အသစ္ထုတ္ေဝမည့္ ဗိုလ္ခ်ဳပ္ပုံ က်ပ္(၅၀၀) တန္ ေငြစကၠဴသစ္မ်ား လစာေပးရာတြင္ ထည့္သြင္းေပးသြားမည္

ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ပိုင္းတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါေငြစကၠဴမ်ား ထုတ္လုပ္ အသုံးျပဳခဲ့သည္။ ထို႔ေနာက္ မဆလ ၊ န ဝတ၊ နယက လက္ထက္တို႔၌ ေငြစကၠဴမ်ား၌ အျခား႐ုပ္ပုံမ်ားျဖင့္ အစားထိုး အသုံးျပဳခဲ့သည္။ထို႔ေနာက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ တစ္ ေထာင္တန္ေငြစကၠဴကို ၂ဝ၁၉ ခုႏွစ္ ဇန္နဝါရီ၄ ရက္ လြတ္လပ္ေရးေန႔တြင္ ပထမဆုံးအႀကိမ္ ျပန္လည္ထုတ္ေဝခဲ့ၿပီး ဇန္နဝါရီ ၇ ရက္တြင္ ျပည္သူသူထုထံသို႔ ျဖန႔္ေဝခဲ့ကာ ယခု ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ ငါးရာက်ပ္တန္ေငြစကၠဴကို လာမည့္ ဇူလိုင္ ၁၉ ရက္ အာဇာနည္ေန႔ တြင္ ထုတ္ေဝမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

ဇူလိုင္ ၁၉ ရက္ အာဇာနည္ေန႔တြင္ ထုတ္ေဝမည့္ က်ပ္ ၅၀၀ တန္မ်ားကို ျပည္သူထံသို႔ မ်ားမ်ားႏွင့္ ျမန္ျမန္ ေရာက္ရွိေရး လစာမ်ား အ တြင္းထည့္သြင္းျဖန္ခ်ိမည္ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ထံမွ သိရသည္။ဗဟိုဘဏ္က ေငြစကၠဴထုတ္တယ္ဆိုရင္ ဘဏ္ေတြအားလုံးကို ထုတ္ေပးလိုက္တာ။ ႏိုင္ငံပိုင္ဘဏ္ေတြဆိုရင္ေတာ့ ျဖန္ေဝတဲ့အခါ လစာထဲမွာ ထည့္ေပးတာ ေတြလုပ္တယ္။ လစာထဲမွာထည့္ေပးပါလို႔ ဗဟိုဘဏ္ကတိုက္တြန္းေပးတယ္။တစ္ျပည္လုံးကို အခုျဖန႔္ၿပီးသား။ ထုတ္တဲ့ေန႔မွာ အခ်ိန္ကိုက္ဆိုရင္လည္း လစာထဲမွာထည့္ေပးတယ္။ ပုံမွန္လည္းထည့္ေပးတယ္။

ပုံစံအသစ္ပဲျဖစ္ျဖစ္ ေငြစကၠဴအသစ္ပဲျဖစ္ျဖစ္၊ ျပည္သူထဲကို မ်ားမ်ားနဲ႔ျမန္ျမန္ေရာက္ေအာင္ဆိုရင္ လစာထုတ္တဲ့အခါမွာ ထည့္ေပးေလ့ရွိ ပါတယ္။ အခု ၅၀၀ တန္မွာလည္း လစာထဲထည့္ေပးၿပီး ျဖန႔္ေဝ မွာပါ” ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးမင္းက ေျပာ သည္။ထို႔ျပင္ လက္ရွိသုံးစြဲေနသည့္ ေငြစကၠဴအားလုံးကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ ထုတ္ေဝသြားမည္ျဖစ္ေၾကာင္း ဇြန္ ၁၅ ရက္က ေန ျပည္ေတာ္ျပန္ၾကားေရးဝန္ႀကီးဌာနတြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲ၌ ဦးစိုးမင္းက ေျပာၾကားသည္။ အရင္ကသုံးေနတဲ့ အေဟာင္း ေတြရွိေနတဲ့အတြက္ သိပ္ၿပီးေတာ့မျပန႔္တာလည္းရွိပါတယ္။ ကန႔္သတ္ၿပီးေတာ့ ထုတ္တာမ်ိဳးေတာ့မရွိပါဘူး။

အသစ္ထုတ္ၿပီဆိုရင္ေတာ့ ဆက္တိုက္ထုတ္သြား တာပါပဲ။ က်န္ေနေသးတဲ့ ၅၀၀၀ တန္နဲ႔ ၁၀၀၀၀ တန္ေတြကိုထုတ္ရင္လည္း အခုရွိေနတဲ့ လုံၿခဳံေရး စနစ္ထက္ ပိုေကာင္းတဲ့လုံၿခဳံေရးစနစ္မ်ိဳး အသုံးျပဳသြားမွာပါ” ဟု ဦးစိုးမင္းက ေျပာသည္။၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၇ ရက္တြင္ ျပည္သူသူထုထံသို႔ ျဖန႔္ေဝခဲ့သည့္ က်ပ္ ၁၀၀၀ တန္မ်ားမွာ ထုပ္လုပ္မႈနည္းပါးျခင္းေၾကာင့္ ျပည္သူမ်ားလက္အတြင္းသို႔ ေရာက္ရွိမႈနည္းပါး ခဲ့သည့္အတြက္ ေဝဖန္မႈမ်ား ျဖစ္ေပၚခဲ့သည္။

REF: THE LIFESTYLE MYANMAR

UNICODE

အသစ်ထုတ်ဝေမည့် ဗိုလ်ချုပ်ပုံ ကျပ်(၅၀၀) တန် ငွေစက္ကူသစ်များ လစာပေးရာတွင် ထည့်သွင်းပေးသွားမည်

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါငွေစက္ကူများ ထုတ်လုပ် အသုံးပြုခဲ့သည်။ ထို့နောက် မဆလ ၊ န ဝတ၊ နယက လက်ထက်တို့၌ ငွေစက္ကူများ၌ အခြားရုပ်ပုံများဖြင့် အစားထိုး အသုံးပြုခဲ့သည်။ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ် ထောင်တန်ငွေစက္ကူကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ၄ ရက် လွတ်လပ်ရေးနေ့တွင် ပထမဆုံးအကြိမ် ပြန်လည်ထုတ်ဝေခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် ပြည်သူသူထုထံသို့ ဖြန့်ဝေခဲ့ကာ ယခု ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ငါးရာကျပ်တန်ငွေစက္ကူကို လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ တွင် ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ထုတ်ဝေမည့် ကျပ် ၅၀၀ တန်များကို ပြည်သူထံသို့ များများနှင့် မြန်မြန် ရောက်ရှိရေး လစာများ အ တွင်းထည့်သွင်းဖြန်ချိမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။ဗဟိုဘဏ်က ငွေစက္ကူထုတ်တယ်ဆိုရင် ဘဏ်တွေအားလုံးကို ထုတ်ပေးလိုက်တာ။ နိုင်ငံပိုင်ဘဏ်တွေဆိုရင်တော့ ဖြန်ဝေတဲ့အခါ လစာထဲမှာ ထည့်ပေးတာ တွေလုပ်တယ်။ လစာထဲမှာထည့်ပေးပါလို့ ဗဟိုဘဏ်ကတိုက်တွန်းပေးတယ်။တစ်ပြည်လုံးကို အခုဖြန့်ပြီးသား။ ထုတ်တဲ့နေ့မှာ အချိန်ကိုက်ဆိုရင်လည်း လစာထဲမှာထည့်ပေးတယ်။ ပုံမှန်လည်းထည့်ပေးတယ်။

ပုံစံအသစ်ပဲဖြစ်ဖြစ် ငွေစက္ကူအသစ်ပဲဖြစ်ဖြစ်၊ ပြည်သူထဲကို များများနဲ့မြန်မြန်ရောက်အောင်ဆိုရင် လစာထုတ်တဲ့အခါမှာ ထည့်ပေးလေ့ရှိ ပါတယ်။ အခု ၅၀၀ တန်မှာလည်း လစာထဲထည့်ပေးပြီး ဖြန့်ဝေ မှာပါ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြော သည်။ထို့ပြင် လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဇွန် ၁၅ ရက်က နေ ပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးစိုးမင်းက ပြောကြားသည်။ အရင်ကသုံးနေတဲ့ အဟောင်း တွေရှိနေတဲ့အတွက် သိပ်ပြီးတော့မပြန့်တာလည်းရှိပါတယ်။ ကန့်သတ်ပြီးတော့ ထုတ်တာမျိုးတော့မရှိပါဘူး။

အသစ်ထုတ်ပြီဆိုရင်တော့ ဆက်တိုက်ထုတ်သွား တာပါပဲ။ ကျန်နေသေးတဲ့ ၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်တွေကိုထုတ်ရင်လည်း အခုရှိနေတဲ့ လုံခြုံရေး စနစ်ထက် ပိုကောင်းတဲ့လုံခြုံရေးစနစ်မျိုး အသုံးပြုသွားမှာပါ” ဟု ဦးစိုးမင်းက ပြောသည်။၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်တွင် ပြည်သူသူထုထံသို့ ဖြန့်ဝေခဲ့သည့် ကျပ် ၁၀၀၀ တန်များမှာ ထုပ်လုပ်မှုနည်းပါးခြင်းကြောင့် ပြည်သူများလက်အတွင်းသို့ ရောက်ရှိမှုနည်းပါး ခဲ့သည့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

REF:   THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *