဆာ္မႈတစ္ခုကို ခရစၥတိုဖာဝေရးကေျပာသည္။ႏိုင္ငံျခားတြင္ေနထိုင္သည့္တ႐ုတ္ႏိုင္ငံသားမ်ားကို တ႐ုတ္ႏိုင္ငံကပစ္မွတ္ထားေနၿပီး သူတို႔ကို ေနရပ္ျပန္ လာရန္ ဖိအားေပးေနသည့္ အျပင္ အေမရိကန္၏ ကို႐ိုနာဗိုင္းရပ္စ္သုေတသနလုပ္ငန္းမ်ားႏွင့္ အေပးအယူလုပ္ရန္ လုပ္ ေနေၾကာင္းလည္း ေျပာသည္။

Credit The Lifestyle Myanmar

Source: BBC

UNICODE

အမေရိကန် ကို ကျော်ချင်နေ တဲ့ တရုတ်ရဲ့ကြောက်စရာ ကောင်း တဲ့ မြေခွေးအမဲလိုက်အစီအစဉ်

တရုတ်နိုင်ငံဟာ တစ်နိုင်ငံတည်းသော ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်အောင် ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို လုပ်နေ ပြီးတော့ တစ်နိုင်ငံလုံးရဲ့ အားထုတ်ကြိုးစားမှုတွေပါဝင်နေပါတယ်” ဟု ခရစ္စတိုဖာ ဝရေးက ပြောဆိုသည်။တစ်နာရီနီးပါးကြာမိန့်ခွန်းတွင် စီးပွားရေး အရသူလျှို လုပ်မှု၊ အချက်အလက်နှင့် ဘဏ္ဍာရေးဆိုင်ရာခိုးယူမှုနှင့် တရားမဝင်နိုင်ငံရေးလှုပ်ရှားမှုများ၊ အမေရိကန်မူဝါဒများကို လွှမ်းမိုးမှုရှိစေရန် လာဘ်ပေး မှုနှင့်ပြန်ပေးဆွဲမှုများ ပြုလုပ်နေမှုစသည့် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို သူက အသားပေးပြောခဲ့သည်။

၁၀ နာရီတိုင်းမှာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ တန်ပြန်ထောက်လှမ်းရေးအမှုတွေကို အက်ဖ်ဘီအိုင်က အမှုဖွင့် နေရတဲ့အခြေအနေ တစ် ခုကို ရောက်နေပါပြီ။ အမေရိကန်တစ်ခွင်မှာ လက်ရှိတန်ပြန်ထောက် လှမ်းရေးအမှု ၅၀၀၀ နီးပါးလောက်ရှိပြီးတော့ တစ် ဝက်က တရုတ် နိုင်ငံနဲ့ ဆက်စပ်နေပါတယ်” ဟုလည်း ခရစ္စတိုဖာဝရေး ကပြောသည်။သမ္မတရှီကျင့်ပင်က မြေခွေးအမဲလိုက်အစီအစဉ်ကို ဦး ဆောင်နေပြီး တရုတ်အစိုးရအတွက်အန္တရာယ်ဟု မြင်ရသည့် နိုင်ငံခြားရောက်တရုတ်များကို ပစ်မှတ်ထားနေကြောင်းလည်း ဝရေးကပြောသည်။“

မြေခွေးအမဲလိုက်အစီအစဉ်က ပစ်မှတ်တစ်ယောက်ကိုမရှာနိုင်ရင် တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စု မှာရှိနေတဲ့ ပစ်မှတ်ရဲ့မိသား စုဆီ တရုတ် အစိုးရက သံတမန်တစ်ယောက် လွှတ်လိုက်ပါတယ်။ သူတို့ပေးလိုက်တဲ့ သတင်းစကားက ဘာလဲသိချင်လား။ ပစ်မှတ်မှာ ရွေး စရာ ၂ ခုပဲရှိတယ်။ တရုတ်နိုင်ငံကို ချက်ချင်းပြန်လာရင် လာ၊ မလာရင် ကိုယ့်ကိုယ်ကိုသတ်သေ” ဟုလည်း ရှင်းပြသည်။တရုတ်အစိုးရ ၏ သူလျှိုလုပ်မှုနှင့် ခိုးယူမှုများသည် အမေရိကန်ပြည်ထောင်စု၏ အနာဂတ် အတွက် အကြီးဆုံး အန္တရာယ်များဖြစ်နေကြောင်း အမေရိကန် ပြည်ထောင်စုထောက်လှမ်းရေးဗျူရို(အက်ဖ်ဘီအိုင်) ညွှန်ကြားရေးမှူး ကပြောသည်။

ဝါရှင်တန်ရှိ ဟူစတန်အင်စတီကျူ့တွင် မိန့်ခွန်းပြောရာတွင် တရုတ်နိုင်ငံ၏ အဘက်ဘက်မှ နှောင့်ယှက်သည့် စည်းရုံးလှုံ့ဆော်မှုတစ်ခုကို ခရစ္စတိုဖာဝရေးကပြောသည်။နိုင်ငံခြားတွင်နေထိုင်သည့်တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံကပစ်မှတ်ထားနေပြီး သူတို့ကို နေရပ်ပြန် လာရန် ဖိအားပေးနေသည့် အပြင် အမေရိကန်၏ ကိုရိုနာဗိုင်းရပ်စ်သုတေသနလုပ်ငန်းများနှင့် အပေးအယူလုပ်ရန် လုပ် နေကြောင်းလည်း ပြောသည်။

Credit The Lifestyle Myanmar

Source: BBC

Add a Comment

Your email address will not be published. Required fields are marked *