ေက်ာက္တန္းသုသာန္ကိစၥ ေဖ့စ္ဘြတ္ခ္၌ ေဝဖန္ေရးသားသူကို ဆက္သြယ္ေရးဥပေဒျဖင့္ အမႈဖြင့္ၿပီး (CID)တြင္စစ္ေဆးေန

ေဖ့စ္ဘြတ္ခ္တြင္ ေဝဖန္ေရးသားမႈႏွင့္ပတ္သက္၍ ကို ခ်စ္ဦး ေမာင္ကို ေက်ာက္တန္း ၿမိဳ႕မရဲစခန္းက ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ) ျဖင့္ အမႈဖြင့္ ထားသည္။ ဒါကလည္း ကြၽန္ေတာ္ ေတြ႕ျမင္တဲ့အ တိုင္း ေျပာဆိုခဲ့ တာပါ။ ကြၽန္ေတာ္စခန္းမွာ ခံဝန္ ကတိနဲ႔ အာမခံရထားပါ တယ္။ ဒီအမႈကို စီအိုင္ဒီကို ပို႔ထားၿပီး စစ္ေဆးေနတယ္လို႔ ရဲတပ္ ဖြဲ႕က ေျပာပါတယ္။

စီအိုင္ဒီကေန စစ္ ခ်က္ျပန္က်လာလို႔ စြပ္စြဲရန္မသင့္ ဆိုရင္ေတာ့ သူ႔ဆီက နစ္နာေၾကး ျပန္ေတာင္းမယ္’’ဟု အမႈဖြင့္ခံရ သူကိုခ်စ္ဦးေမာင္ က ေျပာသည္။ေက်ာက္တန္းၿမိဳ႕နယ္ရွိ သုသာန္တည္ေဆာက္မႈႏွင့္ပတ္ သက္၍ လူမႈကြန္ရက္တြင္ ေဝဖန္ ေရးသားသူကို ဆက္သြယ္ေရး ဥပ ေဒပုဒ္မျဖင့္ အမႈဖြင့္ထားေၾကာင္း တရားလိုျဖစ္သူ ၿမိဳ႕နယ္စည္ပင္ သာယာေကာ္မတီဥကၠ႒ ဦးမ်ိဳး ေက်ာ္က ေျပာသည္။

ဇူလိုင္ ၇ ရက္က ဦးမ်ိဳး ေက်ာ္၏ ေဖ့စ္ဘြတ္ခ္အေကာင့္ ႏွင့္ သူငယ္ခ်င္းျဖစ္သူ ခ်စ္ဦး ေမာင္မွ Melodica Dica အ ေကာင့္ျဖင့္ ေက်ာက္ တန္းၿမိဳ႕နယ္ တြင္ တည္ေဆာက္ေနသည့္ ေမွာ္ ဝန္းသုသာန္ႏွင့္ပတ္သက္၍လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕ နယ္အေထြေထြ အုပ္ခ်ဳပ္ ေရးဦးစီး ဌာနတို႔မွ ပူးေပါင္းပါဝင္မႈအား နည္းေၾကာင္း ေျပာဆိုေရးသား ထားသည္ဟု ဦးမ်ိဳးေက်ာ္ကေျပာ သည္။

ထို႔အျပင္ ၿမိဳ႕နယ္စည္ပင္ သာယာေရးေကာ္မတီမွ လစာယူ ၿပီး အိမ္ျပန္အိပ္ကာ ေပးတာယူ ေကြၽးတာစားၿပီး ၿမိဳ႕နယ္တိုးတက္ ေရးကိစၥ မ်ားကိုလည္း ဘုဂလန႔္ ဝင္ေျပာေၾကာင္း စသည္ျဖင့္ ေဝ ဖန္ေျပာဆိုေရးသားသျဖင့္ ဦးမ်ိဳး ေက်ာ္က ဇူလိုင္ ၈ ရက္က ေက်ာက္တန္းၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ တိုင္ၾကားခဲ့ျခင္းျဖစ္ သည္။‘

‘ဒီလိုေျပာဆိုေနတဲ့အေပၚ မွာ ကြၽန္ေတာ္ရဲ႕ ဂုဏ္သိကၡာက် ဆင္းေစတဲ့အတြက္ အမႈဖြင့္တိုင္ ၾကားခဲ့တာပါ။ သူနဲ႔က အျပင္မွာ ေရာ လူမႈ ကြန္ရက္မွာပါ ခင္မင္ ရင္းႏွီးပါတယ္’’ဟု ဦးမ်ိဳးေက်ာ္က ဆိုသည္။

REF: 7DAY DAILY

UNICODE

ကျောက်တန်းသုသာန်ကိစ္စ ဖေ့စ်ဘွတ်ခ်၌ ဝေဖန်ရေးသားသူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ပြီး (CID)တွင်စစ်ဆေးနေ

ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်ရေးသားမှုနှင့်ပတ်သက်၍ ကို ချစ်ဦး မောင်ကို ကျောက်တန်း မြို့မရဲစခန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် ထားသည်။ ဒါကလည်း ကျွန်တော် တွေ့မြင်တဲ့အ တိုင်း ပြောဆိုခဲ့ တာပါ။ ကျွန်တော်စခန်းမှာ ခံဝန် ကတိနဲ့ အာမခံရထားပါ တယ်။ ဒီအမှုကို စီအိုင်ဒီကို ပို့ထားပြီး စစ်ဆေးနေတယ်လို့ ရဲတပ် ဖွဲ့က ပြောပါတယ်။

စီအိုင်ဒီကနေ စစ် ချက်ပြန်ကျလာလို့ စွပ်စွဲရန်မသင့် ဆိုရင်တော့ သူ့ဆီက နစ်နာကြေး ပြန်တောင်းမယ်’’ဟု အမှုဖွင့်ခံရ သူကိုချစ်ဦးမောင် က ပြောသည်။ကျောက်တန်းမြို့နယ်ရှိ သုသာန်တည်ဆောက်မှုနှင့်ပတ် သက်၍ လူမှုကွန်ရက်တွင် ဝေဖန် ရေးသားသူကို ဆက်သွယ်ရေး ဥပ ဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း တရားလိုဖြစ်သူ မြို့နယ်စည်ပင် သာယာကော်မတီဥက္ကဋ္ဌ ဦးမျိုး ကျော်က ပြောသည်။

ဇူလိုင် ၇ ရက်က ဦးမျိုး ကျော်၏ ဖေ့စ်ဘွတ်ခ်အကောင့် နှင့် သူငယ်ချင်းဖြစ်သူ ချစ်ဦး မောင်မှ Melodica Dica အ ကောင့်ဖြင့် ကျောက် တန်းမြို့နယ် တွင် တည်ဆောက်နေသည့် မှော် ဝန်းသုသာန်နှင့်ပတ်သက်၍လွှတ် တော်ကိုယ်စားလှယ်များ၊ မြို့ နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီး ဌာနတို့မှ ပူးပေါင်းပါဝင်မှုအား နည်းကြောင်း ပြောဆိုရေးသား ထားသည်ဟု ဦးမျိုးကျော်ကပြော သည်။

ထို့အပြင် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ လစာယူ ပြီး အိမ်ပြန်အိပ်ကာ ပေးတာယူ ကျွေးတာစားပြီး မြို့နယ်တိုးတက် ရေးကိစ္စ များကိုလည်း ဘုဂလန့် ဝင်ပြောကြောင်း စသည်ဖြင့် ဝေ ဖန်ပြောဆိုရေးသားသဖြင့် ဦးမျိုး ကျော်က ဇူလိုင် ၈ ရက်က ကျောက်တန်းမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ် သည်။‘

‘ဒီလိုပြောဆိုနေတဲ့အပေါ် မှာ ကျွန်တော်ရဲ့ ဂုဏ်သိက္ခာကျ ဆင်းစေတဲ့အတွက် အမှုဖွင့်တိုင် ကြားခဲ့တာပါ။ သူနဲ့က အပြင်မှာ ရော လူမှု ကွန်ရက်မှာပါ ခင်မင် ရင်းနှီးပါတယ်’’ဟု ဦးမျိုးကျော်က ဆိုသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *