ျမန္မာႏိုင္ငံ၏ ပထမဆုံးၿဂိဳဟ္တုကို (၂၀၂၁)မွာ ဂ်ပန္အကူအညီျဖင့္ လႊတ္တင္ေတာ့မည္
|ယခုစီမံကိန္းသည္ ျမန္မာအစိုးရ၏ ႏိုင္ငံပိုင္ၿဂိဳဟ္တုစနစ္ တည္ေဆာက္ေရးကို ရည္႐ြယ္သည့္ အစီအစဥ္၏ အစိတ္အပိုင္းတစ္ခု လည္းျဖစ္ ၿပီး ၂၀၁၇ ခုႏွစ္တြင္ အစိုးရသည္ ဒုတိယသမၼတဦးျမင့္ေဆြ ဦးေဆာင္ေသာ ျမန္မာပိုင္ၿဂိဳဟ္တုစနစ္တည္ေဆာက္ေရး ဦးေဆာင္ေကာ္မတီ တစ္ရပ္ကို ဖြဲ႕စည္းခဲ့ ပါတယ္။
ျမန္မာအေနျဖင့္ ႏိုင္ငံတြင္း ဝန္ေဆာင္မႈအတြက္ ၿဂိဳဟ္တု၏ လုပ္ငန္းေဆာင္႐ြက္ခ်က္ အစိတ္အပိုင္းအျဖစ္ သုံးခြင့္ရခဲ့သည္။လာမည့္ ၂၀၂၁ ခုႏွစ္မွာ ဂ်ပန္အကူအညီျဖင့္ ျမန္မာႏိုင္ငံ၏ ပထမဆုံးၿဂိဳဟ္တုကို လႊတ္တင္ေတာ့မယ္လို႔ ဂ်ပန္ႏိုင္ငံ Nikkei Asian Review သတင္း ဌာနက ေဖာ္ျပထားပါတယ္။
ဂ်ပန္ႏိုင္ငံ ေဟာ့ကိုင္းဒိုးတကၠသိုလ္ႏွင့္ တိုဟိုခူတကၠသိုလ္မ်ား၏ အကူအညီျဖင့္ အင္ဂ်င္နီယာႏွင့္ သုေတသီမ်ားက ကမာၻ႔ပတ္လမ္းတြင္း သို႔ ပစ္လႊတ္ရန္စီစဥ္ထားသည့္ ကမာၻေျမေလ့လာေရး ၿဂိဳဟ္တုျဖစ္တဲ့ ultrasmall satellite ၿဂိဳဟ္တုကို ၂၀၂၁ ခုႏွစ္မွာ ပထမဆုံးအေနနဲ႔ လႊတ္တင္ဖို႔ ျမန္မာ ႏိုင္ငံအေနျဖင့္ စီစဥ္ထားတာျဖစ္တယ္လို႔ ဆိုပါတယ္။
အဆိုပါ ကမာၻေျမေလ့လာေရး ၿဂိဳဟ္တုသည္ လယ္ယာစိုက္ပ်ိဳးေရး ထုတ္လုပ္မႈ ျမႇင့္တင္ရန္အတြက္ အသုံးျပဳသြားရန္ျဖစ္ကာ သဘာဝ ေဘး ကာကြယ္ေရးႏွင့္ ပ်က္စီးမႈမ်ားေလ်ာ့ခ်ေရးအတြက္ လည္းျဖစ္ သလို သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းမႈေစာင့္ၾကည့္ေရးတို႔ အတြက္ လည္းျဖစ္တယ္လို႔ ေဖာ္ျပထား ပါတယ္။
ယင္းအျပင္ ျမန္မာေလေၾကာင္းအင္ဂ်င္နီယာတကၠသိုလ္မွ ဘြဲ႕ရေက်ာင္းသားမ်ား၊ ျမန္မာအမ်ိဳးသား တကၠသိုလ္မွလည္းပါဝင္ကာ ဂ်ပန္ သို႔လာေရာက္မည္ျဖစ္ကာ အေလးခ်ိန္ (၅၀)ကီလိုဂရမ္ခန႔္ရွိေသာ မိုက္ခ႐ိုၿဂိဳဟ္တုတစ္ခုကို လုပ္ေဆာင္သြားမွာ ျဖစ္ၿပီး အဆိုပါအစီအစဥ္ ေအာက္တြင္ ျမန္မာအင္ဂ်င္နီ ယာမ်ားသည္ (၅)ႏွစ္ေက်ာ္အတြင္း ၿဂိဳဟ္တု(၂)စင္းကို တိုးတက္လုပ္ေဆာင္မွာျဖစ္ကာ။
ပစ္လႊတ္မႈျဖစ္စဥ္မ်ား တြင္လည္း ထဲထဲဝင္ဝင္ ပါဝင္လို႔ ၿဂိဳဟ္တုဒီဇိုင္းပိုင္းႏွင့္ ၿဂိဳဟ္တုအခ်က္အလက္ ခြဲျခမ္းစိတ္ျဖာျခင္းမ်ားကိုလည္း ကြၽမ္းက်င္တတ္ေျမာက္ သြားၾကမွာ ျဖစ္တယ္လို႔ဆိုပါတယ္။
REF: MYANMAPLATFORM
UNICODE
မြန်မာနိုင်ငံ၏ ပထမဆုံးဂြိုဟ်တုကို (၂၀၂၁)မှာ ဂျပန်အကူအညီဖြင့် လွှတ်တင်တော့မည်
ယခုစီမံကိန်းသည် မြန်မာအစိုးရ၏ နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ဆောက်ရေးကို ရည်ရွယ်သည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု လည်းဖြစ် ပြီး ၂၀၁၇ ခုနှစ်တွင် အစိုးရသည် ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်သော မြန်မာပိုင်ဂြိုဟ်တုစနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ ပါတယ်။
မြန်မာအနေဖြင့် နိုင်ငံတွင်း ဝန်ဆောင်မှုအတွက် ဂြိုဟ်တု၏ လုပ်ငန်းဆောင်ရွက်ချက် အစိတ်အပိုင်းအဖြစ် သုံးခွင့်ရခဲ့သည်။လာမည့် ၂၀၂၁ ခုနှစ်မှာ ဂျပန်အကူအညီဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးဂြိုဟ်တုကို လွှတ်တင်တော့မယ်လို့ ဂျပန်နိုင်ငံ Nikkei Asian Review သတင်း ဌာနက ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်နှင့် တိုဟိုခူတက္ကသိုလ်များ၏ အကူအညီဖြင့် အင်ဂျင်နီယာနှင့် သုတေသီများက ကမ္ဘာ့ပတ်လမ်းတွင်း သို့ ပစ်လွှတ်ရန်စီစဉ်ထားသည့် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုဖြစ်တဲ့ ultrasmall satellite ဂြိုဟ်တုကို ၂၀၂၁ ခုနှစ်မှာ ပထမဆုံးအနေနဲ့ လွှတ်တင်ဖို့ မြန်မာ နိုင်ငံအနေဖြင့် စီစဉ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသည် လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှု မြှင့်တင်ရန်အတွက် အသုံးပြုသွားရန်ဖြစ်ကာ သဘာဝ ဘေး ကာကွယ်ရေးနှင့် ပျက်စီးမှုများလျော့ချရေးအတွက် လည်းဖြစ် သလို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုစောင့်ကြည့်ရေးတို့ အတွက် လည်းဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။
ယင်းအပြင် မြန်မာလေကြောင်းအင်ဂျင်နီယာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများ၊ မြန်မာအမျိုးသား တက္ကသိုလ်မှလည်းပါဝင်ကာ ဂျပန် သို့လာရောက်မည်ဖြစ်ကာ အလေးချိန် (၅၀)ကီလိုဂရမ်ခန့်ရှိသော မိုက်ခရိုဂြိုဟ်တုတစ်ခုကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး အဆိုပါအစီအစဉ် အောက်တွင် မြန်မာအင်ဂျင်နီ ယာများသည် (၅)နှစ်ကျော်အတွင်း ဂြိုဟ်တု(၂)စင်းကို တိုးတက်လုပ်ဆောင်မှာဖြစ်ကာ။
ပစ်လွှတ်မှုဖြစ်စဉ်များ တွင်လည်း ထဲထဲဝင်ဝင် ပါဝင်လို့ ဂြိုဟ်တုဒီဇိုင်းပိုင်းနှင့် ဂြိုဟ်တုအချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်းများကိုလည်း ကျွမ်းကျင်တတ်မြောက် သွားကြမှာ ဖြစ်တယ်လို့ဆိုပါတယ်။
REF: MYANMAPLATFORM