လႊတ္ေတာ္အစည္းအေဝးမ်ား ျပန္စရာ ဖားကန႔္ေျမၿပိဳမႈေၾကာင့္ ထိခိုက္ေသဆုံးသူမ်ားအတြက္ ၀မ္းနည္းေၾကာင္း အဆိုတင္၍ေမတၱာပို႔

“ေဝွခါေက်း႐ြာ ေတာင္ကမ္းပ်ံ ၿပိဳက်မႈ မွာ ထိခိုက္ေသဆုံးေပ်ာက္ဆုံး ဒဏ္ရာရခဲ့သူမ်ား အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ နာယကႀကီး ႏွင့္ တကြ ဒီမွာရွိေနၾကတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အားလုံးက အထူးပင္ေၾကကြဲ ထိခိုက္ခံစားၾကရပါေၾကာင္းႏွင့္ ကြၽန္ေတာ့္ရဲ႕ ၀မ္းနည္းေၾကာင္း အဆို ကို ျပည္ေထာင္စု လႊတ္ေတာ္ႀကီးက မွတ္တမ္းတင္ေပးႏိုင္ပါရန္ ေလးစားစြာ အဆိုတင္သြင္းအပ္ပါ တယ္”ဟု ဖားကန္႔ မဲဆႏၵနယ္မွ ကိုယ္စားလွယ္ဦးတင္စိုး ကေျပာသည္။

ထိုသို႔ ထိခိုက္ေသဆုံး၊ေပ်ာက္ဆုံးေနသူမ်ားအတြက္ လည္း လႊတ္ေတာ္အစည္းအေဝးအတြင္းရွိ ပုဂၢိဳလ္မ်ား အားလုံးက တစ္မိနစ္ ၿငိမ္သက္ ၿပီး ေမတၱာပို႔သ ေပးခဲ့ေၾကာင္းသိရသည္။ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ ေဝွခါေက်း႐ြာ အနီး ေက်ာက္မ်က္လုပ္ကြက္တြင္ ဇူလိုင္လ ၄ ရက္ေန႔က ေျမၿပိဳက်မႈျဖစ္စဥ္ေၾကာင့္ ေသဆုံးသူ ၁၇၂ ဦးရွိၿပီး၊ ထိခိုက္ဒဏ္ရာရရွိသူ ၄၇ ဦးႏွင့္ ေပ်ာက္ဆုံးေနသူ ၂၄ ဦး အတြက္ ယေန႔ က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ဦးတင္စိုးက ၀မ္းနည္းေၾကာင္းအဆိုတစ္ရပ္တင္သြင္းခဲ့သည္။

အဆိုပါ ၀မ္းနည္းေၾကာင္း အဆိုတင္သြင္းမႈကို မိုးေကာင္းမဲဆႏၵနယ္မွ ကိုယ္စားလွယ္ ဦး၀င္းႏိုင္ က ေထာက္ခံေဆြးေႏြးခဲ့သည့္ အတြက္ နာယက ဦးတီခြန္ျမတ္က လႊတ္ေတာ္တြင္ မွတ္တမ္းတင္ေၾကာင္းေၾကညာခဲ့သည္။ယင္းျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ား၊ ေသဆုံး သူမ်ား ၊ေပ်ာက္ဆုံးေနသူမ်ား အတြက္လည္း ႏိုင္ငံ ေတာ္အစိုးရႏွင့္ တပ္မေတာ္မွလည္း ေထာက္ပံ့ေပးမႈမ်ား လုပ္​ေဆာင္ေပးလ်က္ရွိၿပီး ေျမ ၿပိဳမႈျဖစ္စဥ္ကိုလည္း စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

REF: The Fifth Wave News

UNICODE

လွှတ်တော်အစည်းအဝေးများ ပြန်စရာ ဖားကန့်မြေပြိုမှုကြောင့် ထိခိုက်သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း အဆိုတင်၍မေတ္တာပို့

ဝှေခါကျေးရွာ တောင်ကမ်းပျံ ပြိုကျမှု မှာ ထိခိုက်သေဆုံးပျောက်ဆုံး ဒဏ်ရာရခဲ့သူများ အတွက် ပြည်ထောင်စုလွှတ်တော် နာယကကြီး နှင့် တကွ ဒီမှာရှိနေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အားလုံးက အထူးပင်ကြေကွဲ ထိခိုက်ခံစားကြရပါကြောင်းနှင့် ကျွန်တော့်ရဲ့ ၀မ်းနည်းကြောင်း အဆို ကို ပြည်ထောင်စု လွှတ်တော်ကြီးက မှတ်တမ်းတင်ပေးနိုင်ပါရန် လေးစားစွာ အဆိုတင်သွင်းအပ်ပါ တယ်”ဟု ဖားကန့် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်ဦးတင်စိုး ကပြောသည်။

ထိုသို့ ထိခိုက်သေဆုံး၊ပျောက်ဆုံးနေသူများအတွက် လည်း လွှတ်တော်အစည်းအဝေးအတွင်းရှိ ပုဂ္ဂိုလ်များ အားလုံးက တစ်မိနစ် ငြိမ်သက် ပြီး မေတ္တာပို့သ ပေးခဲ့ကြောင်းသိရသည်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ အနီး ကျောက်မျက်လုပ်ကွက်တွင် ဇူလိုင်လ ၄ ရက်နေ့က မြေပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၇၂ ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၇ ဦးနှင့် ပျောက်ဆုံးနေသူ ၂၄ ဦး အတွက် ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင်  ဦးတင်စိုးက ၀မ်းနည်းကြောင်းအဆိုတစ်ရပ်တင်သွင်းခဲ့သည်။

အဆိုပါ ၀မ်းနည်းကြောင်း အဆိုတင်သွင်းမှုကို မိုးကောင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦး၀င်းနိုင် က ထောက်ခံဆွေးနွေးခဲ့သည့် အတွက် နာယက ဦးတီခွန်မြတ်က လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်းကြေညာခဲ့သည်။ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ သေဆုံး သူများ ၊ပျောက်ဆုံးနေသူများ အတွက်လည်း နိုင်ငံ တော်အစိုးရနှင့် တပ်မတော်မှလည်း ထောက်ပံ့ပေးမှုများ လုပ်​ဆောင်ပေးလျက်ရှိပြီး မြေ ပြိုမှုဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

REF:   The  Fifth  Wave  News

Add a Comment

Your email address will not be published. Required fields are marked *