UNICODE
မတရားမှုတွေကြားမှာ အားမရှိတော့ဘူးလို့ တရားရုံးထုတ်မှာ ပြောဆိုလိုက်တဲ့ မင်းရာဇာ
သရုပ်ဆောင် မင်းရာဇာက ရုံးချိန်းတွေမှာ သတင်းမီဒီယာတွေ ကို သူ အဓမ္မမကျင့်ကြောင်း၊ နှိပ်စက်ခြင်း၊ အက်စစ်နဲ့ ပက်ခြင်းတွေ မပြု လုပ်ခဲ့ကြောင်း ပြောဆိုနေတာတွေဟာ သူတကယ်ကြုံတွေ့ခဲ့ရတာတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ် လို့လည်း အိမ်ဖော်မလေး ဂရေစ့်က ပြောပြ ပါတယ် ။ဂရေစ့် က “ရုပ်ရှင်ရိုက်လို့ နားတဲ့ ဟိုတယ်မှာလည်း နင့်အစ်မ မသိစေ နဲ့ဆိုပြီး သမီးကို အဓမ္မပြုကျင့်တယ် ။ နင့်အစ်မ ကို ပြော ရင် နင့်ကို သတ်ပလိုက်မယ်။ အစဖျောက်ပလိုက်မယ်” လို့ ရှင်းပြ ပါတယ်။
ဂရေ့စ် မိသားစုက အရင်ကတည်းက ဆင်းရဲ နွမ်းပါးသူတွေဖြစ်တဲ့အပြင် အခု လက်ရှိ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်း ဒဏ်ရာတွေနဲ့ ပြန်ရောက် လာတဲ့ သမီးဖြစ်သူကို ဆေးကုနေကြရ ပါတယ် ။ဒါ့အပြင် သမီးဖြစ်သူရဲ့ အခြေအနေကြောင့် သူတို့ရဲ့ ပုံမှန်ဝင်ငွေရနေတဲ့ ကျဘန်း လုပ် ငန်းတွေ ကိုလည်း ရပ်ထားရတဲ့ အတွက် ဝင်ငွေ ပြဿနာ နဲ့ ရင်ဆိုင်နေရပါတယ်။ဂရေစ့် ရင်ဆိုင်ကြုံတွေ့ခဲ့ ရတဲ့ အဖြစ်အပျက်အပေါ် သ နားကြင်နာကြတဲ့ ရုပ်ရှင် သရုပ်ဆောင် အချို့နဲ့ တခြားအလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဂရေစ့်ရဲ့ မိခင်ဖြစ်သူက တရားလိုပြု လုပ်ပြီး သရုပ် ဆောင် မင်းရာဇာအပါအဝင် သူ ရဲ့ ဇနီး၊ ယောက္ခမဖြစ်သူနဲ့ မင်းရာဇာ ရဲ့ ကားကို မောင်းပေးရသူ ရခိုင်လေးဆိုသူ တို့ကို အမှုဖွင့် တရားစွဲ ဆိုထားပါတယ်။ ပရိတ်သတ်ကြီးရော ဘယ်လို မြင်လည်း တကယ်ဘဲ အ စွပ်စွဲခံရတာလား၊ ကျူးလွန်ခဲ့သလား ဘယ်လိုထင်လဲ ကောမန့်မှာဝင်ရောက်ဆွေးနွေးသွားပါအုံး။ အိမ် အကူ မိန်းခလေး Grace အား ညှဉ်းပန်း နှိပ်စက် မှု နဲ့ တရား စွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ အပါအဝင် စုစုပေါင်း (၃) ဦး ကို။
ဒီကနေ့၊ ဇူလိုင်လ (၁၃) ရက်နေ့ က ရန်ကုန်၊ မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ (၇) ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။မတရား မှုတွေ များနေလို့ အားမ ရှိတော့ပါဘူးဗျာ။ စိတ်ဓာတ် ကျ မိတယ်။ အမှန်တရား ဆိုတာ ဘာလဲ မသိတော့ ပါဘူး။ အပြင်မှာ ပြောနေကြတာ တွေ အားလုံးက ဆန့်ကျင်ဘက်တွေ ပါ။ သားလေး နဲ့ သမီးလေး က အဖေ၊ အမေ မဲ့ နေကြပြီ။ ကျနော့် မိန်းမလည်း ကိုယ်ဝန် (၅) လ ထဲ ရောက်နေပြီ” လို့ မင်းရာဇာ က MC ကို ပြောခဲ့ပါတယ်။
REF:  Myanmar Celebrity TV
Add a Comment
Your email address will not be published. Required fields are marked *