ေပၚထြက္လာမည့္ COVID 19 ကာကြယ္ေဆးကို ေဈးပိုေပးႏိုင္ သူထက္ တကယ္ လိုအပ္သူမ်ား ရရွိေရး ေဆာင္႐ြက္ေပးရန္ ဘီလ္ဂိတ္ တိုက္တြန္း

(COVID 19) ေဆးဝါးအ တြက္ ကာကြယ္ ေဆး စီမံကိန္း ရာေပါင္း မ်ားစြာႏွင့္ ဥေရာပႏွင့္ အေမရိကန္တို႔မွ အစိုးရမ်ားက ယင္းေရာ ဂါအ တြက္ သုေတသနမ်ား၊ စမ္းသပ္ကုသမႈမ်ားႏွင့္ ေဆးဝါးထုတ္လုပ္ႏိုင္ေရးတို႔တြင္ ေဒၚလာ ဘီလီယံေပါင္းမ်ား စြာ ရ င္းႏွီးျမဳပ္ႏွံလ်က္ ရွိ သည္။ထိုသို႔ ရွိေန စဥ္ျခင္းႏွင့္အတူ ခ်မ္းသာေသာ ႏိုင္ငံမ်ား ကပဲ ကို႐ိုနာ ဗိုင္းရပ္စ္ အတြက္ အလားအလာ ရွိေသာ ေဆးဝါး မ်ား ထုတ္လုပ္ အသုံးျပဳႏိုင္ၿပီး ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံမ်ား သည္ လက္ခ်ည္း ဗလာျဖင့္ က်န္ရစ္မည္ကို စိုးရိမ္ပူပန္မႈမ်ားလည္း ရွိေနသည္။

ေဆး ဝါး ထုတ္ လုပ္ႏိုင္ ေရး အျပင္းအထန္ ယွဥ္ၿပိဳင္ ေနၾကျခင္းသည္ အသက္အိုးအိမ္မ်ားကို ကယ္တင္ရန္ႏွင့္ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ ရ ေသာ စီးပြားေရး ဖ႐ိုဖရဲျဖစ္မႈတို႔ကို ေျဖရွင္းႏိုင္ေရး၏ အဓိကအျဖစ္ ရႈျမင္လုပ္ေဆာင္ၾကရန္ ဥေရာပေကာ္ မရွင္ႏွင့္ ကမာၻ႔ က်န္းမာေရး အဖြဲ႕ႀကီးတို႔က သတိေပး ထား သည္။တစ္ခ်ိန္တည္းမွာပင္ အေမရိကန္မွ တာဝန္ရွိသူအခ်ိဳ႕က အေမရိကန္ႏိုင္ငံသားမ်ားကို ဦးစားေပး ႏိုင္ေရးအတြက္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ရည္ ၫႊန္းေျပာဆိုထားၾကသည္။

(COVID 19) ေဆးဝါးႏွင့္ ေနာက္ ဆုံး ကာကြယ္ ေဆး တို႔ ေပၚလာသည့္ အခါ ပိုၿပီး လိုအပ္ လ်က္ ရွိသည့္ ႏိုင္ငံ မ်ားႏွင့္ ျပည္သူ မ်ား ရရွိ ႏိုင္ေရး အတြက္ ဘီလ်ံနာ သူေဌး ပရဟိတ အလႉရွင္ ဘီလ္ဂိတ္ က တိုက္တြန္း လိုက္သည္။ ေဈးကြက္ အင္အားစုမ်ားေၾကာင့္ လူအေသ အဆုံး မ်ားေသာ ကပ္ေဘးသည္ ေရရွည္ၾကာျမင့္လိမ့္မည္ဆိုျခင္းအေပၚ မွီတည္ကာ ဘီလ္ဂိတ္ က ေျပာဆိုျခင္း ပဲ ျဖစ္ သည္။ တကယ္ လို႔ ေဆးဝါး ကို ပိုၿပီး လိုအပ္ ေနတဲ့ ေနရာ ေတြနဲ႔ လူေတြ အစား ေဈး ပိုေပး ဝယ္ႏိုင္ သူေတြပဲ ေဆး ဝါး ရ ရွိႏိုင္ ေစမယ္ ဆို ရင္။

ဒီ ကပ္ေဘး ကို ကြၽန္ေတာ္ တို႔ ပိုၿပီး ၾကာရွည္ စြာ ခံစားေနရ လိမ့္မယ္ ။ ပိုၿပီး မမွ်မ တ ျဖစ္ မွာ ျဖစ္သ လို ကပ္ေဘး မွာ အ ေသ အဆုံး လည္း ပိုမ်ားလိမ့္မွာ ျဖစ္တယ္။”ဟု မိုက္ခ႐ိုေဆာ့ဖ္ တည္ေထာင္သူ ဘီလ္ဂိတ္ က ေျပာသည္။ ေဈးကြက္ ကို ႀကီးစိုးထားႏိုင္တာအေပၚမွာ အေျခမတည္ဘဲ စာနာေထာက္ထားမႈအေပၚမွာ မူတည္ၿပီး ေဆးဝါးျဖန႔္ျဖဴး ေပးမယ့္ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ေပးမယ့္ ေခါင္း ေဆာင္ေတြကို ကြၽန္ေတာ္တို႔ လိုအပ္ပါတယ္ ။”ဟု International AIDS Society က စေနေန႔၌ ႀကီးမႉးက်င္းပသည့္ COVID-19 ညီလာခံမွ ဗီဒီယိုထုတ္လႊင့္မႈ၌ ၎ က ေျပာျခင္း ျဖစ္ သည္။

crd:mizzima news

UNICODE

ပေါ်ထွက်လာမည့် COVID 19 ကာကွယ်ဆေးကို ဈေးပိုပေးနိုင် သူထက် တကယ် လိုအပ်သူများ ရရှိရေး ဆောင်ရွက်ပေးရန် ဘီလ်ဂိတ် တိုက်တွန်း

(COVID 19) ဆေးဝါးအ တွက် ကာကွယ် ဆေး စီမံကိန်း ရာပေါင်း များစွာနှင့် ဥရောပနှင့် အမေရိကန်တို့မှ အစိုးရများက ယင်းရော ဂါအ တွက် သုတေသနများ၊ စမ်းသပ်ကုသမှုများနှင့် ဆေးဝါးထုတ်လုပ်နိုင်ရေးတို့တွင် ဒေါ်လာ ဘီလီယံပေါင်းများ စွာ ရ င်းနှီးမြုပ်နှံလျက် ရှိ သည်။ထိုသို့ ရှိနေ စဉ်ခြင်းနှင့်အတူ ချမ်းသာသော နိုင်ငံများ ကပဲ ကိုရိုနာ ဗိုင်းရပ်စ် အတွက် အလားအလာ ရှိသော ဆေးဝါး များ ထုတ်လုပ် အသုံးပြုနိုင်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ သည် လက်ချည်း ဗလာဖြင့် ကျန်ရစ်မည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

ဆေး ဝါး ထုတ် လုပ်နိုင် ရေး အပြင်းအထန် ယှဉ်ပြိုင် နေကြခြင်းသည် အသက်အိုးအိမ်များကို ကယ်တင်ရန်နှင့် ဗိုင်းရပ်စ်ကြောင့် ဖြစ် ရ သော စီးပွားရေး ဖရိုဖရဲဖြစ်မှုတို့ကို ဖြေရှင်းနိုင်ရေး၏ အဓိကအဖြစ် ရှုမြင်လုပ်ဆောင်ကြရန် ဥရောပကော် မရှင်နှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးတို့က သတိပေး ထား သည်။တစ်ချိန်တည်းမှာပင် အမေရိကန်မှ တာဝန်ရှိသူအချို့က အမေရိကန်နိုင်ငံသားများကို ဦးစားပေး နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရည် ညွှန်းပြောဆိုထားကြသည်။

(COVID 19) ဆေးဝါးနှင့် နောက် ဆုံး ကာကွယ် ဆေး တို့ ပေါ်လာသည့် အခါ ပိုပြီး လိုအပ် လျက် ရှိသည့် နိုင်ငံ များနှင့် ပြည်သူ များ ရရှိ နိုင်ရေး အတွက် ဘီလျံနာ သူဌေး ပရဟိတ အလှူရှင် ဘီလ်ဂိတ် က တိုက်တွန်း လိုက်သည်။ ဈေးကွက် အင်အားစုများကြောင့် လူအသေ အဆုံး များသော ကပ်ဘေးသည် ရေရှည်ကြာမြင့်လိမ့်မည်ဆိုခြင်းအပေါ် မှီတည်ကာ ဘီလ်ဂိတ် က ပြောဆိုခြင်း ပဲ ဖြစ် သည်။ တကယ် လို့ ဆေးဝါး ကို ပိုပြီး လိုအပ် နေတဲ့ နေရာ တွေနဲ့ လူတွေ အစား ဈေး ပိုပေး ဝယ်နိုင် သူတွေပဲ ဆေး ဝါး ရ ရှိနိုင် စေမယ် ဆို ရင်။

ဒီ ကပ်ဘေး ကို ကျွန်တော် တို့ ပိုပြီး ကြာရှည် စွာ ခံစားနေရ လိမ့်မယ် ။ ပိုပြီး မမျှမ တ ဖြစ် မှာ ဖြစ်သ လို ကပ်ဘေး မှာ အ သေ အဆုံး လည်း ပိုများလိမ့်မှာ ဖြစ်တယ်။”ဟု မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် က ပြောသည်။ ဈေးကွက် ကို ကြီးစိုးထားနိုင်တာအပေါ်မှာ အခြေမတည်ဘဲ စာနာထောက်ထားမှုအပေါ်မှာ မူတည်ပြီး ဆေးဝါးဖြန့်ဖြူး ပေးမယ့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးမယ့် ခေါင်း ဆောင်တွေကို ကျွန်တော်တို့ လိုအပ်ပါတယ် ။”ဟု International AIDS Society က စနေနေ့၌ ကြီးမှူးကျင်းပသည့် COVID-19 ညီလာခံမှ ဗီဒီယိုထုတ်လွှင့်မှု၌ ၎င်း က ပြောခြင်း ဖြစ် သည်။

crd:mizzima news

Add a Comment

Your email address will not be published. Required fields are marked *