ေသေၾကာင္းႀကံစည္မႈမ်ား ျဖစ္ပြားလာ၍ ဇြဲကပင္ေတာင္သို႔ (၁)ဦး တည္းတက္ခြင့္ တားျမစ္

ၿပီးခဲ့တဲ့ ဇြန္လေနာက္ဆုံးပတ္အတြင္းက တကၠသိုလ္ေက်ာင္းသူတစ္ဦး ဇြဲကပင္ေတာင္မွာ ခုန္ခ် ေသဆုံးခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္က တကၠသိုလ္ ေက်ာင္းသားတစ္ဦး ထပ္မံ ခုန္ခ်ေသဆုံးခဲ့ပါတယ္။ အလားတူျဖစ္စဥ္မ်ိဳး ၿပီးခဲ့တဲ့ဲ၂၀၁၆ ခုႏွစ္ကလည္း ဇြဲကပင္ေတာင္ထိပ္ေပၚမွာ ျပင္ သစ္ႏိုင္ငံသားတစ္ဦး ခုန္ခ်ေသဆုံးသြားတဲ့ ျဖစ္စဥ္လည္း ရွိခဲ့ပါတယ္။

ဇြဲကပင္ေတာင္ဟာ ကရင္ျပည္နယ္ရဲ႕အထင္ကရ ေနရာတစ္ခုျဖစ္ၿပီး ကိုဗစ္ကာလအတြင္း လက္ရွိ မိုးရာသီမွာပင္ လာေရာက္လည္ပတ္ ၾကသူေတြရွိေနၾကတာပါ။ဇြဲက ပင္ေတာင္မွာ တကၠသိုလ္ ေက်ာင္းသားႏွစ္ဦး ေတာင္ေပၚက ခုန္ခ် ေသဆုံးခဲ့ၿပီးတဲ့ေနာက္ ဒီလိုျဖစ္ရပ္မ်ိဳး ထပ္မျဖစ္ ေအာင္ ျပည္နယ္အစိုးရက စီမံေနပါၿပီ။

ေတာင္ေပၚကိုတက္မယ့္သူေတြကို စာရင္းေကာက္တာ ၊ တစ္ေယာက္တည္းေပးမတက္တာ ေတြကိုလုပ္ေဆာင္မယ္လို႔ ကရင္ျပည္နယ္ လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝေမာင္က ေျပာပါတယ္။ဒါအျပင္ ဇြဲကပင္ေတာင္ဆရာေတာ္ေတြ ၊ ေဂါပက အဖြဲ႕ေတြ ၊ ေဒသခံ႐ြာသားေတြ နဲ႔တိုင္ပင္ေဆြးေနပါတယ္။

ဇြဲကပင္ေတာင္ကို တက္ရာမွာ လိုက္နာရမယ့္စည္းမ်ည္းစည္းကမ္းေတြကို ခ်မွတ္သြားဖို႔ ရွိတယ္လို႔ ဝန္ႀကီးက ဆိုပါတယ္။ဒါ့အျပင္ ဇြဲကပင္ ေတာင္ေပၚက ခုန္ခ်မႈေတြ အျဖစ္မ်ားတတ္တဲ့ေနရာေတြကို ေစတနာ့ဝန္ထမ္းအဖြဲ႕ေတြထားရွိသြားမယ္လို႔ လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝ ေမာင္က ဆိုပါေသးတယ္။

REF: 7 Day Tv

UNICODE

သေကြောင်းကြံစည်မှုများ ဖြစ်ပွားလာ၍ ဇွဲကပင်တောင်သို့ (၁)ဦး တည်းတက်ခွင့် တားမြစ်

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်အတွင်းက တက္ကသိုလ်ကျောင်းသူတစ်ဦး ဇွဲကပင်တောင်မှာ ခုန်ချ သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က တက္ကသိုလ် ကျောင်းသားတစ်ဦး ထပ်မံ ခုန်ချသေဆုံးခဲ့ပါတယ်။ အလားတူဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ဲ၂၀၁၆ ခုနှစ်ကလည်း ဇွဲကပင်တောင်ထိပ်ပေါ်မှာ ပြင် သစ်နိုင်ငံသားတစ်ဦး ခုန်ချသေဆုံးသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ဇွဲကပင်တောင်ဟာ ကရင်ပြည်နယ်ရဲ့အထင်ကရ နေရာတစ်ခုဖြစ်ပြီး ကိုဗစ်ကာလအတွင်း လက်ရှိ မိုးရာသီမှာပင် လာရောက်လည်ပတ် ကြသူတွေရှိနေကြတာပါ။ဇွဲက ပင်တောင်မှာ တက္ကသိုလ် ကျောင်းသားနှစ်ဦး တောင်ပေါ်က ခုန်ချ သေဆုံးခဲ့ပြီးတဲ့နောက် ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ် အောင် ပြည်နယ်အစိုးရက စီမံနေပါပြီ။

တောင်ပေါ်ကိုတက်မယ့်သူတွေကို စာရင်းကောက်တာ ၊ တစ်ယောက်တည်းပေးမတက်တာ တွေကိုလုပ်ဆောင်မယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်။ဒါအပြင် ဇွဲကပင်တောင်ဆရာတော်တွေ ၊ ဂေါပက အဖွဲ့တွေ ၊ ဒေသခံရွာသားတွေ နဲ့တိုင်ပင်ဆွေးနေပါတယ်။

ဇွဲကပင်တောင်ကို တက်ရာမှာ လိုက်နာရမယ့်စည်းမျည်းစည်းကမ်းတွေကို ချမှတ်သွားဖို့ ရှိတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ဒါ့အပြင် ဇွဲကပင် တောင်ပေါ်က ခုန်ချမှုတွေ အဖြစ်များတတ်တဲ့နေရာတွေကို စေတနာ့ဝန်ထမ်းအဖွဲ့တွေထားရှိသွားမယ်လို့ လူမှုရေးဝန်ကြီး စောဘိုဘိုဝေ မောင်က ဆိုပါသေးတယ်။

REF:  7 Day Tv

Add a Comment

Your email address will not be published. Required fields are marked *