




REF: MINISTRY OF HEALTH

UNICODE

(၁၂-၇-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီCOVID-19 ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၁-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန် )(NHL) မှ ဓာတ်ခွဲနမူနာ (၁,၀၅၉) ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၀၄) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၇၅) ခု နှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၇၅) ခု၊ စုစုပေါင်း (၁,၈၉၅) ခုအား စစ်ဆေးခဲ့ပါသည်။

(၁၁-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ (ဒုတိယအသုတ်) အဖြစ်ဓာတ်ခွဲနမူနာ (၅၉၂) ခု နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၇၅) ခု၊ စုစုပေါင်းဓာတ်ခွဲနမူနာ (၈၆၇) ခုတို့ကို စစ်ဆေးပြီးစီးခဲ့ရာ –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိပါ။ (၁၂-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID -19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၃၀)ဦး ရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *