ေခါင္းေဆာင္ကင္ဂ်ဳံအန္ မက်န္းမာ ဘူး ဆို တာ ေကာလဟာလလား အမွန္ပဲလား၊ ေျမာက္ကိုရီးယား ကို ညီမကင္ယိုေဂ်ာင္ ဦးေဆာင္

သတင္းမီဒီယာေတြက ေျမာက္ကိုရီးယား မွာ ကင္ယိုေဂ်ာင္ဟာ နံပတ္(၂) ေခါင္းေဆာင္ ျဖစ္လာခဲ့ၿပီလို႔ ေကာက္ခ်က္ခ်ခဲ့တာပါ။ ဒီမတိုင္ ခင္က သူမဟာ ေတာင္ကိုရီးယားကို စစ္ေရးအရ အေရးယူမယ္လို႔လည္း ရဲရဲေတာက္ ေျပာခဲ့ပါေသးတယ္။ ” ေခါင္းေဆာင္ႀကီး ကင္ နဲ႔ ႀကီး ျမတ္ေသာ ပါတီက ကြၽန္မကို ယုံၾကည္စြာ အပ္ႏွံလိုက္တဲ့ လုပ္ပိုင္ခြင့္နဲ႔ အာဏာကို အသုံးခ်ၿပီး … ေတာင္ကိုရီးယားကို စစ္ေရးအရ အေရး ယူမွာပါ “လို႔ ေျပာခဲ့တာပါ။ကင္ယိုေဂ်ာင္ဟာ အခုအခါမွာလည္း အေမရိကန္နဲ႔ မၿပီးျပတ္ေသးတဲ့ ေဆြးေႏြးပြဲ ကို ေနာက္တစ္ႀကိမ္ ျဖစ္လာ ဖို႔ မရွိဘူးလို႔ ေျပာလိုက္ပါတယ္။

တကယ္က ဒီလို အေရးႀကီးတဲ့စကားမ်ိဳးကို ေျပာခြင့္ရဖို႔ ေျမာက္ကိုရီးယားမွာ ေတာ္႐ုံအာဏာရထားသူ တစ္ေယာက္အဖို႔ မျဖစ္ႏိုင္ပါဘူး။ သူမက ” ေျမာက္ကိုရီးယား အေနနဲ႔ အေမရိကန္ကို ဘယ္တုန္းကမွ မၿခိမ္းေျခာက္ခဲ့ဖူးပါဘူး “လို႔လည္း ေျပာခဲ့ပါေသးတယ္။ အဲဒီေဆြးေႏြး ပြဲဟာ အေမရိကန္ရဲ႕ အက်ိဳးအျမတ္ အတြက္သာ ျဖစ္ေနလို႔ တစ္ဖက္ေစာင္းနင္းျဖစ္ေနတယ္လို႔ သူမက ေျပာခဲ့တာပါ။ သူမက ”အေမရိ ကန္က ေဆြးေႏြးပြဲလုပ္ဖို႔ စိတ္ဝင္စားေနေပမယ့္ … ဒီေဆြးေႏြးပြဲဟာ အခုႏွစ္မွ ဖစ္လာဖို႔ အလားအလာ မျမင္ဘူး ဒါကေတာ့ ကြၽန္မ အျမင္ သက္သက္ ေပါ့ေနာ္ … “လို႔ ေျပာခဲ့ပါတယ္။

ဒီအေၾကာင္းကို ေျမာက္ကိုရီးယား အစိုးရသတင္းစာေတြက ေဖာ္ျပခဲ့တာပါ။သူမက ေျမာက္ကိုရီးယားတို႔အေနနဲ႔ နယူကလီးယားဖ်က္ သိမ္း ဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ေၾကာင္း သူမက ခိုင္မာစြာေျပာ ခဲ့ၿပီး၊ အေမရိကန္ကလည္း ေဆြးေႏြးပြဲေတြကေနတစ္ဆင့္ ေျမာက္ကိုရီး ယားဘက္က နယူကလီးယားဖ်က္သိမ္းေရးကိုသာ ဦးတည္ေနတဲ့အတြက္ ေပါင္းစပ္လို႔မရတဲ့ အေနအထား လို႔ ေျပာပါတယ္။ အေမရိကန္ က သူတို႔ကို အင္အားခ်ိ နဲ႔ေအာင္ လုပ္ဖို႔ျပင္ဆင္ေနဟန္ရွိတယ္လို႔ ေျမာက္က ယုံၾကည္ေနပါတယ္။ ကင္ ဂ်ဳံအန္ ေသၿပီ၊ ေနမေကာင္းဘူး အစရွိတဲ့ သတင္းေတြဟာ ယခုႏွစ္ သတင္း ကြန္ရက္ထက္မွာ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ေရပန္းစားခဲ့ပါတယ္။

ဒါေပမယ့္ မၾကာေသးမီကပဲ ကင္ဂ်ဳံအန္ဟာ အဖိုး ကင္အီေဆာင္ ကြယ္လြန္ျခင္း (၂၆)ႏွစ္ျပည့္အထိမ္းအမွတ္ကို အနက္ေရာင္ဝတ္စုံ နဲ႔ တက္ေရာက္ ဂါရဝျပဳခဲ့ ပါေသးတယ္။ အဲဒီအခမ္းအနားကေတာ့ ဇူလိုင္(၈)ရက္မွာ က်င္းပခဲ့တာပါ။သို႔ေသာ္လည္း ကင္ဂ်ဳံအန္ရဲ႕ က်န္းမာ ေရးနဲ႔ပတ္သက္တဲ့ ေကာလာဟလေတြဟာ ထြက္ေနၿမဲ ျဖစ္ပါတယ္။ အထူး သျဖင့္ ညီမျဖစ္သူ ကင္ယိုေဂ်ာင္ဟာ မၾကာေသးခင္ လပိုင္းက တည္းက စစ္တပ္ကို အမိန႔္ေပးခိုင္းေစႏိုင္တဲ့အထိ အာဏာျပင္းထန္လာခဲ့ၿပီး၊ ေတာင္-ေျမာက္ကိုရီးယားနယ္စပ္က ႏွစ္ႏိုင္ငံ ဆက္ဆံေရး ႐ုံးကို ေဖာက္ခြဲၿဖိဳခ်မႈမွာ အခရာ ျဖစ္ခဲ့ ပါတယ္။

Credit : Celecrazynews

Ref : Politico

UNICODE

ခေါင်းဆောင်ကင်ဂျုံအန် မကျန်းမာ ဘူး ဆို တာ ကောလဟာလလား အမှန်ပဲလား၊ မြောက်ကိုရီးယား ကို ညီမကင်ယိုဂျောင် ဦးဆောင်

သတင်းမီဒီယာတွေက မြောက်ကိုရီးယား မှာ ကင်ယိုဂျောင်ဟာ နံပတ်(၂) ခေါင်းဆောင် ဖြစ်လာခဲ့ပြီလို့ ကောက်ချက်ချခဲ့တာပါ။ ဒီမတိုင် ခင်က သူမဟာ တောင်ကိုရီးယားကို စစ်ရေးအရ အရေးယူမယ်လို့လည်း ရဲရဲတောက် ပြောခဲ့ပါသေးတယ်။ ” ခေါင်းဆောင်ကြီး ကင် နဲ့ ကြီး မြတ်သော ပါတီက ကျွန်မကို ယုံကြည်စွာ အပ်နှံလိုက်တဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာကို အသုံးချပြီး … တောင်ကိုရီးယားကို စစ်ရေးအရ အရေး ယူမှာပါ “လို့ ပြောခဲ့တာပါ။ကင်ယိုဂျောင်ဟာ အခုအခါမှာလည်း အမေရိကန်နဲ့ မပြီးပြတ်သေးတဲ့ ဆွေးနွေးပွဲ ကို နောက်တစ်ကြိမ် ဖြစ်လာ ဖို့ မရှိဘူးလို့ ပြောလိုက်ပါတယ်။

တကယ်က ဒီလို အရေးကြီးတဲ့စကားမျိုးကို ပြောခွင့်ရဖို့ မြောက်ကိုရီးယားမှာ တော်ရုံအာဏာရထားသူ တစ်ယောက်အဖို့ မဖြစ်နိုင်ပါဘူး။ သူမက ” မြောက်ကိုရီးယား အနေနဲ့ အမေရိကန်ကို ဘယ်တုန်းကမှ မခြိမ်းခြောက်ခဲ့ဖူးပါဘူး “လို့လည်း ပြောခဲ့ပါသေးတယ်။ အဲဒီဆွေးနွေး ပွဲဟာ အမေရိကန်ရဲ့ အကျိုးအမြတ် အတွက်သာ ဖြစ်နေလို့ တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့ သူမက ပြောခဲ့တာပါ။ သူမက ”အမေရိ ကန်က ဆွေးနွေးပွဲလုပ်ဖို့ စိတ်ဝင်စားနေပေမယ့် … ဒီဆွေးနွေးပွဲဟာ အခုနှစ်မှ ဖစ်လာဖို့ အလားအလာ မမြင်ဘူး ဒါကတော့ ကျွန်မ အမြင် သက်သက် ပေါ့နော် … “လို့ ပြောခဲ့ပါတယ်။

ဒီအကြောင်းကို မြောက်ကိုရီးယား အစိုးရသတင်းစာတွေက ဖော်ပြခဲ့တာပါ။သူမက မြောက်ကိုရီးယားတို့အနေနဲ့ နယူကလီးယားဖျက် သိမ်း ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သူမက ခိုင်မာစွာပြော ခဲ့ပြီး၊ အမေရိကန်ကလည်း ဆွေးနွေးပွဲတွေကနေတစ်ဆင့် မြောက်ကိုရီး ယားဘက်က နယူကလီးယားဖျက်သိမ်းရေးကိုသာ ဦးတည်နေတဲ့အတွက် ပေါင်းစပ်လို့မရတဲ့ အနေအထား လို့ ပြောပါတယ်။ အမေရိကန် က သူတို့ကို အင်အားချိ နဲ့အောင် လုပ်ဖို့ပြင်ဆင်နေဟန်ရှိတယ်လို့ မြောက်က ယုံကြည်နေပါတယ်။ ကင် ဂျုံအန် သေပြီ၊ နေမကောင်းဘူး အစရှိတဲ့ သတင်းတွေဟာ ယခုနှစ် သတင်း ကွန်ရက်ထက်မှာ အချိန်တော်တော်ကြာအောင် ရေပန်းစားခဲ့ပါတယ်။

ဒါပေမယ့် မကြာသေးမီကပဲ ကင်ဂျုံအန်ဟာ အဖိုး ကင်အီဆောင် ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့်အထိမ်းအမှတ်ကို အနက်ရောင်ဝတ်စုံ နဲ့ တက်ရောက် ဂါရဝပြုခဲ့ ပါသေးတယ်။ အဲဒီအခမ်းအနားကတော့ ဇူလိုင်(၈)ရက်မှာ ကျင်းပခဲ့တာပါ။သို့သော်လည်း ကင်ဂျုံအန်ရဲ့ ကျန်းမာ ရေးနဲ့ပတ်သက်တဲ့ ကောလာဟလတွေဟာ ထွက်နေမြဲ ဖြစ်ပါတယ်။ အထူး သဖြင့် ညီမဖြစ်သူ ကင်ယိုဂျောင်ဟာ မကြာသေးခင် လပိုင်းက တည်းက စစ်တပ်ကို အမိန့်ပေးခိုင်းစေနိုင်တဲ့အထိ အာဏာပြင်းထန်လာခဲ့ပြီး၊ တောင်-မြောက်ကိုရီးယားနယ်စပ်က နှစ်နိုင်ငံ ဆက်ဆံရေး ရုံးကို ဖောက်ခွဲဖြိုချမှုမှာ အခရာ ဖြစ်ခဲ့ ပါတယ်။

Credit :  Celecrazynews

Ref :  Politico

Add a Comment

Your email address will not be published. Required fields are marked *