ဇူလိုင္(၁၉)ရက္ေန႔တြင္ အာဇာနည္ဗိမာန္သို႔ အမ်ားျပည္သူမ်ားအား အကန႔္အသတ္ျဖင့္ ဂါရဝျပဳခြင့္ေပးမည္

ဇူလိုင္ ၁၉ ရက္အာဇာနည္ေန႔တြင္ အာဇာနည္ေခါင္း ေဆာင္ႀကီးမ်ား က်ဆုံးခဲ့သည့္ ဝန္ႀကီး မ်ား႐ုံးအတြင္းသို႔လည္း ယခုႏွစ္ တြင္အမ်ား ျပည္သူ ဝင္ေရာက္ခြင့္ ျပဳမည္မဟုတ္ဟု ဇြန္လ ၁၇ ရက္ ကျပဳလုပ္သည့္ အာဇာနည္ေန႔ အခမ္းအနားေအာင္ျမင္စြာ က်င္း ပႏိုင္ေရး ဗဟို ေကာ္မတီ၏လုပ္ ငန္းညႇိႏႈိင္းအစည္းအေဝးတြင္သာ သနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီး ဌာနက ျပည္ေထာင္စုဝန္ႀကီးသူရ ဦးေအာင္ကိုက ေျပာၾကားထားသည္။

ဇူလိုင္ ၁၉ ရက္တြင္က် ေရာက္မည့္(၇၃)ႏွစ္ေျမာက္ အာဇာနည္ေန႔အခမ္းအနား ျပဳလုပ္မည့္ အာဇာနည္ဗိမာန္သို႔ အမ်ားျပည္သူအား အ ေရအတြက္အကန႔္အသတ္ျဖင့္ တက္ေရာက္ ဂါရဝျပဳခြင့္ေပးရန္ရွိေၾကာင္း ရန္ ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရန္ ေအာင္က ေျပာသည္။ယခုႏွစ္ အာဇာနည္ေန႔သည္ COVID-19 ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးကာလႏွင့္ တိုက္ ဆိုင္ေနသျဖင့္ ယခင္ႏွစ္ မ်ားကဲ့ သို႔ အလုံးအရင္းျဖင့္ တက္ေရာက္ ဂါရဝျပဳျခင္းကိုခြင့္ျပဳမည္မဟုတ္ ဘဲ သတ္မွတ္အကြာအေဝးျဖင့္အ သုတ္လိုက္။

တက္ေရာက္ဂါရဝျပဳႏိုင္ရန္စီစဥ္ထားသည္ဟု သိရ ေၾကာင္း ဦးရန္ေအာင္ကဆို သည္။အရင္တုန္းကလို အေနအ ထားမ်ိဳး မဟုတ္တာ ေၾကာင့္Mask ေတြဘာေတြတပ္ဆင္ၿပီး ဝင္ရမယ္။ ေနာက္ၿပီး လူအေရအတြက္ေတာ့ ကန႔္သတ္ထားတယ္။ ေျခာက္ေပအကြာစီကေန ဂါရ၀ ျပဳလို႔ရပါတယ္။ ဒါကဒီေန႔ ေနာက္ဆုံးရတဲ့ အေျခအေနေပါ့။ တစ္သုတ္ကို ဘယ္ႏွေယာက္လဲ၊ ဥပမာတစ္သုတ္ကို ဆယ့္ႏွစ္ ေယာက္ လား အဲဒီလိုေပါ့။ေျခာက္ေပအကြာစီကေန ဂါရဝျပဳရမွာ ကိုး’’ ဟု ဦးရန္ေအာင္က ေျပာသည္။

အာဇာနည္ေန႔အခမ္းအနားအတြက္ ဇူလိုင္ ၁၃ ရက္က ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းႏွင့္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ဒုတိယဥကၠ႒ ဦးလင္းႏိုင္ျမင့္ႏွင့္ လႊတ္ေတာ္ေရး ရာဥကၠ႒အခ်ိဳ႕ႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူအခ်ိဳ႕ အစမ္းေလ့ က်င့္မႈျပဳလုပ္ခဲ့သည္။ယင္းသို႔ အစမ္းေလ့က်င့္မႈ တြင္ တရားစီရင္ေရး၊ ဥပေဒစိုးမိုး ေရးႏွင့္တိုင္ၾကားစာမ်ား၊ အသ နားခံစာမ်ား စိစစ္ေရးေကာ္မတီ ဥကၠ႒ဦးရန္ေအာင္လည္း ပါဝင္ ခဲ့သည္။

ယခုအခါ အာဇာနည္ဗိမာန္ သို႔အမ်ားျပည္သူအား လူဦးေရ အကန႔္အသတ္ျဖင့္ တက္ေရာက္ ဂါရဝျပဳခြင့္ေပးမည္ျဖစ္ေသာ္ လည္း ရန္ကုန္ ၿမိဳ႕ႏွင့္ နတ္ေမာက္ ၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပ တိုက္ေနအိမ္သို႔ အမ်ားျပည္သူ ဝင္ေရာက္ ေလ့လာခြင့္ျပဳမည္ မဟုတ္ဟု ျပန္ၾကားေရးဝန္ ႀကီး ဌာနက ထုတ္ျပန္ထားသည္။အဆိုပါ ျပတိုက္ႏွစ္ခုသို႔ ဝင္ေရာက္ေလ့လာခြင့္ျပဳမည္ မဟုတ္ေသာ္လည္း အမ်ားျပည္ သူေလ့လာႏိုင္ရန္ Online Exhibition အျဖစ္ ျပသေပးသြားမည္ဟု ေၾကညာထားသည္။

REF: THE FIFTH WAVE NEWS

UNICODE

ဇူလိုင်(၁၉)ရက်နေ့တွင် အာဇာနည်ဗိမာန်သို့ အများပြည်သူများအား အကန့်အသတ်ဖြင့် ဂါရဝပြုခွင့်ပေးမည်

ဇူလိုင် ၁၉ ရက်အာဇာနည်နေ့တွင် အာဇာနည်ခေါင်း ဆောင်ကြီးများ ကျဆုံးခဲ့သည့် ဝန်ကြီး များရုံးအတွင်းသို့လည်း ယခုနှစ် တွင်အများ ပြည်သူ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ဟု ဇွန်လ ၁၇ ရက် ကပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်း ပနိုင်ရေး ဗဟို ကော်မတီ၏လုပ် ငန်းညှိနှိုင်းအစည်းအဝေးတွင်သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ပြည်ထောင်စုဝန်ကြီးသူရ ဦးအောင်ကိုက ပြောကြားထားသည်။

ဇူလိုင် ၁၉ ရက်တွင်ကျ ရောက်မည့်(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်မည့် အာဇာနည်ဗိမာန်သို့ အများပြည်သူအား အ ရေအတွက်အကန့်အသတ်ဖြင့် တက်ရောက် ဂါရဝပြုခွင့်ပေးရန်ရှိကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန် အောင်က ပြောသည်။ယခုနှစ် အာဇာနည်နေ့သည် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလနှင့် တိုက် ဆိုင်နေသဖြင့် ယခင်နှစ် များကဲ့ သို့ အလုံးအရင်းဖြင့် တက်ရောက် ဂါရဝပြုခြင်းကိုခွင့်ပြုမည်မဟုတ် ဘဲ သတ်မှတ်အကွာအဝေးဖြင့်အ သုတ်လိုက်။

တက်ရောက်ဂါရဝပြုနိုင်ရန်စီစဉ်ထားသည်ဟု သိရ ကြောင်း ဦးရန်အောင်ကဆို သည်။အရင်တုန်းကလို အနေအ ထားမျိုး မဟုတ်တာ ကြောင့်Mask တွေဘာတွေတပ်ဆင်ပြီး ဝင်ရမယ်။ နောက်ပြီး လူအရေအတွက်တော့ ကန့်သတ်ထားတယ်။ ခြောက်ပေအကွာစီကနေ ဂါရ၀ ပြုလို့ရပါတယ်။ ဒါကဒီနေ့ နောက်ဆုံးရတဲ့ အခြေအနေပေါ့။ တစ်သုတ်ကို ဘယ်နှယောက်လဲ၊ ဥပမာတစ်သုတ်ကို ဆယ့်နှစ် ယောက် လား အဲဒီလိုပေါ့။ခြောက်ပေအကွာစီကနေ ဂါရဝပြုရမှာ ကိုး’’ ဟု ဦးရန်အောင်က ပြောသည်။

အာဇာနည်နေ့အခမ်းအနားအတွက် ဇူလိုင် ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ရေး ရာဥက္ကဋ္ဌအချို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူအချို့ အစမ်းလေ့ ကျင့်မှုပြုလုပ်ခဲ့သည်။ယင်းသို့ အစမ်းလေ့ကျင့်မှု တွင် တရားစီရင်ရေး၊ ဥပဒေစိုးမိုး ရေးနှင့်တိုင်ကြားစာများ၊ အသ နားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးရန်အောင်လည်း ပါဝင် ခဲ့သည်။

ယခုအခါ အာဇာနည်ဗိမာန် သို့အများပြည်သူအား လူဦးရေ အကန့်အသတ်ဖြင့် တက်ရောက် ဂါရဝပြုခွင့်ပေးမည်ဖြစ်သော် လည်း ရန်ကုန် မြို့နှင့် နတ်မောက် မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြ တိုက်နေအိမ်သို့ အများပြည်သူ ဝင်ရောက် လေ့လာခွင့်ပြုမည် မဟုတ်ဟု ပြန်ကြားရေးဝန် ကြီး ဌာနက ထုတ်ပြန်ထားသည်။အဆိုပါ ပြတိုက်နှစ်ခုသို့ ဝင်ရောက်လေ့လာခွင့်ပြုမည် မဟုတ်သော်လည်း အများပြည် သူလေ့လာနိုင်ရန် Online Exhibition အဖြစ် ပြသပေးသွားမည်ဟု ကြေညာထားသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *