COVID-19 ကူးစက္မႈ စံခ်ိန္တင္ျမင့္တက္လာေသာ အေမရိကန္တြင္ သမၼတေဒၚနယ္ထရန႔္ ႏွာေခါင္းစည္း စတင္တပ္ဆင္

အေမရိကန္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန CDC က ကို႐ိုနာဗိုင္းရပ္စ္ မျပန႔္ပြားေစေရး ႏွာေခါင္းစည္းတပ္ၾကရန္ ျပည္သူ မ်ားကို ဧၿပီ က အႀကံျပဳခ်ိန္တြင္ ထရန႔္က မိမိအေနျဖင့္ တပ္ဆင္ မည္မဟုတ္ဟု ေျပာၾကားခဲ့သည္။၎၏ လက္ေထာက္အရာရွိ မ်ားက အမ်ားျပည္သူ သြားလာရာ ေနရာမ်ားတြင္ ႏွာေခါင္းစည္းတပ္ ရန္ ထရန႔္ကို အႀကိမ္ႀကိမ္တိုက္ တြန္းခဲ့ေၾကာင္း မီဒီယာအခ်ိဳ႕က ေဖာ္ျပသည္။

အေမရိကန္သည္ ကမာၻေပၚတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး ၃,၃၅၅,၆၄၆ ဦး ကူးစက္ခံထားရ ကာ ေသဆုံးသူ ၁၃၇,၄၀၃ ဦးရွိ သည္။အေမရိကန္ႏိုင္ငံ တစ္ဝန္း COVID-19 ေသာၾကာေန႔က ေရာဂါကူးစက္သူ ၆၉,၀၀၀ ေက်ာ္ရွိခဲ့ၿပီး သုံးရက္ ဆက္ တိုက္ စံခ်ိန္တင္ျမင့္တက္ ေနစဥ္ သမၼတထရန႔္ အမ်ားျပည္သူေရွ႕တြင္ ႏွာေခါင္း စည္း ပထမဆုံးတပ္ဆင္သည္ကို ျမင္ေတြ႕ရသည္။

အလက္စကာ၊ ေဂ်ာ္ဂ်ီယာ၊ အီဒါဟို၊ အိုင္အိုဝါ၊ လူဝီစီးယား နား၊ မြန္တားနား၊ အိုဟိုင္းယိုး၊ ယူတားႏွင့္ ဝစ္ကန္ဆင္ စေသာ ျပည္နယ္ကိုးခု တြင္လည္း တစ္ ရက္တာ ေရာဂါကူးစက္မႈႏႈန္း စံခ်ိန္တင္ခဲ့သည္။ဝါရွင္တန္ၿမိဳ႕ အျပင္ဘက္ ေဝၚလ္တာရိဒ္စစ္ေဆး႐ုံသို႔ သြားေရာက္စဥ္ ေဒၚနယ္ထရန႔္ကို ပထမဆုံးအႀကိမ္အျဖစ္ ႏွာေခါင္း စည္းတပ္ဆင္လ်က္ေတြ႕ရသည္။

REF: 7DAY DAILY

COVID-19 ကူးစက်မှု စံချိန်တင်မြင့်တက်လာသော အမေရိကန်တွင် သမ္မတဒေါ်နယ်ထရန့် နှာခေါင်းစည်း စတင်တပ်ဆင်

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန CDC က ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားစေရေး နှာခေါင်းစည်းတပ်ကြရန် ပြည်သူ များကို ဧပြီ က အကြံပြုချိန်တွင် ထရန့်က မိမိအနေဖြင့် တပ်ဆင် မည်မဟုတ်ဟု ပြောကြားခဲ့သည်။၎င်း၏ လက်ထောက်အရာရှိ များက အများပြည်သူ သွားလာရာ နေရာများတွင် နှာခေါင်းစည်းတပ် ရန် ထရန့်ကို အကြိမ်ကြိမ်တိုက် တွန်းခဲ့ကြောင်း မီဒီယာအချို့က ဖော်ပြသည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး ၃,၃၅၅,၆၄၆ ဦး ကူးစက်ခံထားရ ကာ သေဆုံးသူ ၁၃၇,၄၀၃ ဦးရှိ သည်။အမေရိကန်နိုင်ငံ တစ်ဝန်း COVID-19 သောကြာနေ့က ရောဂါကူးစက်သူ ၆၉,၀၀၀ ကျော်ရှိခဲ့ပြီး သုံးရက် ဆက် တိုက် စံချိန်တင်မြင့်တက် နေစဉ် သမ္မတထရန့် အများပြည်သူရှေ့တွင် နှာခေါင်း စည်း ပထမဆုံးတပ်ဆင်သည်ကို မြင်တွေ့ရသည်။

အလက်စကာ၊ ဂျော်ဂျီယာ၊ အီဒါဟို၊ အိုင်အိုဝါ၊ လူဝီစီးယား နား၊ မွန်တားနား၊ အိုဟိုင်းယိုး၊ ယူတားနှင့် ဝစ်ကန်ဆင် စသော ပြည်နယ်ကိုးခု တွင်လည်း တစ် ရက်တာ ရောဂါကူးစက်မှုနှုန်း စံချိန်တင်ခဲ့သည်။ဝါရှင်တန်မြို့ အပြင်ဘက် ဝေါ်လ်တာရိဒ်စစ်ဆေးရုံသို့ သွားရောက်စဉ် ဒေါ်နယ်ထရန့်ကို ပထမဆုံးအကြိမ်အဖြစ် နှာခေါင်း စည်းတပ်ဆင်လျက်တွေ့ရသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *