အေမရိကန္ ႏွင့္ ႐ုရွားတို႔ရဲ႕ န်ဴကလီးယား ေဆြးေႏြးပြဲတြင္ တ႐ုတ္က ပါဝင္ဖို႔ ျငင္းဆန္

လက္နက္ ထိန္းခ်ဳပ္ ေရး သမၼတ ႐ုံး အထူး သံတမန္ သံအမတ္ ႀကီး Marshall Billingslea က န်ဴကလီးယား လက္နက္ ပိုင္ဆိုင္ တဲ့ ကမာၻ႔အင္အားႀကီး ၃ ႏိုင္ငံ လက္နက္ထိန္းခ်ဳပ္ေရး ေဆြးေႏြးပြဲေတြမွာ တ႐ုတ္ႏိုင္ငံကို ပူးေပါင္းပါ ဝင္ဖို႔ ဖိတ္ေခၚသြားမယ့္အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Morgan Ortagus က ၾကာသေပေတးေန႔ က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆို ခဲ့ပါတယ္။

တ႐ုတ္ က ေဆြးေႏြးပြဲ ေတြမွာ မပါဝင္ ဖို႔ ျငင္းဆို လိုက္ ၿပီး အေမရိကန္ က ဒီကိစၥနဲ႔ ပတ္သက္လို႔တ႐ုတ္ ကို တိုက္ တြန္း ေနတာ က တ ႐ုတ္ႏိုင္ငံ ရဲ႕ အေန အထား ကို ပ်က္ယြင္းေအာင္ လုပ္ေန တာလို႔ ေျပာခြင့္ရZ hao ကေျပာပါ တယ္။အခု လို န်ဴကလီးယား ေဆြးေႏြးပြဲ ေတြ မွာ တ႐ုတ္ ကို ထည့္သြင္း ဖို႔ ႀကိဳးစားလာတာဟာ တ႐ုတ္ရဲ႕စစ္ေရးအရ အင္အားႀကီး ထြားလာတာကို အေမရိကန္က အသိ အမွတ္ျပဳရာ ေရာက္တယ္လို႔ အကဲခတ္ေတြက သုံးသပ္ၾကပါ တယ္။

အေမရိကန္ နဲ႔ တ႐ုတ္ ၾကား န်ဴကလီးယား လက္နက္ နဲ႔ ပတ္သက္ လို႔ တင္းမာ မႈ ျပႆနာ အသစ္ ေတြျဖစ္ မွာ စိုးရိမ္ တဲ့အေၾကာင္းျပ ခ်က္ နဲ႔အေမရိကန္ နဲ႔ ႐ုရွား ၾကား န်ဴကလီး ယား အေရးေဆြးေႏြး ပြဲ ေတြ မွာ ပါဝင္ဖို႔ ကို တ႐ုတ္ က လက္မခံ ျငင္းဆန္ လိုက္ ပါတယ္ ။(၃) ႏိုင္ငံ လက္နက္ ထိန္းခ်ဳပ္ ေရး သေဘာ တူညီခ်က္ နဲ႔ ပတ္သက္ လို႔ တ႐ုတ္ ရဲ႕ ျငင္း ဆန္ မႈ က သိပ္ ကို ပြင့္လင္း သလို ဒါကို အေမရိကန္ ကလည္း သိပါတယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Zhao Lijian က ေသာၾကာေန႔က ေျပာပါတယ္။

အေမရိကန္ နဲ႔ ႐ုရွားၾကား န်ဴကလီးယား ဒုံးက်ည္ ပိုင္ဆိုင္ မႈ ကန႔္္သတ္ ေလ်ာ့ ခ်ေရး သေဘာတူညီ ခ်က္ ကို ၂၀၁၀ တုန္း က ခ်ဳပ္ဆို ခဲ့ တာပါ ။ အခုေနာက္ ပိုင္း တ႐ုတ္ ႏိုင္ငံ က တျဖည္း ျဖည္း ကမာ ၻ့အင္အား ႀကီးႏိုင္ ငံ တခုျဖစ္ လာတဲ့ အတြက္ န်ဴကလီး ယား သေဘာတူ စာခ်ဳပ္ အသစ္မွာ တ႐ုတ္ႏိုင္ငံ ကို ထည့္သြင္း သင့္ေၾကာင္း သမၼ တ Trump ရဲ႕ အမ်ိဳး သားလုံ ၿခဳံ ေရး အႀကံ ေပး Robert O’Brien က ၿပီး ခဲ့တဲ့ ေဖေဖာ္ဝါရီလ တုန္း ကေျပာခဲ့ ပါတယ္။

MOE WIN OO

crd:Girnari online

UNICODE

အမေရိကန် နှင့် ရုရှားတို့ရဲ့ နျူကလီးယား ဆွေးနွေးပွဲတွင် တရုတ်က ပါဝင်ဖို့ ငြင်းဆန်

လက်နက် ထိန်းချုပ် ရေး သမ္မတ ရုံး အထူး သံတမန် သံအမတ် ကြီး Marshall Billingslea က နျူကလီးယား လက်နက် ပိုင်ဆိုင် တဲ့ ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံ လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံကို ပူးပေါင်းပါ ဝင်ဖို့ ဖိတ်ခေါ်သွားမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Morgan Ortagus က ကြာသပေတေးနေ့ က ကြေညာချက် ထုတ်ပြန်ပြောဆို ခဲ့ပါတယ်။

တရုတ် က ဆွေးနွေးပွဲ တွေမှာ မပါဝင် ဖို့ ငြင်းဆို လိုက် ပြီး အမေရိကန် က ဒီကိစ္စနဲ့ ပတ်သက်လို့တရုတ် ကို တိုက် တွန်း နေတာ က တ ရုတ်နိုင်ငံ ရဲ့ အနေ အထား ကို ပျက်ယွင်းအောင် လုပ်နေ တာလို့ ပြောခွင့်ရZ hao ကပြောပါ တယ်။အခု လို နျူကလီးယား ဆွေးနွေးပွဲ တွေ မှာ တရုတ် ကို ထည့်သွင်း ဖို့ ကြိုးစားလာတာဟာ တရုတ်ရဲ့စစ်ရေးအရ အင်အားကြီး ထွားလာတာကို အမေရိကန်က အသိ အမှတ်ပြုရာ ရောက်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါ တယ်။

အမေရိကန် နဲ့ တရုတ် ကြား နျူကလီးယား လက်နက် နဲ့ ပတ်သက် လို့ တင်းမာ မှု ပြဿနာ အသစ် တွေဖြစ် မှာ စိုးရိမ် တဲ့အကြောင်းပြ ချက် နဲ့အမေရိကန် နဲ့ ရုရှား ကြား နျူကလီး ယား အရေးဆွေးနွေး ပွဲ တွေ မှာ ပါဝင်ဖို့ ကို တရုတ် က လက်မခံ ငြင်းဆန် လိုက် ပါတယ် ။(၃) နိုင်ငံ လက်နက် ထိန်းချုပ် ရေး သဘော တူညီချက် နဲ့ ပတ်သက် လို့ တရုတ် ရဲ့ ငြင်း ဆန် မှု က သိပ် ကို ပွင့်လင်း သလို ဒါကို အမေရိကန် ကလည်း သိပါတယ်လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Zhao Lijian က သောကြာနေ့က ပြောပါတယ်။

အမေရိကန် နဲ့ ရုရှားကြား နျူကလီးယား ဒုံးကျည် ပိုင်ဆိုင် မှု ကန့််သတ် လျော့ ချရေး သဘောတူညီ ချက် ကို ၂၀၁၀ တုန်း က ချုပ်ဆို ခဲ့ တာပါ ။ အခုနောက် ပိုင်း တရုတ် နိုင်ငံ က တဖြည်း ဖြည်း ကမာ ္ဘ့အင်အား ကြီးနိုင် ငံ တခုဖြစ် လာတဲ့ အတွက် နျူကလီး ယား သဘောတူ စာချုပ် အသစ်မှာ တရုတ်နိုင်ငံ ကို ထည့်သွင်း သင့်ကြောင်း သမ္မ တ Trump ရဲ့ အမျိုး သားလုံ ခြုံ ရေး အကြံ ပေး Robert O’Brien က ပြီး ခဲ့တဲ့ ဖေဖော်ဝါရီလ တုန်း ကပြောခဲ့ ပါတယ်။

MOE WIN OO

crd:Girnari online

Add a Comment

Your email address will not be published.