




REF: SHWE WIKI

UNICODE

အလုပ်တွေ မရှိတဲ့အချိန်မှာ ကြော်ငြာခေါ်ရိုက်ပြီး ကန်တော့ခဲ့ တဲ့ ဖြူဖြူထွေးကြောင့် ဝမ်းသာခဲ့ရတဲ့ ဘုန်းလျှံ

ကိုရိုနာဗိုင်းရပ်ကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေချိန် ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ပရဟိတ မင်းသမီးချောလေး ဖြူဖြူ ထွေးက ကြော်ငြာခေါ်ရိုက်တာကြောင့် ပျော်ရွှင်နေတာလည်း ဖြစ် ပါတယ်……။ကြော်ငြာခေါ်ရိုက်တဲ့အပြင် လိုအပ်တဲ့ပစ္စည်းအစုံအလင် ကိုလည်း ကန်တော့လိုက်တာကြောင့် အတိုင်းမသိ ဝမ်းသာပျော်ရွှင် နေကြောင်းကို မင်းသားချော ဘုန်းလျှံက ပြောဆိုလာပါတယ်။

bank..ကြော်ငြာရိုက်ပြီးကန်တော့ခံရတော့ဝမ်းသာပိတိဖြစ်ရပါတယ်…..ညီမလေးဖြူဖြူထွေးရေ” ဆိုတဲ့ စာသားလေးအပြင် ပုံလေး တွေ ကိုလည်း တင်ပေးလာတာပါ။ ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ အလှူဒါနလေးကို သာဓုခေါ်နိုင်စေရန်အတွက် ပြန်လည်တင် ဆက် ပေး လိုက်ပါတယ်နော်……။

တချိန် က အနုပညာလောကမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်း သားချော ဘုန်းလျှံကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။ ဘုန်းလျှံက အကြမ်းအနုဇာတ်စုံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ ။

သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တာလည်းဖြစ်ပါတယ်…..။ အနုပညာလော ကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ မင်းသားချော ဘုန်းလျှံက ယခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေအပြင် ပရဟိတလုပ်ငန်းတွေ ကိုလည်း ကြိုးစားလုပ်ကိုင်နေသူတစ်ဦးပါ။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *