REF: THE FIFTH WAVE NEWS
UNICODE
ကိုဗစ်-၁၉ကြောင့် ပိတ်ထားသော စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးသို့ ဘုရားဖူးများ ဝင်ရောက်ခွင့်ပြု
ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးကို သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သီရိသုဓမ္မရာဇာ မဟာဓိပတိသာလွန်မင်း တရားကြီးက စတင်တည် ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင်ပြီးစီးခဲ့သည်။ကောင်းမှုတော်ဘုရားကြီးသို့ ဘုရားဖူးများဝင်ထွက်ရန်အတွက် တောင်ဘက်မုဒ်တစ်ခု တည်းကိုသာဖွင့်ပေးထားမည်ဖြစ်ပြီး ဘုရားဖူးချိန်ကို နံနက် (ရး၀၀)နာရီမှ ညနေ(၅း၀၀)နာရီအထိသတ်မှတ်ထားသည် ။
Covid -19 ရောဂါကြောင့်ပိတ်ထားခဲ့ရသော စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော် ဘုရားကြီးသို့ ဘုရားဖူးများဝင်‌ ရောက်ခွင့်များကို ဇူလိုင်လ ၁၅ ရက်မှ စ၍ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရာဇမဏိစူဠာ‌‌ ကောင်းမှုတော်ဘုရာကြီး ဂေါပကအဖွဲ့ကသိရသည်။Covid -19 ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရန် အတွက် ဧပြီလ ၁၂ မှစတင်ကာ ဘုရားဖူးခွင့်ကို ကန့်သတ်ခဲ့သည်။
ဇူလိုင်လ ၁၃ ရက်တွင် ကျင်းပြုလုပ်သည့် ကောင်းမှုတော်ဘုရားကြီး ဂေါပကအဖွဲ့ အစည်းအဝေးမှ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ သည် ။Maskမပါရင် လုံးဝဝင်ခွင့်မပြုဘူး ။ နောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားချက်နဲ့အညီဖွင့်လှစ်သွားမယ် ။ ဝင်ပေါက်တွေ မှာလဲ အ ပူချိန်တိုင်းကိရိယာကို တပ်ဆင်ထားထားမယ် ” ဟု ရာဇမဏိစူဠာ‌‌ ကောင်းမှုတာ်ဘုရာဂေါပကအဖွဲ့ ဥက္ကဌ ဦးတင်မျိုးလွင်ကပြောသည်။
REF:  THE  FIFTH  WAVE  NEWS
Add a Comment
Your email address will not be published. Required fields are marked *