စော မောင် ကျော်
UNICODE
ဝယ်ယူထား တဲ့ SU30 တိုက်လေယဉ် (၆)စင်း ဘယ်တော့ မြန်မာပြည်ရောက်မလဲ မေးနေသူများအတွက် သတင်းကောင်း
ပြည်ပရန်ဆိုတာ မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံရဲဘူး၊ ဖြစ်ဖြစ်ချင်း လက်သွက်ပြီး လက်နက်ကောင်းတဲ့လူက နိုင်သွားမှာပဲ၊ တရုတ်နဲ့အိန္ဒိ ယနယ်စပ် အရေးအခင်းကိုပဲကြည့်လေ။ဒီလေယဉ်ခြောက်စင်းဟာ ပြည်ပရန်ကိုကာကွယ်ဖို့ ဝယ်ယူတာလို့ မြင်ပါတယ်၊ ပြည်တွင်းက ဒူးမ နာသားတွေအတွက်ကတော့ MIG29 နဲ့ MI35 တွေနဲ့တင်လုံလောက်ပါတယ်၊
ဆီးရီယားမှာဆိုရင် MIG21နဲ့တောင် ဂျီဟတ်တွေကို ဆော်ပလော်တီးနေတုန်းပါ။၂၀၁၉ နှစ် ဆန်းပိုင်းလောက်က စတင်တည်ဆောက်ပုံ ရ ပါတယ်၊ ဘာလို့လဲဆိုတော့ ၂၀၁၉ဧပြီလ၂၆ရက်နေ့သတင်းက ကာချုပ်ကြီး ရှရှားက ဝယ်ထားတဲ့ လေယဉ်ခြောက်စင်း တည်ဆောက်နေပုံ များကို လာရောက်စစ်ဆေးသွားတယ်လို့ ရေးထားတာတွေရပါတယ်။
ပုံမှန်တိုက်လေယာဉ် တစ်စင်းတည်ဆောက်ရင် အလုပ်ချိန်နာရီပေါင်း လေးသောင်းငါးထောင်ခန့် အလုပ် လုပ်ရပါတယ်၊ စက်ရုံထုတ်လုပ် ရေး လမ်းကြောင်းအတွင်း နာရီလေးသောင်းကျော်ဆိုတော့ ၁နှစ်ကျော်ကျော်လောက်ဖြစ်သွားမယ်။ဒီလောက်ဆိုရင် ဘယ်တော့လောက် ပြီးစီးမလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။
https://web.facebook.com/saw.kyaw.169/posts/1449350085257220
စော မောင် ကျော်