(၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီအႏိုင္ရရွိေရး သမၼတေဟာင္းဦးသိန္းစိန္မွ ဝန္းရံကူညီမယ္လို႔ ေဒါက္တာနႏၵာလွျမင့္ေျပာ

ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ လက္ရွိ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို စိစစ္ရာထားေ႐ြးခ်ယ္တာ ၿပီးစီး သြားၿပီျဖစ္ၿပီး အတည္ျပဳဖို႔ က်န္ေနေသးတယ္လို႔လည္း ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ နႏၵာလွျမင့္က ေျပာပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီ ကို ဦးသိန္းစိန္က ဥကၠ႒အျဖစ္ စတင္တာဝန္ယူခဲ့ၿပီး ၂၀၁၀ အေထြေထြေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့ပါတယ္။

ဦးသိန္းစိန္က ႏိုင္ငံေတာ္သမၼတ ျဖစ္လာခဲ့ ပါတယ္။ အဲဒီေနာက္ သူရဦးေ႐ႊမန္းကို ပါတီဥကၠ႒အျဖစ္ တာဝန္ေပးအပ္ခဲ့ေပမယ့္ ၂၀၁၅ ခုႏွစ္မွာ ဥကၠ႒တာဝန္ကေန ဖယ္ရွားခဲ့ပါတယ္။ လက္ရွိတာဝန္ယူထားတဲ့ ဦးသန္းေဌးက အဲဒီအခ်ိန္ကစၿပီး ဥကၠ႒တာဝန္ယူ ေဆာင္႐ြက္ ေနတာ ျဖစ္ပါတယ္။ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ အ ေထြေထြေ႐ြးေကာက္ပြဲမွာ ပါတီေအာင္ႏိုင္ေရးကို သမၼတေဟာင္း ဦးသိန္းစိန္အပါအဝင္။

ပါတီစတင္ တည္ေထာင္ခဲ့တဲ့ ေခါင္းေဆာင္ေဟာင္းေတြက ဝန္းရံကူညီသြားမယ္လို႔ ေဒါက္တာ နႏၵာလွျမင့္က ေျပာပါတယ္။သမၼတေဟာင္း ဦးသိန္းစိန္အပါအဝင္ ပါတီေခါင္းေဆာင္ေဟာင္းေတြဟာ တာဝန္ႀကီးႀကီးေတြ ယူမထားေပမယ့္ ပါတီဝင္ေတြအျဖစ္ ရွိေနတာေၾကာင့္ ေ႐ြး ေကာက္ပြဲနီးရင္ ပါတီေအာင္ႏိုင္ေရးအတြက္ တက္ႏိုင္တဲ့ဘက္က ဝိုင္းဝန္းကူညီ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

REF: RFA

UNICODE

(၂၀၂၀)ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိရေး သမ္မတဟောင်းဦးသိန်းစိန်မှ ဝန်းရံကူညီမယ်လို့ ဒေါက်တာနန္ဒာလှမြင့်ပြော

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လက်ရှိ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရာထားရွေးချယ်တာ ပြီးစီး သွားပြီဖြစ်ပြီး အတည်ပြုဖို့ ကျန်နေသေးတယ်လို့လည်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကို ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။

ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ ပါတယ်။ အဲဒီနောက် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန်ကနေ ဖယ်ရှားခဲ့ပါတယ်။  လက်ရှိတာဝန်ယူထားတဲ့ ဦးသန်းဌေးက အဲဒီအချိန်ကစပြီး ဥက္ကဋ္ဌတာဝန်ယူ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ် အ ထွေထွေရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးကို သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင်။

ပါတီစတင် တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေက ဝန်းရံကူညီသွားမယ်လို့  ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ပါတီခေါင်းဆောင်ဟောင်းတွေဟာ တာဝန်ကြီးကြီးတွေ ယူမထားပေမယ့် ပါတီဝင်တွေအဖြစ် ရှိနေတာကြောင့် ရွေး ကောက်ပွဲနီးရင် ပါတီအောင်နိုင်ရေးအတွက် တက်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

REF:   RFA

Add a Comment

Your email address will not be published.