တ႐ုတ္ နဲ႔ တင္းမာေနတဲ့ အိႏၵိယ ကို လက္နက္ေရာင္း ဖို႔ ႐ုရွား နဲ႔ အေမရိကန္ အလုအယက္ ႀကိဳးပမ္းေနျခင္း အေၾကာင္း

ဒီႏွစ္အေစာပိုင္းမွာ အေမရိကန္က Super F-16 ဂ်က္တိုက္ ေလယာဥ္ေတြ ကို အိႏၵိယ မွာ တပ္ဆင္ ထုတ္လုပ္ဖို႔ ကမ္းလွမ္းခဲ့ၿပီး ႐ုရွား S- 400 ေလကာစနစ္နဲ႔ၿပိဳင္ဘက္ လက္နက္စနစ္ေတြကိုလည္း ေရာင္းေပးမယ္လို႔ အဆိုျပဳခဲ့ ပါတယ္ ။အေမရိကန္လုပ္ အပါခ်ီ နဲ႔ ခ်ီႏြတ္ ရ ဟတ္ယာဥ္ေတြ ဆိုရင္ အခု တ႐ုတ္နဲ႔အျငင္းပြားတဲ့ လာဒက္ေဒသတြင္းမွာ ျဖန႔္ခ်ထားခဲ့ၿပီးပါၿပီ။ အိႏၵိယရဲ႕ လက္နက္ဝယ္ယူမႈ ဒီဂရီ ျမင့္ တက္ေနျခင္းက တ႐ုတ္စစ္တပ္နဲ႔ အားေကာင္းေကာင္း ရင္ဆိုင္ႏိုင္ဖို႔ျဖစ္ေပမယ့္ အတိုင္းအတာ တစ္ခုေတာ့ ရွိေနပါ တယ္။

အိႏၵိယဟာ ေခတ္မီလက္နက္ တခ်ိဳ႕ ဝယ္ႏိုင္ပါလိမ့္မယ္၊ ဒါေပမယ့္ စစ္မွန္တဲ့ တစ္ကယ့္တိုက္စြမ္းရည္ ကိုေတာ့ ဝယ္မရႏိုင္ပါဘူး၊ ေခတ္ သစ္စစ္ေရးနည္းပညာ ဆိုတာ စနစ္တက်ဖြဲ႕စည္းျပင္ဆင္တဲ့စနစ္ေပၚ အေျခခံပါတယ္လို႔ ေပက်င္းက တ႐ုတ္စစ္ေရးအကဲခတ္က ေဝဖန္ခဲ့ ပါေၾကာင္း။အိႏၵိယနဲ႔တ႐ုတ္ အၾကား နယ္စပ္ အျငင္းပြားမႈေၾကာင့္ ဆက္ဆံေရး တင္းမာလာၿပီးေနာက္ အိႏၵိယ ကို စစ္လက္နက္ ေရာင္းခ်ဖို႔ ႐ုရွား နဲ႔ အေမရိကန္ က အလုအယက္ႀကိဳးပမ္းေနတယ္ လို႔ ေဆာက္ခ်ိဳင္းနားေမာနင္းပို႔စ္ သတင္းစာႀကီးက ေဖာ္ျပလိုက္ ပါတယ္။

ေဒၚလာ ၂ ဒသမ ၄ ဘီလီယံတန္ ႐ုရွား စစ္ေလယာဥ္သစ္ ၃၃ စင္း ဝယ္ယူေရးနဲ႔ ရွိၿပီးတိုက္ေလယာဥ္ ၅၉ စင္းကို အဆင့္ျမႇင့္တင္ေရး အဆို ျပဳခ်က္ကို အတည္ျပဳဖို႔ အိႏၵိယအစိုးရဟာ လြန္ခဲ့တဲ့ အပတ္ က ေလာေဆာ္ခဲ့ ပါတယ္ ။ အိႏၵိယစစ္သည္ ၂၀ ေသေၾကခဲ့ရတဲ့ တ႐ုတ္ စစ္ သည္ေတြ နဲ႔ အခ်င္းမ်ားမႈ ျဖစ္ပြားခဲ့တဲ့ လြန္ခဲ့တဲ့လ က ျဖစ္စဥ္ေနာက္ မွာ ေဒၚလာ ၅ ဒသမ ၄၃ ဘီလီယံတန္ ႐ုရွားလုပ္ S-400 ေလ ေၾကာင္းရန္ကာကြယ္ေရး စနစ္ ဝယ္ယူဖို႔လည္း ညႇိႏႈိင္းခဲ့ၿပီး ပါၿပီ။

႐ုရွားနဲ႔ တ႐ုတ္ရဲ႕ နီးကပ္ တဲ့ ဆက္ႏြယ္မႈေၾကာင့္ ႐ုရွားအေပၚ အိႏၵိယရဲ႕အားထားရမႈအေပၚ ေမးခြန္းထုတ္မႈေတြလည္း ရွိလာခဲ့ၿပီး အင္ဒို ပစိဖိတ္ မဟာဗ်ဴဟာအတြက္ အိႏၵိယနဲ႔ ဆက္ဆံမႈတိုးျမႇင့္လာ တဲ့ အေမရိကန္ျပည္ ေထာင္စု ဟာ အိႏၵိယ ကို လက္နက္ေရာင္းခ်ဖို႔ တြန္း အား ေပးလာ ပါတယ္ ။အိႏၵိယဟာ သူ႔ၾကက္ဥေတြ အားလုံး ျခင္းေတာင္းတစ္ခု ထဲ ထည့္ထားမွာ မဟုတ္ဘူး လို႔ အမ်ားက ယုံၾကည္ၾကၿပီး ႐ုရွားနဲ႔ေကာ အေမရိကန္နဲ႔ ပါ ဆက္ဆံသြားမယ္လို႔ သုံးသပ္ေနၾက ပါတယ္။

ႏိုင္ငံတကာ လက္နက္ေဈးကြက္ မွာ အိႏၵိယဟာ ထိပ္တန္းဝယ္ ယူသူတစ္ဦးျဖစ္ၿပီး ႏွစ္စဥ္ ဘီလီယံခ်ီတန္တဲ့ လက္နက္ေတြ ဝယ္ယူ တင္ သြင္း ပါတယ္ ။ လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း တျခားကမာၻ႔ဘယ္ႏိုင္ငံထက္မဆို ႏိုင္ငံျခားျဖစ္လက္နက္ဝယ္ ဖို႔ ပိုက္ဆံပို သုံးခဲ့ပါတယ္ ။ ဆိုဗီ ယက္ေခတ္က ထဲက ႐ုရွားစစ္လက္နက္ေတြ ကို အိႏၵိယက အႀကီး အက်ယ္ ဝယ္ယူခဲ့ ပါတယ္ ။ ၂၀၀၀ ခုႏွစ္ကစၿပီး အိႏၵိယက ျပည္ပစစ္ လက္နက္ ေဒၚလာ ၅၁ ဘီလီယံဖိုး ဝယ္ယူခဲ့ရာမွာ သုံးပုံႏွစ္ပုံေက်ာ္ျဖစ္တဲ့ ေဒၚလာ ၃၅ ဘီလီယံဖိုးေလာက္ က ႐ုရွားစစ္လက္နက္ေတြပါ ။

အိႏၵိယရဲ႕မဟာဗ်ဴဟာေျမာက္လက္နက္အမ်ားစုဟာ လည္း ႐ုရွားကပဲ လာ ပါတယ္ ။ အိႏၵိယ ရဲ႕ တစ္စင္းထဲေသာ ေလယာဥ္တင္သေဘၤာ INS Vikramaditya နဲ႔ ေလယာဥ္တင္သေဘၤာသုံး Mig-29 တိုက္ေလယာဥ္နဲ႔ Ka-31 ရဟတ္ယာဥ္ေတြ ၊ န်ဴစြမ္းအင္သုံး တိုက္ခိုက္ေရး ေရငုပ္သေဘၤာနဲ႔ T-90 ၊ T-72 ပင္မတိုက္ပြဲဝင္တင့္ကားေတြအားလုံး ႐ုရွားလုပ္ေတြပါ။ အိႏၵိယေလတပ္ရဲ႕ အဓိက တိုက္ေလယာဥ္ Su-30 MK1 ေတြကိုလည္း အိႏၵိယ မွာ လိုင္စင္နဲ႔ ထုတ္လုပ္ခြင့္ရယူထားပါတယ္။

အိႏၵိယရဲ႕ န်ဴကလီးယားလက္နက္ တပ္ဆင္ႏိုင္ တဲ့ တစ္မ်ိဳးထဲေသာ သံလြန္ျမန္ခ႐ုဇ္ဒုံးက်ည္ ဘရာမိုစ္ ကလည္း ႐ုရွားကပဲ လာတာပါ ။ ႏႈိင္းယွဥ္ခ်က္အေနနဲ႔ အေမရိကန္ လက္နက္ေတြ အိႏၵိယဝယ္ ယူမႈကေတာ့ လြန္ခဲ့တဲ့ႏွစ္ ၂၀ အတြင္းမွာ မွ ေဒၚလာ ၃ ဒသမ ၉ ဘီလီယံဖိုးပဲ ရွိပါတယ္။ ဒါေပမယ့္ ၂၀၁၀ ခုႏွစ္ကစလို႔ အိႏၵိယ ရဲ႕ အေမရိကန္လက္နက္ဝယ္ယူမႈဟာ တဟုန္ထိုးျမင့္တက္လာၿပီး အစၥေရးနဲ႔ ျပင္သစ္ ကိုေတာင္ ျဖတ္ေက်ာ္ ခဲ့ပါတယ္။အိႏၵိယဟာ အေမရိကန္လုပ္ ဘိုးအင္း C-17 နဲ႔ C-130 J သယ္ယူပို႔ေဆာင္ေရးေလယာဥ္ သုံးစြဲေနပါတယ္။

ဒီႏွစ္အေစာပိုင္းမွာ ေဒၚလာ ၃ ဘီလီယံတန္ေၾကးရွိ ရဟတ္ယာဥ္ေတြ အပါအဝင္ အေမရိကန္လုပ္ လက္နက္ကိရိယာေတြဝယ္ယူ ဖို႔ အ ေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကို အိႏၵိယဝန္ႀကီးခ်ဳပ္ နာရန္ျဒာမိုဒီက ကတိျပဳခဲ့ပါတယ္။႐ုရွားႏိုင္ငံပိုင္ ကာကြယ္ေရးလုပ္ငန္းေတြ နဲ႔ ေဒၚလာ ၁၅ သန္းေက်ာ္ ေငြေၾကးအလႊဲအေျပာင္းရွိသူေတြကို ဒဏ္ခတ္တဲ့ ၂၀၁၇ အေမရိကန္ဥပေဒတစ္ရပ္ရွိၿပီး ဒီဥပေဒကေန အိႏၵိယကို ကင္းလြတ္ခြင့္ေပးဖို႔ေတာ့ လိုအပ္ ပါတယ္။

အင္ဒိုပစိဖိတ္ေဒသ မွာ တ႐ုတ္ကို တန္ျပန္ေရး ရည္႐ြယ္တယ္လို႔ သုံးသပ္ၾကၿပီး ႏွစ္ႏိုင္ငံ အၾကား နီးကပ္ တဲ့ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ ေတြလ ည္း လုပ္ေဆာင္လာခဲ့ ပါတယ္။ အိႏၵိယလက္နက္ေဈးကြက္ က ဘီလီယံခ်ီတဲ့ ေဈးကြက္ေဝစုႀကီးႀကီးရဖို႔ အလြန္ခက္ခဲခဲ့တဲ့အေျခ အေနမွာ အခြင့္အေရးကို ထရမ့္အစိုးရက လက္လြတ္ခံမွာမဟုတ္ဘူးလို႔ ေပက်င္းအေျခစိုက္ စစ္ေရးအကဲခတ္ တစ္ဦးက ေျပာ ပါတယ္ ။

Stand By Myanmar(မင္းျမတ္စံ)

UNICODE

တရုတ် နဲ့ တင်းမာနေတဲ့ အိန္ဒိယ ကို လက်နက်ရောင်း ဖို့ ရုရှား နဲ့ အမေရိကန် အလုအယက် ကြိုးပမ်းနေခြင်း အကြောင်း

ဒီနှစ်အစောပိုင်းမှာ အမေရိကန်က Super F-16 ဂျက်တိုက် လေယာဉ်တွေ ကို အိန္ဒိယ မှာ တပ်ဆင် ထုတ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပြီး ရုရှား S- 400 လေကာစနစ်နဲ့ပြိုင်ဘက် လက်နက်စနစ်တွေကိုလည်း ရောင်းပေးမယ်လို့ အဆိုပြုခဲ့ ပါတယ် ။အမေရိကန်လုပ် အပါချီ နဲ့ ချီနွတ် ရ ဟတ်ယာဉ်တွေ ဆိုရင် အခု တရုတ်နဲ့အငြင်းပွားတဲ့ လာဒက်ဒေသတွင်းမှာ ဖြန့်ချထားခဲ့ပြီးပါပြီ။ အိန္ဒိယရဲ့ လက်နက်ဝယ်ယူမှု ဒီဂရီ မြင့် တက်နေခြင်းက တရုတ်စစ်တပ်နဲ့ အားကောင်းကောင်း ရင်ဆိုင်နိုင်ဖို့ဖြစ်ပေမယ့် အတိုင်းအတာ တစ်ခုတော့ ရှိနေပါ တယ်။

အိန္ဒိယဟာ ခေတ်မီလက်နက် တချို့ ဝယ်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် စစ်မှန်တဲ့ တစ်ကယ့်တိုက်စွမ်းရည် ကိုတော့ ဝယ်မရနိုင်ပါဘူး၊ ခေတ် သစ်စစ်ရေးနည်းပညာ ဆိုတာ စနစ်တကျဖွဲ့စည်းပြင်ဆင်တဲ့စနစ်ပေါ် အခြေခံပါတယ်လို့ ပေကျင်းက တရုတ်စစ်ရေးအကဲခတ်က ဝေဖန်ခဲ့ ပါကြောင်း။အိန္ဒိယနဲ့တရုတ် အကြား နယ်စပ် အငြင်းပွားမှုကြောင့် ဆက်ဆံရေး တင်းမာလာပြီးနောက် အိန္ဒိယ ကို စစ်လက်နက် ရောင်းချဖို့ ရုရှား နဲ့ အမေရိကန် က အလုအယက်ကြိုးပမ်းနေတယ် လို့ ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းစာကြီးက ဖော်ပြလိုက် ပါတယ်။

ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံတန် ရုရှား စစ်လေယာဉ်သစ် ၃၃ စင်း ဝယ်ယူရေးနဲ့ ရှိပြီးတိုက်လေယာဉ် ၅၉ စင်းကို အဆင့်မြှင့်တင်ရေး အဆို ပြုချက်ကို အတည်ပြုဖို့ အိန္ဒိယအစိုးရဟာ လွန်ခဲ့တဲ့ အပတ် က လောဆော်ခဲ့ ပါတယ် ။ အိန္ဒိယစစ်သည် ၂၀ သေကြေခဲ့ရတဲ့ တရုတ် စစ် သည်တွေ နဲ့ အချင်းများမှု ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့လ က ဖြစ်စဉ်နောက် မှာ ဒေါ်လာ ၅ ဒသမ ၄၃ ဘီလီယံတန် ရုရှားလုပ် S-400 လေ ကြောင်းရန်ကာကွယ်ရေး စနစ် ဝယ်ယူဖို့လည်း ညှိနှိုင်းခဲ့ပြီး ပါပြီ။

ရုရှားနဲ့ တရုတ်ရဲ့ နီးကပ် တဲ့ ဆက်နွယ်မှုကြောင့် ရုရှားအပေါ် အိန္ဒိယရဲ့အားထားရမှုအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပြီး အင်ဒို ပစိဖိတ် မဟာဗျူဟာအတွက် အိန္ဒိယနဲ့ ဆက်ဆံမှုတိုးမြှင့်လာ တဲ့ အမေရိကန်ပြည် ထောင်စု ဟာ အိန္ဒိယ ကို လက်နက်ရောင်းချဖို့ တွန်း အား ပေးလာ ပါတယ် ။အိန္ဒိယဟာ သူ့ကြက်ဥတွေ အားလုံး ခြင်းတောင်းတစ်ခု ထဲ ထည့်ထားမှာ မဟုတ်ဘူး လို့ အများက ယုံကြည်ကြပြီး ရုရှားနဲ့ကော အမေရိကန်နဲ့ ပါ ဆက်ဆံသွားမယ်လို့ သုံးသပ်နေကြ ပါတယ်။

နိုင်ငံတကာ လက်နက်ဈေးကွက် မှာ အိန္ဒိယဟာ ထိပ်တန်းဝယ် ယူသူတစ်ဦးဖြစ်ပြီး နှစ်စဉ် ဘီလီယံချီတန်တဲ့ လက်နက်တွေ ဝယ်ယူ တင် သွင်း ပါတယ် ။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တခြားကမ္ဘာ့ဘယ်နိုင်ငံထက်မဆို နိုင်ငံခြားဖြစ်လက်နက်ဝယ် ဖို့ ပိုက်ဆံပို သုံးခဲ့ပါတယ် ။ ဆိုဗီ ယက်ခေတ်က ထဲက ရုရှားစစ်လက်နက်တွေ ကို အိန္ဒိယက အကြီး အကျယ် ဝယ်ယူခဲ့ ပါတယ် ။ ၂၀၀၀ ခုနှစ်ကစပြီး အိန္ဒိယက ပြည်ပစစ် လက်နက် ဒေါ်လာ ၅၁ ဘီလီယံဖိုး ဝယ်ယူခဲ့ရာမှာ သုံးပုံနှစ်ပုံကျော်ဖြစ်တဲ့ ဒေါ်လာ ၃၅ ဘီလီယံဖိုးလောက် က ရုရှားစစ်လက်နက်တွေပါ ။

အိန္ဒိယရဲ့မဟာဗျူဟာမြောက်လက်နက်အများစုဟာ လည်း ရုရှားကပဲ လာ ပါတယ် ။ အိန္ဒိယ ရဲ့ တစ်စင်းထဲသော လေယာဉ်တင်သင်္ဘော INS Vikramaditya နဲ့ လေယာဉ်တင်သင်္ဘောသုံး Mig-29 တိုက်လေယာဉ်နဲ့ Ka-31 ရဟတ်ယာဉ်တွေ ၊ နျူစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနဲ့ T-90 ၊ T-72 ပင်မတိုက်ပွဲဝင်တင့်ကားတွေအားလုံး ရုရှားလုပ်တွေပါ။ အိန္ဒိယလေတပ်ရဲ့ အဓိက တိုက်လေယာဉ် Su-30 MK1 တွေကိုလည်း အိန္ဒိယ မှာ လိုင်စင်နဲ့ ထုတ်လုပ်ခွင့်ရယူထားပါတယ်။

အိန္ဒိယရဲ့ နျူကလီးယားလက်နက် တပ်ဆင်နိုင် တဲ့ တစ်မျိုးထဲသော သံလွန်မြန်ခရုဇ်ဒုံးကျည် ဘရာမိုစ် ကလည်း ရုရှားကပဲ လာတာပါ ။ နှိုင်းယှဉ်ချက်အနေနဲ့ အမေရိကန် လက်နက်တွေ အိန္ဒိယဝယ် ယူမှုကတော့ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်းမှာ မှ ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံဖိုးပဲ ရှိပါတယ်။ ဒါပေမယ့် ၂၀၁၀ ခုနှစ်ကစလို့ အိန္ဒိယ ရဲ့ အမေရိကန်လက်နက်ဝယ်ယူမှုဟာ တဟုန်ထိုးမြင့်တက်လာပြီး အစ္စရေးနဲ့ ပြင်သစ် ကိုတောင် ဖြတ်ကျော် ခဲ့ပါတယ်။အိန္ဒိယဟာ အမေရိကန်လုပ် ဘိုးအင်း C-17 နဲ့ C-130 J သယ်ယူပို့ဆောင်ရေးလေယာဉ် သုံးစွဲနေပါတယ်။

ဒီနှစ်အစောပိုင်းမှာ ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ ရဟတ်ယာဉ်တွေ အပါအဝင် အမေရိကန်လုပ် လက်နက်ကိရိယာတွေဝယ်ယူ ဖို့ အ မေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ကတိပြုခဲ့ပါတယ်။ရုရှားနိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းတွေ နဲ့ ဒေါ်လာ ၁၅ သန်းကျော် ငွေကြေးအလွှဲအပြောင်းရှိသူတွေကို ဒဏ်ခတ်တဲ့ ၂၀၁၇ အမေရိကန်ဥပဒေတစ်ရပ်ရှိပြီး ဒီဥပဒေကနေ အိန္ဒိယကို ကင်းလွတ်ခွင့်ပေးဖို့တော့ လိုအပ် ပါတယ်။

အင်ဒိုပစိဖိတ်ဒေသ မှာ တရုတ်ကို တန်ပြန်ရေး ရည်ရွယ်တယ်လို့ သုံးသပ်ကြပြီး နှစ်နိုင်ငံ အကြား နီးကပ် တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တွေလ ည်း လုပ်ဆောင်လာခဲ့ ပါတယ်။ အိန္ဒိယလက်နက်ဈေးကွက် က ဘီလီယံချီတဲ့ ဈေးကွက်ဝေစုကြီးကြီးရဖို့ အလွန်ခက်ခဲခဲ့တဲ့အခြေ အနေမှာ အခွင့်အရေးကို ထရမ့်အစိုးရက လက်လွတ်ခံမှာမဟုတ်ဘူးလို့ ပေကျင်းအခြေစိုက် စစ်ရေးအကဲခတ် တစ်ဦးက ပြော ပါတယ် ။

Stand By Myanmar(မင်းမြတ်စံ)

Add a Comment

Your email address will not be published. Required fields are marked *