



crd:7day news

UNICODE

မိုးကုတ်မြို့နယ်တွင် အမျိုးသား (၂)ဦး ပေ (၁၅၀)ခန့် နက်သော ကျောက်တွင်းဟောင်း အတွင်းသို့ ပြုတ်ကျမှုဖြစ်ပွားပြီး (၁)ဦး သေဆုံး

ခဲ ကို ကန့် လန့်ရင်း နဲ့ အား လွန်ပြီး ပြုတ် ကျတာ။ ပေ (၁၅၀) လောက်နက် တဲ့ချောက်ဆိုတော့ မိုးကုတ်တွင်း အနေအ ထားက နည်းနည်း တော့ ခက်တာပေါ့။ ပစ္စည်းကိရိယာကလည်း စုံစုံလင် လင်ကမရှိတော့ ခက်ခက်ခဲခဲနဲ့ တော့ ကယ် ရတာပေါ့’’ဟု သွား ရောက်ကူညီခဲ့သော မိုးကုတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ ကျောက် တွင်းဟောင်း အ တွင်း ပြုတ်ကျသည့် အမျိုးသားနှစ်ဦးအား မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့ အစည်းများပူးပေါင်း ရှာ ဖွေခဲ့ရာတွင် ညနေ ၅ နာရီခွဲခန့်၌ ကယ်ဆယ်ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

သေဆုံးခဲ့ သော အမျိုး သား နှင့် ဒဏ်ရာရ ရှိခဲ့သော အမျိုးသား ကို မိုးကုတ် မြို့ ကျပ်ပြင် တိုက်နယ် ဆေးရုံ သို့ ပို့ဆောင် ခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။မိုးကုတ်မြို့ရှိ ကျောက်မျက် လုပ်ကွက်တွင်းများတွင် တွင်းပြိုမှု ကြောင့် လူသေဆုံးမှုများ ရှိပြီး မိုး ရာသီကာလတွင် မြေပြိုမှုများလည်း မကြာ ခဏ ဖြစ်ပွားလေ့ ရှိ သည်။

မိုးကုတ် မြို့နယ် ပြောင်း ပြင် အုပ်စု ကျောက်ဆောင် ရပ်ရှိ ပေ (၁၅၀)ခန့် နက် သော ကျောက် တွင်းဟောင်း အတွင်း သို့ အမျိုးသား (၂)ဦး ပြုတ်ကျ မှု ယမန်နေ့ ကဖြစ်ပွား ခဲ့ ပြီး တစ်ဦး သေဆုံး ခဲ့ ကြောင်း မြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။ ဇူလိုင် (၁၂) ရက် ညနေ ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ သည့် ယင်းဖြစ်စဉ်တွင် အမျိုးသားနှစ်ဦး အနက် တစ်ဦးမှာ သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ပေါင် ကျိုးဒဏ်ရာရရှိခဲ့ ကြောင်း ၎င်းက ပြောသည်။

crd:7day news

Add a Comment

Your email address will not be published. Required fields are marked *