(၁၂-၇-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီCOVID-19 ေရာဂါႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(၁၂-၇-၂၀၂၀)ရက္ေန႔တြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ စစ္ေဆးခဲ့သည့္ ဓာတ္ခြဲနမူနာမ်ားအနက္ လႊတ္ေတာ္အသီးသီး၏ (၁၇) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးသို႔ တက္ေရာက္မည့္ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္ စားလွယ္ (၄၅၂)ဦးႏွင့္ အေထာက္အကူျပဳ အဖြဲ႕ဝင္ (၁၀)ဦး၊ စုစုေပါင္း (၄၆၂)ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 မေတြ႕ရွိပါ။

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာမ်ားတြင္ (၂) ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႕ရွိသူ (၁) ဦး (Case-248) ရွိသျဖင့္ ယေန႔အထိ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၂၆၁) ဦးရွိပါသည္။ ၎တို႔အနက္ (၂၄၈) ဦးအား ေဆး႐ုံမွဆင္း ခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြား အလာဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။ (၁၁-၇-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၁၂-၇-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၃၀) ဦး ရွိပါသည္။ (၁၂-၇-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ ဓာတ္ခြဲနမူနာ (၇၄၇)ခု၊

ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၂၀၉) ခုႏွင့္ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) (PHL, Mandalay) မွ ဓာတ္ခြဲနမူနာ (၁၄၃) ခု၊ စုစုေပါင္း (၁,၀၉၉)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာ သစ္ (၁) ဦးေတြ႕ရွိရပါသည္။

(၁၂-၇-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၃၃၁) ဦး ရွိၿပီျဖစ္ပါသည္။ (၁၂-၂-၂၀၂၀ ရက္ေန႔အတြက္ ဓာတ္ခြဲစစ္ေဆးမႈမ်ား ၿပီးစီးၿပီျဖစ္သည့္အတြက္ ယေန႔အတြက္ ထပ္မံထုတ္ျပန္ရန္ ဓာတ္ခြဲစစ္ေဆးမႈ အေျဖသတင္း မရွိေတာ့ပါ။)

REF: MINISTRY OF HEALTH

UNICODE

(၁၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီCOVID-19 ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၂-၇-၂၀၂၀)ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာများအနက် လွှတ်တော်အသီးသီး၏ (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ တက်ရောက်မည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် (၄၅၂)ဦးနှင့် အထောက်အကူပြု အဖွဲ့ဝင် (၁၀)ဦး၊ စုစုပေါင်း (၄၆၂)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 မတွေ့ရှိပါ။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိသူ (၁) ဦး (Case-248) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၂၆၁) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၄၈) ဦးအား ဆေးရုံမှဆင်း ခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ (၁၁-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၂-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၀) ဦး ရှိပါသည်။ (၁၂-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၇၄၇)ခု၊

ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၉) ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၄၃) ခု၊ စုစုပေါင်း (၁,၀၉၉)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၁) ဦးတွေ့ရှိရပါသည်။

(၁၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၃၁) ဦး ရှိပြီဖြစ်ပါသည်။ (၁၂-၂-၂၀၂၀ ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးပြီဖြစ်သည့်အတွက် ယနေ့အတွက် ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲစစ်ဆေးမှု အဖြေသတင်း မရှိတော့ပါ။)

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *