


ဟာသ သရုပ်ဆောင် ၊ လူရွှင်တော်ကြီး ဦးမန်းဝင်း ၏ ဈာပန အခမ်းအနားအား (၁၅.၇.၂၀၂၀) မွန်းလွဲ (၁း၀၀)နာရီတွင် ကျီစုသုသာန် တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

REF: MYANMAPLATFORM

UNICODE

ကွယ်လွန်သွားသည့် ဟာသသရုပ်ဆောင် ဦးမန်းဝင်း၏ နာရေး ကျီစုသုသာန်တွင် ပြုလုပ်မည်

ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဟာသ သရုပ်ဆောင် ၊ လူရွှင်တော်ကြီး ဦးမန်းဝင်း၏ရုပ်ခန္ဓာအား ကျီစုသုသာန် အအေးခန်းသို့ နာရေးကူညီမှု အသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူ မှ နိဗ္ဗာန်ယာဉ်မောင်းနှင်ပေး ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကိုနှင့် စေတနာ့ လုပ်အားပေး အသင်း သား၊အသင်းသူများက (အခမဲ့) လိုက်ပါပို့ဆောင်၍ ဖေးမကူညီခဲ့ကြကြောင်း နာရေးကူညီမှုအသင်းရန်ကုန်မှ သိရပါတယ်။

ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားသည့် ဝါရင့် ဟာသ သရုပ်ဆောင် ၊ လူရွှင်တော်ကြီး ဦးမန်းဝင်း ၏ နာရေးအခမ်းနားကို ဇူလိုင် ၁၅ ရက် နေ့ တွင် ကျီစုသုသာန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။ဝါရင့် ဟာသ သရုပ်ဆောင် ၊ လူရွှင်တော်ကြီးဦးမန်းဝင်း အသက် (၇၈)နှစ် သည့် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်ရှိ ပင်လုံဆေးရုံမှာ ယနေ့ ဇူလိုင် (၁၃)ရက် နံနက် (၆း၃၀) နာရီခန့်က ကွယ်လွန်သွားခဲ့တာပါ။

ဟာသ သရုပ်ဆောင် ၊ လူရွှင်တော်ကြီး ဦးမန်းဝင်း ၏ စျာပန အခမ်းအနားအား (၁၅.၇.၂၀၂၀) မွန်းလွဲ (၁း၀၀)နာရီတွင် ကျီစုသုသာန် တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

REF:   MYANMAPLATFORM

Add a Comment

Your email address will not be published. Required fields are marked *