



REF: SHWE WIKI

UNICODE

သာဓုပါဗျာ ဟာသ-သရုပ်ဆောင်ဦးမန်းဝင်းေ ဆးရုံတက်စဉ် က ကုန်ကျစ ရိတ် (၁၉) သိန်းကျော် ကို ပင်လုံဆေးရုံကြီးက အခမဲ့ပေး

ခုလို ဆေးကုသစရိတ်တွေအတွက် မိသားစုခက်ခဲနေချိန်မှာ ပင်လုံဆေးရုံရဲ့ ကူညီပေးမှုကြောင့် ဦးမန်းဝင်းရဲ့ မိသားစုဝင်တွေလည်း အဆင် ပြေပြေ ဖြစ်သွားပြီဆိုတော့ ပရိသတ်တွေကလည်း ကျေးဇူးတင်မဆုံးဖြစ်နေကြတာပါ ။ ဘဘဦးမန်းဝင်းတစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။

ပရိ သတ်တွေကို ဟာသတွေနဲ့ အနုပညာနဲ့အလုပ်အကျွေးပြုခဲ့တဲ့ ဟာသ သရုပ်ဆောင်လူရွှင်တော် ဦးမန်းဝင်း ကတော့ ဇူလိုင်လ (၁၃) ရက်နေ့ မနက် ပိုင်းမှာ ကွယ်လွန်သွားခဲ့တဲ့အတွက် မိသားစုနဲ့ထပ်တူ ပရိသတ်တွေလည်း ဝမ်းနည်းကြေကွဲခဲ့ရ ပါတယ် ။မကွယ်လွန်မီက ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ပြီး ကုန်ကျငွေ မတတ်နိုင်၍ မိသားစုတွေအတွက် အတော်လေးကို အခက်အခဲ ဖြစ်ခဲ့ရတာပါ ။

ဖခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် သားသမီးတွေအားလုံးက အခက်ခဲတွေကြားက ရှာကြံပြီး အသက်ဆက်ခဲ့ကြပေမယ့် နောက်ဆုံးတော့ မိသားစုနဲ့ သားသမီးတွေကို စွန့်ခွာသွားခဲ့ပါပြီ ။ဦးမန်းဝင်း ကွယ်လွန်သွားတဲ့အချိန်မှာတော့ ဦးမန်းဝင်း ပင်လုံဆေးရုံမှာ ဆေးရုံတက်ခဲ့စဉ် က ကျသင့်ငွေ ( တစ်ဆယ့်ကိုးသိန်းသုံးသောင်း ) ကျော်အား ပင်လုံဆေးရုံမှ Foc ပေးလိုက်တယ်လို့သိရပါတယ် ။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *