




UNICODE

(၁၈)နှစ်ပြည့်ကတည်းက ကိုယ့်ပိုက်ဆံ ကိုယ်သုံးခဲ့သူမို့ ဘယ်သူ ဘာထင်ထင် စိတ်မဝင်စားဘူး ဆိုတဲ့ မောင်ချို

ချမ်းမြေ့မောင်ချို က သူမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ် ဖြစ်တဲ့ 11 ကို ထုတ်လုပ်ထားပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း အဆိုတော် Ah Boy နဲ့အတူတူ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းလေး ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါတယ်။

အဆိုတော် အိအိ ရဲ့ သမီးငယ်ဖြစ် တဲ့ ချမ်းမြေ့မောင်ချို က Myanmar Idol သီချင်းဆို ပြိုင်ပွဲကနေ ကျော်ကြားလာ သူတစ်ယောက်ပဲ ဖြစ် ပါတယ်။ချမ်းမြေ့မောင်ချို က Winner ဆုကြီးနဲ့ လွဲချော် ခဲ့ရပေမယ့် သူမ ဝါသနာပါရာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင် နေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ချမ်းမြေ့မောင်ချိုရဲ့ အနုပညာ လှုပ်ရှားမှုတွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြ တာပဲ ဖြစ်ပါတယ်။

အသက်နှစ်ဆယ် အရွယ်သာရှိသေးတဲ့ ချမ်းမြေ့မောင်ချိုက အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်အဖြစ် လူသိများနေပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ချမ်းမြေ့မောင်ချိုက သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေပြီး ” ရှင်တို့ ဘယ်လိုထင်လဲ ဆိုတာကို ကျွန်မ စိတ်မဝင်စားဘူး။ ကျွန်မက အသက် (၁၈)နှစ်အရွယ် ကတည်းက ကိုယ့်ပိုက်ဆံကိုယ် ရှာသုံးလာတာ။ ရှင်ရော?” ဆိုပြီး ပြောဆိုလာတာကို တွေ့ရပါတယ်။

Source: ChanMyae MgCho’s fb

Add a Comment

Your email address will not be published. Required fields are marked *