အေျခခံပညာ အထက္တန္းအဆင့္ ေက်ာင္းသား/သူမ်ားကို ယေန႔ ေက်ာင္းအပ္ စလက္ခံမည္

ေက်ာင္းအပ္ႏွံေရးသီတင္း ပတ္တြင္ အထက္တန္းအဆင့္ ေက်ာင္းသား/သူမ်ား အား ႏွစ္စဥ္ အခမဲ့ေပးေနက် ေက်ာင္းသုံးျပ႒ာန္း စာအုပ္ အျပင္ ယခုႏွစ္တြင္ ဗလာစာအုပ္ တစ္ဒါ ဇင္၊ ေဘာပင္ႏွစ္ေခ်ာင္း၊ ခဲတံ ႏွစ္ေခ်ာင္းစီႏွင့္ ျပန္သုံးႏိုင္သည့္ ႏွာေခါင္းစည္း (Reused Mask) ႏွစ္ခု၊ မ်က္ႏွာ အကာ (Face Shield)တစ္ခုစီ ေပးရန္ ပညာေရးဝန္ႀကီးဌာနက စီစဥ္ထားသည္။တယ္လီဖုန္းျဖင့္ ေက်ာင္းအပ္ႏွံရန္ စီစဥ္ ထားသည့္ ေက်ာင္းမ်ားတြင္ ေက်ာင္းစတက္ သည့္ေန႔၌ ျပ႒ာန္းစာအုပ္ႏွင့္ အျခား ေထာက္ပံ့ပစၥည္း မ်ား ေပးအပ္မည္ျဖစ္သည္။

COVID-19 ေၾကာင့္ အေျခ ခံပညာေက်ာင္းမ်ားကိုု ပုံမွန္ ေက်ာင္းဖြင့္ခ်ိန္ ဇြန္လ ၁ ရက္တြင္ မဖြင့္ႏိုင္ဘဲ ရက္ ၅၀ ေနာက္က်ၿပီး မွ ဖြင့္လွစ္ မည္ျဖစ္သည္။Social Distancing (ခပ္ခြာ ခြာေနထိုင္ျခင္း) လိုက္နာရန္အ တြက္ ေက်ာင္းတက္ခ်ိန္ကို ပုံစံ ေလးမ်ိဳးျဖင့္ သတ္မွတ္ဖြင့္ရန္ ပညာေရးဝန္ႀကီးဌာနက စီစဥ္ ထားသည္။အေျခခံပညာ အထက္ တန္းအဆင့္ အတန္းႏွစ္တန္းျဖစ္ သည့္ သင္႐ိုးသစ္ ဒသမတန္း (Gade -10) ႏွင့္ သင္႐ိုးေဟာင္း ဒသမတန္း (Grade-11) ေက်ာင္းသားေက်ာင္းသူမ်ားကို Social Distancing (ခပ္ခြာခြာ ေနထိုင္ျခင္း) လိုက္နာ ကာ ယေန႔ (ဇူလိုင္ ၁၃ ရက္) တြင္ ေက်ာင္း အပ္စတင္လက္ခံရန္ အေျခခံ ပညာေက်ာင္းမ်ားက စီစဥ္ထား သည္။

အထက္တန္းအဆင့္ အ တန္းမ်ားျဖစ္သည့္ သင္႐ိုးသစ္ ဒသမတန္း-Grade-10 (ယခင္ ပညာသင္ႏွစ္က အ႒မတန္း-Grade 9 တက္ ေရာက္ေအာင္ျမင္ ခဲ့သူမ်ား တက္ရမည္) ႏွင့္ သင္႐ိုး ေဟာင္း ဒသမတန္း-Grade-11 (ယခင္ပညာသင္ႏွစ္က နဝမတန္း -Grade-10 တက္ေရာက္ေအာင္ ျမင္ခဲ့သူမ်ားတက္ရမည္) တို႔ကို ဇူလိုင္ ၂၁ ရက္တြင္ စဖြင့္မည္ျဖစ္ သည္။ယခင္ႏွစ္မ်ားကဲ့သို႔ အေျခခံ ပညာအတန္း အားလုံးကို တစ္ ၿပိဳင္တည္း ေက်ာင္းအပ္လက္ခံ မည္မဟုတ္ဘဲ အထက္တန္းအ ဆင့္ အတန္းႏွစ္တန္းအတြက္ ဇူလိုင္ ၁၃ ရက္မွ ၁၇ ရက္အထိ ေက်ာင္းအပ္ႏွံရမည္ျဖစ္သည္။

ေက်ာင္းအပ္ႏွံရာတြင္ လူစု လူေဝး မျဖစ္ေစရန္အတြက္ ေက်ာင္းတစ္ေက်ာင္းခ်င္းအ လိုက္ စီမံေဆာင္႐ြက္ရန္ အေျခခံ ပညာဦးစီးဌာနက ၫႊန္ၾကားထား သည္။ေက်ာင္းအပ္တဲ့အခါမွာ လည္း ခါတိုင္းလို စုၿပဳံတိုးတာေတြ မျဖစ္ေအာင္ ဒီေန႔က ဘယ္အ တန္း၊ ဘယ္ေန႔မွာ ဘယ္အတန္း၊ အဲဒီလို ခြဲျခားၿပီးေတာ့ Social Distancing အတတ္ႏိုင္ဆုံးရ ေအာင္ေတာ့စီစဥ္မယ္’’ဟု အေျခ ခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကား ေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ ဝင္းက ဆိုသည္။

လူစုလူေဝးမျဖစ္ေစရန္အ တြက္ ဒသမတန္း (Grade-10) ေက်ာင္းသားေက်ာင္းသူမ်ားအ တြက္ ေက်ာင္းအပ္ႏွံရမည့္ရက္ ႏွင့္ ဒသမတန္း (Grade-11)အ တန္းအတြက္ ေက်ာင္းအပ္ႏွံရ မည့္ရက္ကို သီးျခားသတ္မွတ္ကာ ေက်ာင္းအပ္လက္ခံရန္ အေျခခံ ပညာေက်ာင္းအခ်ိဳ႕က စီစဥ္ထား သည္။အေျခခံပညာေက်ာင္းအခ်ိဳ႕ တြင္ ယခင္ႏွစ္က ထိုေက်ာင္းတြင္ တက္ေရာက္ခဲ့ေသာ ေက်ာင္း သားေဟာင္းမ်ားသည္ ေက်ာင္း သို႔ ကိုယ္တိုင္လာေရာက္၍ ေက်ာင္းအပ္ရန္မလိုဘဲ အတန္း တာဝန္ခံဆရာမထံ မိဘအုပ္ထိန္း သူက ဖုန္းျဖင့္ဆက္သြယ္ေက်ာင္း အပ္ႏွံႏိုင္ရန္ စီစဥ္ထားသည္။

ေက်ာင္းသားသစ္မ်ားသာ ေက်ာင္းသို႔ ကိုယ္တိုင္လာေရာက္ ေက်ာင္းအပ္ႏွံရမည္ျဖစ္ၿပီး မိဘ အုပ္ထိန္းသူတစ္ဦးသာ လိုက္ပါ ခြင့္ျပဳထား ကာ လူစုလူေဝးျဖစ္ ေစမႈကို ေလွ်ာ့ခ်ႏိုင္ရန္ စီစဥ္ ထားသည္။အခ်ိဳ႕ေက်ာင္းမ်ားက အ တန္းအလိုက္ ေက်ာင္းအပ္ရမည့္ အခ်ိန္ကို သတ္ မွတ္ကာ ေက်ာင္း အပ္လက္ခံမည္ျဖစ္သည္။

REF: THE FIFTH WAVE NEWS

UNICODE

အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/သူများကို ယနေ့ ကျောင်းအပ် စလက်ခံမည်

ကျောင်းအပ်နှံရေးသီတင်း ပတ်တွင် အထက်တန်းအဆင့် ကျောင်းသား/သူများ အား နှစ်စဉ် အခမဲ့ပေးနေကျ ကျောင်းသုံးပြဋ္ဌာန်း စာအုပ် အပြင် ယခုနှစ်တွင် ဗလာစာအုပ် တစ်ဒါ ဇင်၊ ဘောပင်နှစ်ချောင်း၊ ခဲတံ နှစ်ချောင်းစီနှင့် ပြန်သုံးနိုင်သည့် နှာခေါင်းစည်း (Reused Mask) နှစ်ခု၊ မျက်နှာ အကာ (Face Shield)တစ်ခုစီ ပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။တယ်လီဖုန်းဖြင့် ကျောင်းအပ်နှံရန် စီစဉ် ထားသည့် ကျောင်းများတွင် ကျောင်းစတက် သည့်နေ့၌ ပြဋ္ဌာန်းစာအုပ်နှင့် အခြား ထောက်ပံ့ပစ္စည်း များ ပေးအပ်မည်ဖြစ်သည်။

COVID-19 ကြောင့် အခြေ ခံပညာကျောင်းများကိုု ပုံမှန် ကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်တွင် မဖွင့်နိုင်ဘဲ ရက် ၅၀ နောက်ကျပြီး မှ ဖွင့်လှစ် မည်ဖြစ်သည်။Social Distancing (ခပ်ခွာ ခွာနေထိုင်ခြင်း) လိုက်နာရန်အ တွက် ကျောင်းတက်ချိန်ကို ပုံစံ လေးမျိုးဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသည်။အခြေခံပညာ အထက် တန်းအဆင့် အတန်းနှစ်တန်းဖြစ် သည့် သင်ရိုးသစ် ဒသမတန်း (Gade -10) နှင့် သင်ရိုးဟောင်း ဒသမတန်း (Grade-11) ကျောင်းသားကျောင်းသူများကို Social Distancing (ခပ်ခွာခွာ နေထိုင်ခြင်း) လိုက်နာ ကာ ယနေ့ (ဇူလိုင် ၁၃ ရက်) တွင် ကျောင်း အပ်စတင်လက်ခံရန် အခြေခံ ပညာကျောင်းများက စီစဉ်ထား သည်။

အထက်တန်းအဆင့် အ တန်းများဖြစ်သည့် သင်ရိုးသစ် ဒသမတန်း-Grade-10 (ယခင် ပညာသင်နှစ်က အဋ္ဌမတန်း-Grade 9 တက် ရောက်အောင်မြင် ခဲ့သူများ တက်ရမည်) နှင့် သင်ရိုး ဟောင်း ဒသမတန်း-Grade-11 (ယခင်ပညာသင်နှစ်က နဝမတန်း -Grade-10 တက်ရောက်အောင် မြင်ခဲ့သူများတက်ရမည်) တို့ကို ဇူလိုင် ၂၁ ရက်တွင် စဖွင့်မည်ဖြစ် သည်။ယခင်နှစ်များကဲ့သို့ အခြေခံ ပညာအတန်း အားလုံးကို တစ် ပြိုင်တည်း ကျောင်းအပ်လက်ခံ မည်မဟုတ်ဘဲ အထက်တန်းအ ဆင့် အတန်းနှစ်တန်းအတွက် ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ ကျောင်းအပ်နှံရမည်ဖြစ်သည်။

ကျောင်းအပ်နှံရာတွင် လူစု လူဝေး မဖြစ်စေရန်အတွက် ကျောင်းတစ်ကျောင်းချင်းအ လိုက် စီမံဆောင်ရွက်ရန် အခြေခံ ပညာဦးစီးဌာနက ညွှန်ကြားထား သည်။ကျောင်းအပ်တဲ့အခါမှာ လည်း ခါတိုင်းလို စုပြုံတိုးတာတွေ မဖြစ်အောင် ဒီနေ့က ဘယ်အ တန်း၊ ဘယ်နေ့မှာ ဘယ်အတန်း၊ အဲဒီလို ခွဲခြားပြီးတော့ Social Distancing အတတ်နိုင်ဆုံးရ အောင်တော့စီစဉ်မယ်’’ဟု အခြေ ခံပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာတင်မောင် ဝင်းက ဆိုသည်။

လူစုလူဝေးမဖြစ်စေရန်အ တွက် ဒသမတန်း (Grade-10) ကျောင်းသားကျောင်းသူများအ တွက် ကျောင်းအပ်နှံရမည့်ရက် နှင့် ဒသမတန်း (Grade-11)အ တန်းအတွက် ကျောင်းအပ်နှံရ မည့်ရက်ကို သီးခြားသတ်မှတ်ကာ ကျောင်းအပ်လက်ခံရန် အခြေခံ ပညာကျောင်းအချို့က စီစဉ်ထား သည်။အခြေခံပညာကျောင်းအချို့ တွင် ယခင်နှစ်က ထိုကျောင်းတွင် တက်ရောက်ခဲ့သော ကျောင်း သားဟောင်းများသည် ကျောင်း သို့ ကိုယ်တိုင်လာရောက်၍ ကျောင်းအပ်ရန်မလိုဘဲ အတန်း တာဝန်ခံဆရာမထံ မိဘအုပ်ထိန်း သူက ဖုန်းဖြင့်ဆက်သွယ်ကျောင်း အပ်နှံနိုင်ရန် စီစဉ်ထားသည်။

ကျောင်းသားသစ်များသာ ကျောင်းသို့ ကိုယ်တိုင်လာရောက် ကျောင်းအပ်နှံရမည်ဖြစ်ပြီး မိဘ အုပ်ထိန်းသူတစ်ဦးသာ လိုက်ပါ ခွင့်ပြုထား ကာ လူစုလူဝေးဖြစ် စေမှုကို လျှော့ချနိုင်ရန် စီစဉ် ထားသည်။အချို့ကျောင်းများက အ တန်းအလိုက် ကျောင်းအပ်ရမည့် အချိန်ကို သတ် မှတ်ကာ ကျောင်း အပ်လက်ခံမည်ဖြစ်သည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *