




UNICODE

ဆရာသ မားအရင်း မင်းသားကြီးကျော်ဟိန်းကွယ်လွန် သတင်းကို ကြားပြီးနောက် ဝမ်းနည်းမှုတွေကို ဖြေသိမ့်နေတဲ့ နဝရတ်

ဆရာသမား ဖြစ်သူ မင်းသားကြီး ကျော်ဟိန်းရဲ့ သတင်းကြားပြီးနောက်မှာ နဝရတ်ကတော့ ဝမ်းနည်းမှု ခံစားချက်တွေကို တည်ငြိမ်မှုတွေ နဲ့အတူ “ဦးကျော်……ငြိမ်းအေးတဲ့နေရာလေးကိုသွား ပြီပေါ့နော်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ နဝရတ် ကတော့ ဆရာသမားဖြစ်သူအတွက် ဝမ်းနည်းခံစားရပေမယ့် ငြိမ်းချမ်းတဲ့ နေရာလေးကို သွားပြီဆိုတဲ့ အတွေးလေးနဲ့ နှစ်သိမ့်ကာ ဝမ်း နည်းမှုတွေကိုခြေဖျက်နေတဲ့ ပုံပါပဲနော်..ပရိသတ်ကြီး။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးရေ ဇူလိုင်လ (၁၁)ရက်နေ့မှာတက်လာတဲ့ မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတဲ့ နာရေးသတင်းက မြန်မာပြည်သူ လူထုကြားမှာ ဝမ်းနည်းမှုတွေကို ဆင့်ကဲဖြစ်စေခဲ့တဲ့ သတင်းအဖြစ်နဲ့ သိရှိပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အနုပညာ ရှင်တိုင်း ပရိသတ်တိုင်းရဲ့ ရင်ထဲကနေ မြတ်နိုးတန်ဖိုးထားမှုတွေကို ပိုင်ဆိုင်ထားပြီး မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို အကောင်းဆုံး နဲ့ ထိပ်ဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့သူ မင်းသားကြီးကျော်ဟိန်းဟာ တူဖြစ်သူမင်းသားဒွေးရဲ့ ကွယ်လွန်ခြင်း နှစ်ပတ်လည် (၁၃)နှစ်ပြည့်နေ့ လေးမှာပဲ တိုက်ဆိုင်စွာ ကွယ်လွန်ခဲ့တာမို့ ပရိသတ်နဲ့ အနုပညာရှင်တိုင်းအတွက် ဝမ်းနည်းတွေဆင့်ကဲ ဖြစ်ခဲ့ရတဲ့ နေ့လေး တစ်နေ့ပါ.။

မင်းသားကြီး ကျော်ဟိန်းရဲ့ အနုပညာလက်ရာတွေဟာ ရုပ်ရှင်တွေနဲ့ သီချင်းတွေအပြင် ကိုယ်တိုင် ထုဆစ်ပေးခဲ့တယ်လို့ ဆိုရမယ့် လက် ရာမြောက်ပြီး ပရိသတ်ချစ်ရတဲ့ အနုပညာရှင် မင်းသား၊ မင်းသမီးတွေကိုလည်း စင်တင်ပေးခဲ့ပါသေးတယ်နော်.။ မင်းသားကြီး ကျော်ဟိန်း ရဲ့ မြေတောင်မြှောက်ပေးခဲ့တဲ့ မင်းသမီးတွေထဲက သရုပ်ဆောင်ကောင်းသူ မင်းသမီးနဝရတ်ကိုတော့ ပရိသတ်ကြီး လည်း ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်.။

Source: Nawaratt Ko Ko’s Facebook

Add a Comment

Your email address will not be published. Required fields are marked *