စြမ္းအင္ စစ္ပြဲမွာ လက္ဦး မႈ ရယူေန တဲ့ ဘဂၤလားေ ဒ့ရွ္အစိုးရ အေနျဖင့္ န်ဴကလီး ယား ဓာတ္ေပါင္းဖို အျမန္ တည္ေဆာက္ေန

လြန္ခဲ့သည့္ မတ္လ ၂၆ ရက္ေန႔တြင္ ဘဂၤလားဒက္ရွ္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ကပ္ေရာဂါ စတင္ျဖစ္ပြားသျဖင့္ ေရာဂါမျပန႔္ပြားေရး တားဆီးပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့ရသည္။ ႐ုရွားကြၽမ္းက်င္သူ ၈၇ ဦး ျပန္သြားခဲ့ရေသာ္လည္း ၅၇၀ -ဦး ထပ္မံေရာက္ရွိခဲ့သည္။ တည္ေဆာက္ ေရးလုပ္ငန္းအတြက္ ဂ်ာမနီမွ ကြၽမ္းက်င္သူ ၁၁ ဦး၊ အိႏၵိယမွကြၽမ္းက်င္သူ ၈၁ ဦးႏွင့္ ႐ုရွားမွကြၽမ္းက်င္သူ ၇၅၀ ခန႔္တို႔သည္လည္း ယခုလမွ စတင္၍ ေရာက္ရွိလာၾကမွာ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါက်ေရာက္သျဖင့္ ပက္ဒမာတံတားစီမံကိန္း၊ ဒါကာ မက္ထ႐ိုေျမေအာက္မီးရထားလမ္းႏွင့္ ကာနာပူလီဥမင္ လိုဏ္ေခါင္းတည္ေဆာက္ေရးစသည့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း လုပ္ငန္းမ်ား ေႏွာင့္ေႏွးခဲ့ရသည္။ သို႔ေသာ္ ႐ြတ္ပူး စီမံကိန္းကိုမူ က်န္းမာေရးဝန္ႀကီး႒ာန ကူးစက္ေရာဂါတားဆီးကာကြယ္ေရး ျပ႒ာန္းခ်က္မ်ားႏွင့္အညီ အရွိန္အဟုန္မပ်က္ ဆက္လက္တည္ေဆာက္ ႏိုင္ခဲ့ပါတယ္။

အဆင့္ ၅-ဆင့္ လုံၿခဳံေရးစနစ္ပါရွိေသာ ညဴကလီးယားစြမ္းအင္စက္႐ုံကို တတိယမ်ိဳးဆက္နည္းပညာျဖင့္ ဆက္လက္တည္ေဆာက္ လွ်က္ ရွိရာ ပထမဓာတ္ေပါင္းဖို၏ အကာအရံနံရံမ်ားကို စတင္ျမင္ေတြ႕ ေနရၿပီ ျဖစ္ပါတယ္။ကို ႐ိုနာဗိုင္းရပ္စ္ကူးစက္ ကပ္ေရာဂါက်ေရာက္ေန ေသာ္လည္း ဘဂၤလားဒက္ရွ္အစိုးရအေနျဖင့္ မဟာစီမံကိန္း ႀကီးမ်ားကို အားသြန္ခြန္စိုက္ ဆက္လက္တည္ေဆာက္ေနသည္။ ၎တို႔တြင္ ကန္ ေဒၚလာ ၁၂.၆၅ ဘီလွ်ံ တန္ “ ႐ြတ္ပူး“ အမည္ရွိ ညဴကလီယာစြမ္းအင္သုံး ဓါတ္အားေပးစက္႐ုံတည္ေဆာက္ေရးလည္း ပါဝင္သည္။

ယခုအခါ ၃၀ ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ေသာ အဆိုပါစီမံကိန္းတြင္ ျပည္ပအလုပ္အင္အားကို တိုးခ်ဲ႕ ထည့္သြင္းျခင္းအားျဖင့္ လာမည့္ ၂၀၂၃ -ခုႏွစ္၌ စက္႐ုံထြက္ လွ်ပ္စစ္ဓါတ္အားကို အမ်ိဳးသားမဟာဓါတ္အား လိုင္းႏွင့္ ခ်ိတ္ဆက္အသုံးျပဳႏိုင္ေတာ့္မွာ ျဖစ္တယ္လို႔ သိရပါတယ္ ။၂၀၁၇ ခုႏွစ္တြင္ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာကိုယ္တိုင္ ႐ြတ္ပူး ညဴကလီယာဓါတ္အားေပးစက္႐ုံတည္ေဆာက္ေရးလုပ္ငန္းအား စတင္ ပႏၷက္ခ်ေပးခဲ့ျခင္းျဖစ္သည္။

ညဴစြမ္းအင္စက္႐ုံ၏ အဓိကတည္ေဆာက္ေရးလုပ္ငန္းမ်ားကို ႐ုရွားႏိုင္ငံပိုင္ “ ႐ို႕စ္အက္တမ္” အျဖစ္လူသိမ်ားေသာ “ အက္တြမ္စတိုယက္ ပို႔ “ အင္ဂ်င္နီယာကုမၸဏီက တည္ေဆာက္ေပးလွ်က္ရွိရာတြင္ စီမံကိန္း စတင္ခ်ိန္မွ ၆၈-လအတြင္း ၿပီးစီးရန္ ရည္မွန္းထားပါတယ္။ ဘဂၤ လားဒက္ရွ္အစိုးရ၏ အစီအစဥ္တြင္ ၂၀၂၃-ခုႏွစ္ ႏွစ္လည္၌ ပထမဆုံးယူနစ္အျဖစ္ လွ်ပ္စစ္ဓါတ္အား ၁,၂၀၀ မဂၢါဝပ္ကို ထုတ္ယူျဖန႔္ျဖဴးႏိုင္ ရန္ျဖစ္သည္။ ၂၀၂၄-ခုႏွစ္တြင္ ဒုတိယယူနစ္မွ လွ်ပ္စစ္ဓါတ္အား ထုတ္ယူမည္ျဖစ္သည္။

ယူနစ္ ၂-ခုပါဝင္ေသာ အဆိုပါ မဟာစီမံကိန္းႀကီးကို ၁၀၆၂ ဧက က်ယ္ဝန္းေသာ ေျမေပၚ၌ ႐ုရွားလူမ်ိဳး ၁၈၀၀ အပါအဝင္ လုပ္သားအင္ အား ၈၀၀၀ တို႔က စတင္ တည္ေဆာက္ခဲ့ၾကပါတယ္။

UNICODE

စွမ်းအင် စစ်ပွဲမှာ လက်ဦး မှု ရယူနေ တဲ့ ဘင်္ဂလားေ ဒ့ရှ်အစိုးရ အနေဖြင့် နျူကလီး ယား ဓာတ်ပေါင်းဖို အမြန် တည်ဆောက်နေ

လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါ စတင်ဖြစ်ပွားသဖြင့် ရောဂါမပြန့်ပွားရေး တားဆီးပိတ်ဆို့မှုများ ချမှတ်ခဲ့ရသည်။ ရုရှားကျွမ်းကျင်သူ ၈၇ ဦး ပြန်သွားခဲ့ရသော်လည်း ၅၇၀ -ဦး ထပ်မံရောက်ရှိခဲ့သည်။ တည်ဆောက် ရေးလုပ်ငန်းအတွက် ဂျာမနီမှ ကျွမ်းကျင်သူ ၁၁ ဦး၊ အိန္ဒိယမှကျွမ်းကျင်သူ ၈၁ ဦးနှင့် ရုရှားမှကျွမ်းကျင်သူ ၇၅၀ ခန့်တို့သည်လည်း ယခုလမှ စတင်၍ ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်သဖြင့် ပက်ဒမာတံတားစီမံကိန်း၊ ဒါကာ မက်ထရိုမြေအောက်မီးရထားလမ်းနှင့် ကာနာပူလီဥမင် လိုဏ်ခေါင်းတည်ဆောက်ရေးစသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ သို့သော် ရွတ်ပူး စီမံကိန်းကိုမူ ကျန်းမာရေးဝန်ကြီးဋ္ဌာန ကူးစက်ရောဂါတားဆီးကာကွယ်ရေး ပြဋ္ဌာန်းချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်တည်ဆောက် နိုင်ခဲ့ပါတယ်။

အဆင့် ၅-ဆင့် လုံခြုံရေးစနစ်ပါရှိသော ညူကလီးယားစွမ်းအင်စက်ရုံကို တတိယမျိုးဆက်နည်းပညာဖြင့် ဆက်လက်တည်ဆောက် လျှက် ရှိရာ ပထမဓာတ်ပေါင်းဖို၏ အကာအရံနံရံများကို စတင်မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။ကို ရိုနာဗိုင်းရပ်စ်ကူးစက် ကပ်ရောဂါကျရောက်နေ သော်လည်း ဘင်္ဂလားဒက်ရှ်အစိုးရအနေဖြင့် မဟာစီမံကိန်း ကြီးများကို အားသွန်ခွန်စိုက် ဆက်လက်တည်ဆောက်နေသည်။ ၎င်းတို့တွင် ကန် ဒေါ်လာ ၁၂.၆၅ ဘီလျှံ တန် “ ရွတ်ပူး“ အမည်ရှိ ညူကလီယာစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးလည်း ပါဝင်သည်။

ယခုအခါ ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော အဆိုပါစီမံကိန်းတွင် ပြည်ပအလုပ်အင်အားကို တိုးချဲ့ ထည့်သွင်းခြင်းအားဖြင့် လာမည့် ၂၀၂၃ -ခုနှစ်၌ စက်ရုံထွက် လျှပ်စစ်ဓါတ်အားကို အမျိုးသားမဟာဓါတ်အား လိုင်းနှင့် ချိတ်ဆက်အသုံးပြုနိုင်တော့်မှာ ဖြစ်တယ်လို့ သိရပါတယ် ။၂၀၁၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာကိုယ်တိုင် ရွတ်ပူး ညူကလီယာဓါတ်အားပေးစက်ရုံတည်ဆောက်ရေးလုပ်ငန်းအား စတင် ပန္နက်ချပေးခဲ့ခြင်းဖြစ်သည်။

ညူစွမ်းအင်စက်ရုံ၏ အဓိကတည်ဆောက်ရေးလုပ်ငန်းများကို ရုရှားနိုင်ငံပိုင် “ ရို့စ်အက်တမ်” အဖြစ်လူသိများသော “ အက်တွမ်စတိုယက် ပို့ “ အင်ဂျင်နီယာကုမ္ပဏီက တည်ဆောက်ပေးလျှက်ရှိရာတွင် စီမံကိန်း စတင်ချိန်မှ ၆၈-လအတွင်း ပြီးစီးရန် ရည်မှန်းထားပါတယ်။ ဘင်္ဂ လားဒက်ရှ်အစိုးရ၏ အစီအစဉ်တွင် ၂၀၂၃-ခုနှစ် နှစ်လည်၌ ပထမဆုံးယူနစ်အဖြစ် လျှပ်စစ်ဓါတ်အား ၁,၂၀၀ မဂ္ဂါဝပ်ကို ထုတ်ယူဖြန့်ဖြူးနိုင် ရန်ဖြစ်သည်။ ၂၀၂၄-ခုနှစ်တွင် ဒုတိယယူနစ်မှ လျှပ်စစ်ဓါတ်အား ထုတ်ယူမည်ဖြစ်သည်။

ယူနစ် ၂-ခုပါဝင်သော အဆိုပါ မဟာစီမံကိန်းကြီးကို ၁၀၆၂ ဧက ကျယ်ဝန်းသော မြေပေါ်၌ ရုရှားလူမျိုး ၁၈၀၀ အပါအဝင် လုပ်သားအင် အား ၈၀၀၀ တို့က စတင် တည်ဆောက်ခဲ့ကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *