ရန္ကုန္မွာ (၇၃) ႏွစ္ေျမာက္ အာဇာနည္ေန႔ အတြက္ အစမ္းေလ့က်င့္ပြဲျပဳလုပ္ရာ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း တက္ေရာက္

လာမည့္ ဇူလိုင္ ၁၉ ရက္ေန႔မွာ က်ေရာက္မည့္ ၇၃ႏွစ္ေျမာက္ အာဇာနည္ေန႔မွာ ဝမ္းနည္းျခင္း အထိမ္းအမွတ္အေနနဲ႔ ျမန္မာႏိုင္ငံအလံကို တိုင္ဝက္လႊင့္ ထူျခင္းနဲ႔ ဥၾသဆြဲျခင္းမ်ားျပဳ လုပ္ရန္ သမၼတ႐ုံးက အစိုးရ႐ုံးဌာန မ်ားအားလုံးကို ၫႊန္ၾကားထား သလို အာဇာနည္ေခါင္း ေဆာင္ႀကီးမ်ား က်ဆုံးသည့္ နံနက္ ၁၀နာရီ ၃၇မိနစ္အခ်ိန္မွာ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားက ဥၾသဆြဲအခ်က္ေပးရန္နဲ႔ သြားလာေန သည့္ ေမာ္ေတာ္ယာဥ္ ေခတၱရပ္ၿပီး ဟြန္းတီးေစရန္အတြက္ အဖြဲ႕အစည္းအဆင့္ဆင့္သို႔ ၫြန္ၾကားထားေၾကာင္း သိရပါတယ္။

ရန္ကုန္ၿမိဳ႕နဲ႔ နတ္ေမာက္ၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္တို႔ကို ယခုႏွစ္မွာ COVID-19 ေၾကာင့္ ျပသျခင္းမျပဳဘဲ ျပတိုက္မ်ားကို ပိတ္ သြားမွာျဖစ္ေသာ္လည္း အြန္လိုင္းရွိ သက္ ဆိုင္ရာ Facebook Page မ်ားမွတစ္ဆင့္ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။ဇူလိုင္ ၁၉ ရက္ အာဇာနည္ ေန႔အတြက္ ရန္ကုန္ အာဇာနည္ဗိမာန္တြင္ ယေန႔နံနက္ပိုင္းက အစမ္းေလ့က်င့္ခဲ့ေၾကာင္း သိရပါတယ္။ယေန႔ နံနက္(၀၈:၀၀) နာရီအခ်ိန္ တြင္ ဗဟန္းၿမိဳ႕နယ္ ၊ အာဇာနည္ဗိမာန္၌ (၇၃)ႏွစ္ေျမာက္၊ အာဇာနည္ေန႔အခမ္းအနား အစမ္းေလ့က်င့္ျခင္းျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။

အဆိုပါအခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ဒု တိဥကၠ႒ ဦးလင္းႏိုင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾက ေၾကာင္း သိရပါတယ္။

REF: DVB

UNICODE

ရန်ကုန်မှာ (၇၃) နှစ်မြောက် အာဇာနည်နေ့ အတွက် အစမ်းလေ့ကျင့်ပွဲပြုလုပ်ရာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်

လာမည့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မည့် ၇၃နှစ်မြောက် အာဇာနည်နေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံအလံကို တိုင်ဝက်လွှင့် ထူခြင်းနဲ့ ဥသြဆွဲခြင်းများပြု လုပ်ရန် သမ္မတရုံးက အစိုးရရုံးဌာန များအားလုံးကို ညွှန်ကြားထား သလို အာဇာနည်ခေါင်း ဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀နာရီ ၃၇မိနစ်အချိန်မှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥသြဆွဲအချက်ပေးရန်နဲ့ သွားလာနေ သည့် မော်တော်ယာဉ် ခေတ္တရပ်ပြီး ဟွန်းတီးစေရန်အတွက် အဖွဲ့အစည်းအဆင့်ဆင့်သို့ ညွန်ကြားထားကြောင်း သိရပါတယ်။

ရန်ကုန်မြို့နဲ့ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့ကို ယခုနှစ်မှာ COVID-19 ကြောင့် ပြသခြင်းမပြုဘဲ ပြတိုက်များကို ပိတ် သွားမှာဖြစ်သော်လည်း အွန်လိုင်းရှိ သက် ဆိုင်ရာ Facebook Page များမှတစ်ဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ဇူလိုင် ၁၉ ရက် အာဇာနည် နေ့အတွက် ရန်ကုန် အာဇာနည်ဗိမာန်တွင် ယနေ့နံနက်ပိုင်းက အစမ်းလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။ယနေ့ နံနက်(၀၈:၀၀) နာရီအချိန် တွင် ဗဟန်းမြို့နယ် ၊ အာဇာနည်ဗိမာန်၌ (၇၃)နှစ်မြောက်၊ အာဇာနည်နေ့အခမ်းအနား အစမ်းလေ့ကျင့်ခြင်းပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒု တိဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရပါတယ်။

REF:   DVB

Add a Comment

Your email address will not be published.