ျမန္မာႏိုင္ငံရွိCOVID-19 တိုက္ဖ်က္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္ ကန္ေဒၚလာ(၃)သန္း ထပ္မံေပးအပ္မည္ဟု အေမရိကန္သံ႐ုံးထုတ္ျပန္

အခုအေမရိကန္ အကူအညီဟာ က်န္းမာေရးက႑အတြက္ေပးအပ္ခဲ့တဲ့ ေဒၚလာ ၁၇၆ သန္းအပါအဝင္ လြန္ခဲ့တဲ့ ႏွစ္ ၂၀ အတြင္း ျမန္မာ ႏိုင္ငံမွာ ကာလရွည္ၾကာအကူအညီအေနနဲ႔ ေပးအပ္ခဲ့မႈ စုစုေပါင္း ေဒၚလာ ၁.၃ ဘီလ်ံအျပင္ COVID-19 ကပ္ေရာဂါတိုက္ဖ်က္ေရး အ တြက္ ထပ္ၿပီးေပးအပ္ျခင္းျဖစ္ပါတယ္” ဟု ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး သံ႐ုံးယာယီတာဝန္ခံ ေဂ်ာ့ခ်္ဆစ္ဘလီက ေျပာၾကား လိုက္ေၾကာင္း သိရသည္။ေဒၚလာ ၁၆.၅ သန္း စုစုေပါင္းအကူအညီတြင္ ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕၏ ကမာၻလုံးဆိုင္ရာ COVID-19 တုံ႔ျပန္ေရး ႀကိဳးပမ္းအားထုတ္မႈမ်ားတြင္ အေရးႀကီးေသာ က်န္းမာေရးအေျခခံအေဆာက္အအုံ အကူအညီေပးျခင္းမ်ား ပါဝင္သည္။

ထို႔ျပင္ ျပည္သူမ်ားသန႔္ရွင္းေသာ ေရရရွိေရးႏွင့္ တစ္ကိုယ္ေရသန႔္ရွင္းမႈ အေလ့အက်င့္ရွိေစျခင္း၊ သီးသန႔္ခြဲထားသည့္ေနရာမ်ားတြင္ ကူး စက္ပ်ံ႕ပြားမႈကာကြယ္ျခင္း၊ မႈခင္းေဆးပညာလမ္းၫႊန္မ်ားေပးအပ္ျခင္း၊ COVID-19 တုံ႔ျပန္ရာတြင္ ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕၊ Red Crescent Movement တို႔ႏွင့္ မိတ္ဖက္လက္တြဲေဆာင္႐ြက္မႈအတြက္ အဆင္ေျပေခ်ာေမြ႕ေစရန္ ပူးေပါင္းညႇိႏႈိင္းေဆာင္႐ြက္ျခင္း၊ ျမန္မာ ျပည္သူမ်ားအတြက္ ႀကံ့ႀကံ့ခံရပ္တည္ႏိုင္ရန္တည္ေဆာက္ျခင္း ေရရွည္အစီအစဥ္မ်ားကို အကူအညီေပးျခင္းတို႔ ပါဝင္ေၾကာင္း ထုတ္ျပန္ ထားသည္။

ျမန္မာႏိုင္ငံ၌ COVID-19 ျဖစ္ပြားမႈ တိုက္ဖ်က္ေရးအတြက္ အေမရိကန္က ေဒၚလာ(၃)သန္း ထပ္မံေပးအပ္မည္ ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံ ဆိုင္ရာ အေမရိကန္သံ႐ုံးက သတင္းထုတ္ျပန္ထားသည္။အေမရိကန္ျပည္ေထာင္စုသည္ ျမန္မာႏိုင္ငံတြင္ COVID- 19 တိုက္ဖ်က္ေရး အ တြက္ ၂၀၂၀ ေဖေဖာ္ဝါရီလကတည္းက ကူညီေပးအပ္ေနျခင္းျဖစ္ၿပီး ယခုအခါ စုစုေပါင္းေဒၚလာ ၁၆.၅ သန္းထိ ရွိလာၿပီျဖစ္သည္။ အေမရိ ကန္ ႏိုင္ငံတကာ ဖြံ႕ၿဖိဳးေရးေအဂ်င္စီသည္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီျဖင့္ ယခုထပ္ေဆာင္း ရန္ပုံ‌ ေငြမ်ားကို ထိခိုက္ခံစားလြယ္ ျပည္သူမ်ားႏွင့္ ပဋိပကၡေဘးဒဏ္ခံရသူမ်ားအၾကား COVID-19 တိုက္ဖ်က္ေရးအတြက္ ေပးအပ္သြားမည္ျဖစ္ေၾကာင္း ပါရွိသည္။

“အေမရိကန္ျပည္ေထာင္စုဟာ အခုလိုထည့္ဝင္မႈေတြကတစ္ဆင့္ ျမန္မာႏိုင္ငံအတြင္းကျပည္သူေတြအတြက္ အသက္ကယ္ဆယ္ေရး အကူ အညီေတြေပးအပ္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ COVID-19 တုံ႔ျပန္တိုက္ဖ်က္ေရးအတြက္ အေမရိကန္အစိုးရကေပးအပ္လာခဲ့တာ အခု ဆိုရင္ ေဒၚလာ ၁၆.၅ သန္းရွိၿပီျဖစ္ၿပီး ႏိုင္ငံတစ္ဝန္းက်န္းမာေရးက႑အတြက္ ကြၽန္ေတာ္တို႔ရဲ႕ ေရရွည္ပူးေပါင္းေဆာင္႐ြက္မႈကို ထပ္မံ အားျဖည့္တာပါ။ ဒီအကူအညီေတြဟာ ပဋိပကၡေဘးဒဏ္ခံၾကရသူေတြအပါအဝင္ ျမန္မာႏိုင္ငံအတြင္းကျပည္သူေတြဆီကို ေရာက္ရွိမွာျဖစ္ ပါတယ္” ဟု ေဂ်ာ့ခ်္ဆစ္ဘလီ ကေျပာၾကားပါသည္။

REF: စံေတာ္ခ်ိန္

UNICODE

မြန်မာနိုင်ငံရှိCOVID-19 တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကန်ဒေါ်လာ(၃)သန်း ထပ်မံပေးအပ်မည်ဟု အမေရိကန်သံရုံးထုတ်ပြန်

အခုအမေရိကန် အကူအညီဟာ ကျန်းမာရေးကဏ္ဍအတွက်ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း မြန်မာ နိုင်ငံမှာ ကာလရှည်ကြာအကူအညီအနေနဲ့ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ ၁.၃ ဘီလျံအပြင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး အ တွက် ထပ်ပြီးပေးအပ်ခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီက ပြောကြား လိုက်ကြောင်း သိရသည်။ဒေါ်လာ ၁၆.၅ သန်း စုစုပေါင်းအကူအညီတွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ COVID-19 တုံ့ပြန်ရေး ကြိုးပမ်းအားထုတ်မှုများတွင် အရေးကြီးသော ကျန်းမာရေးအခြေခံအဆောက်အအုံ အကူအညီပေးခြင်းများ ပါဝင်သည်။

ထို့ပြင် ပြည်သူများသန့်ရှင်းသော ရေရရှိရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်ရှိစေခြင်း၊ သီးသန့်ခွဲထားသည့်နေရာများတွင် ကူး စက်ပျံ့ပွားမှုကာကွယ်ခြင်း၊ မှုခင်းဆေးပညာလမ်းညွှန်များပေးအပ်ခြင်း၊ COVID-19 တုံ့ပြန်ရာတွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ Red Crescent Movement တို့နှင့် မိတ်ဖက်လက်တွဲဆောင်ရွက်မှုအတွက် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ မြန်မာ ပြည်သူများအတွက် ကြံ့ကြံ့ခံရပ်တည်နိုင်ရန်တည်ဆောက်ခြင်း ရေရှည်အစီအစဉ်များကို အကူအညီပေးခြင်းတို့ ပါဝင်ကြောင်း ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားမှု တိုက်ဖျက်ရေးအတွက် အမေရိကန်က ဒေါ်လာ(၃)သန်း ထပ်မံပေးအပ်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် COVID- 19 တိုက်ဖျက်ရေး အ တွက် ၂၀၂၀ ဖေဖော်ဝါရီလကတည်းက ကူညီပေးအပ်နေခြင်းဖြစ်ပြီး ယခုအခါ စုစုပေါင်းဒေါ်လာ ၁၆.၅ သန်းထိ ရှိလာပြီဖြစ်သည်။ အမေရိ ကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီဖြင့် ယခုထပ်ဆောင်း ရန်ပုံ‌ ငွေများကို ထိခိုက်ခံစားလွယ် ပြည်သူများနှင့် ပဋိပက္ခဘေးဒဏ်ခံရသူများအကြား COVID-19 တိုက်ဖျက်ရေးအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

“အမေရိကန်ပြည်ထောင်စုဟာ အခုလိုထည့်ဝင်မှုတွေကတစ်ဆင့် မြန်မာနိုင်ငံအတွင်းကပြည်သူတွေအတွက် အသက်ကယ်ဆယ်ရေး အကူ အညီတွေပေးအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရကပေးအပ်လာခဲ့တာ အခု ဆိုရင် ဒေါ်လာ ၁၆.၅ သန်းရှိပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းကျန်းမာရေးကဏ္ဍအတွက် ကျွန်တော်တို့ရဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံ အားဖြည့်တာပါ။ ဒီအကူအညီတွေဟာ ပဋိပက္ခဘေးဒဏ်ခံကြရသူတွေအပါအဝင် မြန်မာနိုင်ငံအတွင်းကပြည်သူတွေဆီကို ရောက်ရှိမှာဖြစ် ပါတယ်” ဟု ဂျော့ချ်ဆစ်ဘလီ ကပြောကြားပါသည်။

REF:   စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *