ကိုဗစ္-၁၉ ေရာဂါနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံသည္ ကံေကာင္းေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ေျပာၾကား

ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈေၾကာင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ အုပ္ခ်ဳပ္ေရး လည္ပတ္မႈတို႔တြင္ မ်ားစြာပ်က္ယြင္းခဲ့ရၿပီး မိမိတို႔ႏိုင္ငံ အေနနဲ႔ ၂၀၁၁ ခုႏွစ္မွစ၍ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚ တြင္စတင္ေလွ်ာက္လွမ္းခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုတိုင္ခဲ့ၿပီျဖ စ္ေၾကာင္း၊ အ တိုင္းအတာတစ္ခုအထိ ေျပာင္းလဲႏိုင္ခဲ့ေသာ္လည္း တိုးတက္မႈေႏွးေကြးၿပီး တိုင္းျပည္အတြက္ လုပ္ေဆာင္ရန္မ်ားစြာရွိေနေသးသျဖင့္ အားလုံးစုစုစည္းစည္းျဖင့္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါ အေျခအေနေတြ ဆိုး႐ြားလာမႈသတင္းေတြေၾကာင့္ တပ္မေတာ္ရဲ႕ အထြတ္အျမတ္ထားရာျဖစ္တဲ့ စစ္မႈထမ္းသက္တစ္ ေလွ်ာက္မွာ တစ္ႀကိမ္သာႀကဳံေတြ႕ႏိုင္မယ့္ အခုႏွစ္ မတ္လ ၂၇ ရက္မွာ က်ေရာက္တဲ့ (၇၅) ႏွစ္ေျမာက္စိန္ရတုတပ္မေတာ္ေန႔ စစ္ေရးျပ အခမ္းအနားႀကီးက်င္းပဖို႔ စီစဥ္ေနမႈေတြကိုေတာင္ ေ႐ႊ႕ဆိုင္းခဲ့ေၾကာင္း၊ လက္ရွိအေျခအေနအရ တစ္ကမာၻလုံးမွာ ပိုမိုဆိုး႐ြားစြာျဖစ္ပြား ေနၿပီး မိမိတို႔ႏိုင္ငံမွာ ျဖစ္ပြားမႈနည္းပါးေပမဲ့ ကုန္စည္စီးဆင္းမႈျပတ္ေတာက္ျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရွားပါးလာျခင္းနဲ႔။

တျခား႐ိုက္ခတ္မႈမ်ားစြာရွိလာခဲ့ေၾကာင္း၊ အလုပ္အကိုင္ရွားပါးၿပီး ဝင္ေငြမရွိလို႔ စားေရးမွာ အခက္အခဲမ်ားျဖစ္ေပၚလာေၾကာင္းလည္း ေျပာပါတယ္။ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔ ကံေကာင္းတဲ့ အေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားလိုက္ပါတယ္။ဇူလိုင္ ၁၃ မြန္းလြဲပိုင္းက ပအိုဝ့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဓႏုကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသနဲ႔ အင္းေလးေဒသတို႔မွ တိုင္းရင္းသားကိုယ္စားလွယ္ေတြ၊ ရွမ္းစာေပယဥ္ေက်းမႈအဖြဲ႕ဝင္ေတြနဲ႔ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ပင္လုံရိပ္သာခန္းမမွာ ေတြ႕ဆုံ ေျပာၾကားခဲ့တာလို႔ သိရပါတယ္။

ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈမွာ ဇူလိုင္ ၁၃ ရက္ မ နက္ ၇ နာရီအထိ တစ္ကမာၻလုံးမွာ ေရာဂါကူးစက္ခံရသူ ၁၂ သန္း ၈ သိန္းေက်ာ္၊ ေသဆုံး သူ ၅ သိန္းေက်ာ္၊ ျပန္လည္ သက္သာလာသူ ၇ သန္းေက်ာ္အနက္ ျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္ခံရသူ ၃၃၁ ဦးရွိ ၿပီျဖစ္ေၾကာင္း၊ ကမာၻႏွင့္ အဝန္း ဆိုး႐ြားစြာျဖစ္ပြားေနခ်ိန္မွာ မိမိတို႔ႏိုင္ငံအေနနဲ႔ ကံေကာင္းတယ္လို႔ ဆိုရမည္ျဖစ္ေၾကာင္း ကာကြယ္ေရး ဦးစီးခ်ဳပ္က ေျပာပါတယ္။ ကာကြယ္ေရးဦးစီးခ်ဳပ္ ေခါင္းေဆာင္တဲ့အဖြဲ႕က တိုင္းရင္းသားအဖြဲ႕အစည္းတာဝန္ရွိသူေတြကို ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ပစၥည္းေတြ၊ ေဆး႐ုံသုံးပစၥည္းေတြနဲ႔ စားေသာက္ဖြယ္ရာေတြ ေပးအပ္လႉဒါန္းခဲ့တယ္လို႔လည္း သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

REF: THE LIFESTYLE MYANMAR

UNICODE

ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသည် ကံကောင်းကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး လည်ပတ်မှုတို့တွင် များစွာပျက်ယွင်းခဲ့ရပြီး မိမိတို့နိုင်ငံ အနေနဲ့ ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တွင်စတင်လျှောက်လှမ်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပြီဖြ စ်ကြောင်း၊ အ တိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်ခဲ့သော်လည်း တိုးတက်မှုနှေးကွေးပြီး တိုင်းပြည်အတွက် လုပ်ဆောင်ရန်များစွာရှိနေသေးသဖြင့် အားလုံးစုစုစည်းစည်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိှုင်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ အခြေအနေတွေ ဆိုးရွားလာမှုသတင်းတွေကြောင့် တပ်မတော်ရဲ့ အထွတ်အမြတ်ထားရာဖြစ်တဲ့ စစ်မှုထမ်းသက်တစ် လျှောက်မှာ တစ်ကြိမ်သာကြုံတွေ့နိုင်မယ့် အခုနှစ် မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက်စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကြီးကျင်းပဖို့ စီစဉ်နေမှုတွေကိုတောင် ရွှေ့ဆိုင်းခဲ့ကြောင်း၊ လက်ရှိအခြေအနေအရ တစ်ကမ္ဘာလုံးမှာ ပိုမိုဆိုးရွားစွာဖြစ်ပွား နေပြီး မိမိတို့နိုင်ငံမှာ ဖြစ်ပွားမှုနည်းပါးပေမဲ့ ကုန်စည်စီးဆင်းမှုပြတ်တောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခြင်းနဲ့။

တခြားရိုက်ခတ်မှုများစွာရှိလာခဲ့ကြောင်း၊ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိလို့ စားရေးမှာ အခက်အခဲများဖြစ်ပေါ်လာကြောင်းလည်း ပြောပါတယ်။ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ကံကောင်းတဲ့ အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ဇူလိုင် ၁၃ မွန်းလွဲပိုင်းက ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသနဲ့ အင်းလေးဒေသတို့မှ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင်တွေနဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပင်လုံရိပ်သာခန်းမမှာ တွေ့ဆုံ ပြောကြားခဲ့တာလို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ ဇူလိုင် ၁၃ ရက် မ နက် ၇ နာရီအထိ တစ်ကမ္ဘာလုံးမှာ ရောဂါကူးစက်ခံရသူ ၁၂ သန်း ၈ သိန်းကျော်၊ သေဆုံး သူ ၅ သိန်းကျော်၊ ပြန်လည် သက်သာလာသူ ၇ သန်းကျော်အနက် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၃၃၁ ဦးရှိ ပြီဖြစ်ကြောင်း၊ ကမ္ဘာနှင့် အဝန်း ဆိုးရွားစွာဖြစ်ပွားနေချိန်မှာ မိမိတို့နိုင်ငံအနေနဲ့ ကံကောင်းတယ်လို့ ဆိုရမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်တဲ့အဖွဲ့က တိုင်းရင်းသားအဖွဲ့အစည်းတာဝန်ရှိသူတွေကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းတွေ၊ ဆေးရုံသုံးပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

REF:   THE  LIFESTYLE MYANMAR

Add a Comment

Your email address will not be published. Required fields are marked *