ႏိုင္ ငံေတာ္ အတိုင္ပင္ ခံ ေဒၚေအာင္ဆန္းစုၾကည္ ေျပာျပထားတဲ့ လုံးဝ ခြင့္မလႊတ္ ႏိုင္ တဲ့ အမွား (၂) ခု

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ အန္တီစု ေျပာေလ့ရွိတဲ့ သူ လုံးဝခြင့္မလႊတ္ႏိုင္တဲ့ အမွား(၂)ခုဆိုတာ အဲ့ဒါေတြပါ။ ေနာက္ပိုင္းေရာက္လာ တဲ့အခါမွာ အန္တီ့စကားကို တဆင့္ျပန္မွ်ေဝတာပဲျဖစ္ျဖစ္၊ တဆင့္စကားၾကားလိုက္တာအေပၚမွာ နားလည္မႈေကာက္ခ်က္ခ် လိုက္တာပဲ ျဖစ္ျဖစ္၊ ျပန္ေျပာျပ ၾကတဲ့ အခါမွာေတာ့ အဆိုပါအခ်က္ (၂)ခ်က္ ကေန.. “အဂတိလိုက္စားတာနဲ႔ ေဖာက္ျပန္တာ”၊ တခ်ိဳ႕ၾက ေတာ့လဲ “လာဘ္ေပး လာဘ္ယူနဲ႔လူမႈေရးေဖာက္ျပန္မႈ”… အစရွိသျဖင့္ မူရင္းအဓိပၸါယ္နဲ႔ “သံတူေၾကာင္းကြဲ”ေလးေတြ ျဖစ္လာလို႔ အမွတ္ မမွားၾက ရေအာင္ သိရွိသမွ်၊ မွတ္မိသမွ် ျပန္လည္မွ်ေဝလိုက္ပါတယ္ခင္ဗ်ား။ ။

ဒီ စကား ကို ေတာ္ေတာ္ မ်ားမ်ား ၾကားဖူးၾက ၿပီးသားပါ။ အန္တီကို ယ္တိုင္လဲ အလ်ဥ္းသင့္ရင္ သင့္သလို အႀကိမ္ႀကိမ္ ေျပာဖူးပါတယ္။ ဒါဆို က်ေနာ္က ဘာ့ေၾကာင့္ မိေက်ာင္းမ င္းေရခင္းျ ပ၊ ဒီစကားႏွစ္ခြန္းကို ထပ္ျပန္ ေျပာမွာလဲ။ အေၾကာင္းရွိပါတယ္။ အန္တီ ေျပာခဲ့ တဲ့စကားကိုပဲ တဆင့္ၿပီးတဆင့္ ျပန္ေျပာၾက၊ မွ်ေဝၾကရာကေန အေၾကာင္း အရာပိုင္းမွာ “မူကြဲ”ေ လးေတြ ျဖစ္လာလို႔ပါ။ အန္တီကိုယ္ တိုင္ကလဲ သူအႀကိ မ္ႀကိမ္ေျပာခဲ့ဖူးၿပီးသား ျဖစ္တဲ့အတြက္ သိၿပီး သားလို႔မ်ား ယူဆလို႔ပဲလားမသိ၊ (က်ေနာ္တို႔ကို ေျပာခဲ့ဖူးတုန္းကလို) အေသးစိတ္ေတြ ရွင္းျပေျပာေမ နေတာ့ပါဘူး။

ဒီေတာ့ကာ အန္တီ့ေျပာစ ကားနဲ႔ပတ္သက္ၿပီး ေနာက္လူေတြ အမွတ္မမွားရေအာင္ ဦးေႏွာက္ထဲေ ပၚလာတုန္းေလး မွ်ေဝေပးပါရေစ။ အန္တီေျပာခဲ့ဖူးပါတယ္။ အဖြဲ႕ခ်ဳပ္ဝင္ေ တြအေနနဲ႔ လုပ္ရပ္ အမွားတခုခု က်ဴးလြန္မိတ ယ္ဆိုရင္ တတ္ႏိုင္သမွ် ခြင့္လႊ တ္တယ္၊ အမွား ျပင္ဆင္ခြင့္ေပးတယ္၊ ျပန္ျပင္ဖို႔ အခြင့္ေအ ရးေပးတယ္။ ဒါေပမယ့္ သူ လုံးဝ လက္မခံႏိုင္တဲ့ အမွားမ်ိဳး က်ဴးလြန္မိတယ္ဆိုရင္ေတာ့ အဲ့ဒီ လူကို လုံးဝ ခြင့္မလႊတ္ႏိုင္ဘူး။ အဲ့ဒါေတြကေတာ့

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ လုံးဝ ခြင့္မလႊတ္ ႏိုင္တဲ့ အမွား (၂) ခု

၁။ အမ်ားပိုင္ေငြေၾကး (ျပည္သူ႔ပိုက္ဆံ)ေတြ ကို ကိုယ္က်ိဳးအတြက္ အသုံးခ်တာ နဲ႔

၂။ အဖြဲ႕ခ်ဳပ္နဲ႔ ရဲေဘာ္ ရဲဘက္အခ်င္းခ်င္း အေပၚမွာ သစၥာေဖာက္တာ –

လို႔ အၿမဲေျပာဆိုၿပီး ဆုံးမေလ့ ရွိ ပါတယ္။ အန္တီေျပာခဲ့ တဲ့စကားရဲ႕ အဓိကအေၾကာ င္းအရာကေတာ့ အဲ့ဒီ့ (၂) ခုပါ။

ေနာက္ပိုင္း တဆင့္ျပန္ေျပာၾကရာကေန အေၾကာင္း အရာေ ခါင္းစဥ္ပိုင္း ကြဲလြဲလာတာေလးေတြ ရွိလာ၊ ျဖစ္လာ တဲ့အတြက္ အန္တီ့ေျပာ စကားေတြရဲ႕ ေနာက္ခံဇာတ္ေ ၾကာင္းေလးေတြပါ ေဆြးေႏြးတင္ျပပါရေစ။ ဒီေနရာမွာ က်ေနာ္တို႔အေနနဲ႔ အန္တီေျပာခဲ့တဲ့ အခ်ိန္ကာလ ကိုလဲ ထည့္ေျပာမွ ပိုမိုျပည့္စုံရွ င္းလင္းပါလိမ့္မယ္။ အန္တီ ဒီစကားေတြေျ ပာခဲ့တဲ့အခ်ိန္က အဖြဲ႕ခ်ဳပ္အေနနဲ႔ အတိုက္အ ခံကာလပဲ ရွိပါ ေသးတယ္။ တိတိက်က်ေျပာရ မယ္ဆိုရင္ အဖြဲ႕ခ်ဳပ္ဟာ အစိုးရဖြဲ႕ဖို႔မေျပာနဲ႔ တရားဝင္ရပ္တည္ဖို႔ေတာင္ မနည္း႐ုန္းက န္ေနရတဲ့အခ်ိန္ပါ။

မွတ္မိၾက ပါလိမ့္မယ္.. အဖိႏွိပ္ခံကာေလ တြတုန္းက ေ႐ႊဂုံတိုင္႐ုံးခ်ဳပ္မွာ ဆန္ေတြေဝတာ၊ အေျခခံစားေသာက္ကုန္ေ တြေဝတာ… အစ ရွိသျဖင့္ တတ္စြမ္း သမွ် လုပ္ခဲ့ၾကပါတယ္။ တဆက္ထဲမွာပဲ “လူမႈေထာက္ကူ”ကလဲ ႏိုင္ငံေရးအက်ဥ္းသားေတြ၊ အက်ဥ္းသားရဲ႕ မိသားစု ဝင္ေတြကို တ ႏိုင္တပိုင္ ေထာက္ပံ့ေပးေ နခ်ိန္ေပါ့။ ဒါေတြအားလုံးဟာလဲ ျပည္ သူေတြကေန မရဲတရဲနဲ႔ အဖြဲ႕ခ်ဳပ္ကို လာလႉၾကၿပီး၊ အဲ့ဒါေတြနဲ႔ပဲ ျပန္လည္ေထာက္ ပံ့မႈေတြ လုပ္ေနရတာပါ။ ဒီလိုအေျခအေနမွာ အန္တီေျပာဆိုဆုံးမခဲ့တာက “ျပည္သူေတြဟာ အဖြဲ႕ခ်ဳပ္ကို ယုံၾကည္လို႔ သူတို႔ရဲ႕ ရွိစုမဲ့စု ေခြၽးနည္းစာေ လးေတြကေန ဒီမိုကေရစီအေရးအတြက္ ႀကိဳးပမ္းေနၾက၊

ႀကိဳးပမ္းခဲ့ၾကသူေတြကို ႏိုင္တဲ့ဝန္နဲ႔ ေထာက္ပံ့ၾကတယ္။ကိုယ္က်ိဳးစြန႔္ၿပီး၊ အမ်ားအက်ိဳးေဆာင္႐ြက္ေပးတဲ့သူေတြ အတြက္ ျပည္သူေတြက ေစတနာထားၿပီး ေထာက္ပံ့ကူညီၾကတယ္။ ဒါကိုမွ မေလးစားပဲ၊ ျပည္သူ႔ေခြၽးနည္းစာေတြကို အမ်ားအက်ိဳးအတြက္မသုံးပဲ ကိုယ္က်ိဳးအ တြက္ပဲ ၾကည့္မယ္၊ ငါ့ရပိုင္ခြင့္လို႔မွတ္ယူၿပီး တလြဲသုံးမယ္ ဆိုရင္ေတာ့ အန္တီ ဘယ္လိုမွ ခြင့္မလႊတ္ႏိုင္ဘူး”…တဲ့။ စကားလုံး အတိအေက် တာ့ မဟုတ္ေပမယ့္ အဲ့ဒီ့အဓိပၸါယ္နဲ႔ သေဘာထား ကို ေျပာခဲ့ဖူးပါတယ္။ အဲဒါကေတာ့ “အမ်ားပိုင္ေငြေၾကး (ျပည္သူ႔ပိုက္ဆံ)ေတြကို ကိုယ္က်ိဳးအတြက္ တလြဲအသုံးခ်တဲ့အေၾကာင္းပါ။

ေနာက္ တခ်က္ကေတာ့- အဖြဲ႕ခ်ဳပ္နဲ႔ ကိုယ့္ရဲေဘာ္ရဲဘက္ေ တြအေပၚ သစၥာေဖာက္မႈ။ ဘာကိုဆိုလို တာလဲဆိုေတာ့၊ အဲ့ဒီ့ကာလမွာ ေထာက္လွမ္းေရးနဲ႔ သတင္းတပ္ဖြဲ႕ေ တြအပါအဝင္ စစ္အစိုးရရဲ႕ေဒါက္ တိုင္မ်ားဟာ အဖြဲ႕ခ်ဳပ္ထဲကို တတ္ႏိုင္သမွ် ထိုးေဖာက္ ဝင္ေရာက္ ႐ုံမက၊ အဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ အခ်င္းခ်င္းကိုလဲ နည္းလမ္းေပါင္းစုံနဲ႔ ေသြးခြဲခဲ့ၾကပါတယ္။ ေငြေၾကးနဲ႔စည္း႐ုံးတယ္၊ အခြင့္အေရးနဲ႔ျမဴဆြယ္ တယ္၊ အၾကပ္ကိုင္ၿခိမ္းေျခာက္တယ္၊ ရသမွ် နည္းေပါင္းစုံသုံးၿပီး ၿဖိဳခြဲတာပါ။တနည္းမရရင္ ေနာက္တနည္း၊ တမ်ိဳးနဲ႔မရရင္ ေနာက္တမ်ိဳး၊ အဖုံဖုံေသာ သပ္လွ်ိဳေသြးခြဲမႈ မ်ားေၾကာင့္ျဖစ္ေစ၊ ဖိအားေပး ၿခိမ္းေျခာက္အၾကပ္ကိုင္မႈမ်ားေၾကာင့္ျဖစ္ေစ အဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္အျဖစ္မွ ရပ္နားသြားၾကရတဲ့သူေတြလဲ ရွိလာ၊ ေပၚလာပါတယ္။

မွတ္မိတဲ့သူမ်ား မွတ္မိၾကပါလိမ့္မယ္။ ဘယ္ၿမိဳ႕၊ ဘယ္နယ္ကေတာ့ NLD ကင္းစင္နယ္ေျမျဖစ္ရမယ္ဆိုတဲ့ အထိ ရည္႐ြယ္ခ်က္ အႀကီးအ မားနဲ႔ ဇယားခ်အကြက္က် ဖိႏွိပ္ခဲ့ၾကတာပါ။ ဒီလိုေနရာမွာလဲ ကိုယ့္ဘဝရဲ႕ရပ္တည္မႈ၊ ကိုယ့္မိသားစုရဲ႕ အေျခအေန… အစရွိသျဖင့္ အမ်ိဳး မ်ိဳးေသာ အေၾကာင္းေၾကာင္း ေတြေၾကာင့္ အဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္အျဖစ္ကေန ရပ္ဆိုင္းလိုက္ရတဲ့၊ ရပ္ဆိုင္းလိုက္ၾကတဲ့ အဖြဲ႕ဝင္ေဟာင္းေတြ၊ အဖြဲ႕ခ်ဳပ္နဲ႔ကင္းကြာသြားတဲ့သူေတြ ရွိလာပါတယ္။ ဒါေပမယ့္လည္း အဆိုပါပုဂၢိဳလ္မ်ားအေပၚ အန္တီက အျပစ္မတင္ပါဘူး။ အေျခအေန တခုေၾကာင့္ ျဖစ္လာရတာလို႔ ေျဖေတြးေလး ေတြးေပးႏိုင္ပါေသးတယ္။

သို႔ေသာ္- အျခားတဘက္ အဖြဲ႕အစည္းနဲ႔ေပါင္းၿပီး အတြင္းသတင္း အျပင္ေရာင္းစားတာမ်ိဳးေတြ၊ အဖြဲ႕ခ်ဳပ္ရဲ႕လုပ္ငန္းစဥ္ေတြ အေပၚ အ ေႏွာင့္အယွက္ေတြေပၚလာေအာင္ ေသြးထိုး လႈပ္ရွားတာမ်ိဳးေတြ၊ ကိုယ့္ရဲေဘာ္ ရဲဘက္အခ်င္းခ်င္း လက္ေထာက္ခ်ထိုးေကြၽးတာမ်ိဳးေတြ… အဲ့လိုအလုပ္မ်ိဳးလုပ္တဲ့ “အဖြဲ႕ခ်ဳပ္နဲ႔ ရဲေဘာ္ရဲဘက္ အခ်င္းခ်င္းအေပၚ” သစၥာေဖာက္တဲ့ သူမ်ိဳးေတြဆိုရင္ေတာ့ လုံးဝ ခြင့္မလႊတ္ဘူး…လို႔ ေျပာဆိုဆုံးမခဲ့ဖူးပါတယ္။ ထားရွိရမယ့္ သစၥာတရားအေပၚ ေဖာက္ဖ်က္၊ ေဖာက္ျပန္သူေတြအေပၚ ခြင့္မလႊတ္ႏိုင္ဘူး..လို႔ ဆိုလိုတာျဖစ္ပါတယ္။

ေလးစားစြာျဖင့္…

ေဇယ်ာေသာ္

၁၀-၇-၂၀၂၀

UNICODE

နိုင် ငံတော် အတိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည် ပြောပြထားတဲ့ လုံးဝ ခွင့်မလွှတ် နိုင် တဲ့ အမှား (၂) ခု

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အန်တီစု ပြောလေ့ရှိတဲ့ သူ လုံးဝခွင့်မလွှတ်နိုင်တဲ့ အမှား(၂)ခုဆိုတာ အဲ့ဒါတွေပါ။ နောက်ပိုင်းရောက်လာ တဲ့အခါမှာ အန်တီ့စကားကို တဆင့်ပြန်မျှဝေတာပဲဖြစ်ဖြစ်၊ တဆင့်စကားကြားလိုက်တာအပေါ်မှာ နားလည်မှုကောက်ချက်ချ လိုက်တာပဲ ဖြစ်ဖြစ်၊ ပြန်ပြောပြ ကြတဲ့ အခါမှာတော့ အဆိုပါအချက် (၂)ချက် ကနေ.. “အဂတိလိုက်စားတာနဲ့ ဖောက်ပြန်တာ”၊ တချို့ကြ တော့လဲ “လာဘ်ပေး လာဘ်ယူနဲ့လူမှုရေးဖောက်ပြန်မှု”… အစရှိသဖြင့် မူရင်းအဓိပ္ပါယ်နဲ့ “သံတူကြောင်းကွဲ”လေးတွေ ဖြစ်လာလို့ အမှတ် မမှားကြ ရအောင် သိရှိသမျှ၊ မှတ်မိသမျှ ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျား။ ။

ဒီ စကား ကို တော်တော် များများ ကြားဖူးကြ ပြီးသားပါ။ အန်တီကို ယ်တိုင်လဲ အလျဉ်းသင့်ရင် သင့်သလို အကြိမ်ကြိမ် ပြောဖူးပါတယ်။ ဒါဆို ကျနော်က ဘာ့ကြောင့် မိကျောင်းမ င်းရေခင်းြ ပ၊ ဒီစကားနှစ်ခွန်းကို ထပ်ပြန် ပြောမှာလဲ။ အကြောင်းရှိပါတယ်။ အန်တီ ပြောခဲ့ တဲ့စကားကိုပဲ တဆင့်ပြီးတဆင့် ပြန်ပြောကြ၊ မျှဝေကြရာကနေ အကြောင်း အရာပိုင်းမှာ “မူကွဲ”ေ လးတွေ ဖြစ်လာလို့ပါ။ အန်တီကိုယ် တိုင်ကလဲ သူအကြိ မ်ကြိမ်ပြောခဲ့ဖူးပြီးသား ဖြစ်တဲ့အတွက် သိပြီး သားလို့များ ယူဆလို့ပဲလားမသိ၊ (ကျနော်တို့ကို ပြောခဲ့ဖူးတုန်းကလို) အသေးစိတ်တွေ ရှင်းပြပြောမေ နတော့ပါဘူး။

ဒီတော့ကာ အန်တီ့ပြောစ ကားနဲ့ပတ်သက်ပြီး နောက်လူတွေ အမှတ်မမှားရအောင် ဦးနှောက်ထဲေ ပါ်လာတုန်းလေး မျှဝေပေးပါရစေ။ အန်တီပြောခဲ့ဖူးပါတယ်။ အဖွဲ့ချုပ်ဝင်ေ တွအနေနဲ့ လုပ်ရပ် အမှားတခုခု ကျူးလွန်မိတ ယ်ဆိုရင် တတ်နိုင်သမျှ ခွင့်လွှ တ်တယ်၊ အမှား ပြင်ဆင်ခွင့်ပေးတယ်၊ ပြန်ပြင်ဖို့ အခွင့်အေ ရးပေးတယ်။ ဒါပေမယ့် သူ လုံးဝ လက်မခံနိုင်တဲ့ အမှားမျိုး ကျူးလွန်မိတယ်ဆိုရင်တော့ အဲ့ဒီ လူကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး။ အဲ့ဒါတွေကတော့

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လုံးဝ ခွင့်မလွှတ် နိုင်တဲ့ အမှား (၂) ခု

၁။ အများပိုင်ငွေကြေး (ပြည်သူ့ပိုက်ဆံ)တွေ ကို ကိုယ်ကျိုးအတွက် အသုံးချတာ နဲ့

၂။ အဖွဲ့ချုပ်နဲ့ ရဲဘော် ရဲဘက်အချင်းချင်း အပေါ်မှာ သစ္စာဖောက်တာ –

လို့ အမြဲပြောဆိုပြီး ဆုံးမလေ့ ရှိ ပါတယ်။ အန်တီပြောခဲ့ တဲ့စကားရဲ့ အဓိကအကြော င်းအရာကတော့ အဲ့ဒီ့ (၂) ခုပါ။

နောက်ပိုင်း တဆင့်ပြန်ပြောကြရာကနေ အကြောင်း အရာေ ခါင်းစဉ်ပိုင်း ကွဲလွဲလာတာလေးတွေ ရှိလာ၊ ဖြစ်လာ တဲ့အတွက် အန်တီ့ပြော စကားတွေရဲ့ နောက်ခံဇာတ်ေ ကြာင်းလေးတွေပါ ဆွေးနွေးတင်ပြပါရစေ။ ဒီနေရာမှာ ကျနော်တို့အနေနဲ့ အန်တီပြောခဲ့တဲ့ အချိန်ကာလ ကိုလဲ ထည့်ပြောမှ ပိုမိုပြည့်စုံရှ င်းလင်းပါလိမ့်မယ်။ အန်တီ ဒီစကားတွေေြ ပာခဲ့တဲ့အချိန်က အဖွဲ့ချုပ်အနေနဲ့ အတိုက်အ ခံကာလပဲ ရှိပါ သေးတယ်။ တိတိကျကျပြောရ မယ်ဆိုရင် အဖွဲ့ချုပ်ဟာ အစိုးရဖွဲ့ဖို့မပြောနဲ့ တရားဝင်ရပ်တည်ဖို့တောင် မနည်းရုန်းက န်နေရတဲ့အချိန်ပါ။

မှတ်မိကြ ပါလိမ့်မယ်.. အဖိနှိပ်ခံကာလေ တွတုန်းက ရွှေဂုံတိုင်ရုံးချုပ်မှာ ဆန်တွေဝေတာ၊ အခြေခံစားသောက်ကုန်ေ တွဝေတာ… အစ ရှိသဖြင့် တတ်စွမ်း သမျှ လုပ်ခဲ့ကြပါတယ်။ တဆက်ထဲမှာပဲ “လူမှုထောက်ကူ”ကလဲ နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းသားရဲ့ မိသားစု ဝင်တွေကို တ နိုင်တပိုင် ထောက်ပံ့ပေးေ နချိန်ပေါ့။ ဒါတွေအားလုံးဟာလဲ ပြည် သူတွေကနေ မရဲတရဲနဲ့ အဖွဲ့ချုပ်ကို လာလှူကြပြီး၊ အဲ့ဒါတွေနဲ့ပဲ ပြန်လည်ထောက် ပံ့မှုတွေ လုပ်နေရတာပါ။ ဒီလိုအခြေအနေမှာ အန်တီပြောဆိုဆုံးမခဲ့တာက “ပြည်သူတွေဟာ အဖွဲ့ချုပ်ကို ယုံကြည်လို့ သူတို့ရဲ့ ရှိစုမဲ့စု ချွေးနည်းစာေ လးတွေကနေ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေကြ၊

ကြိုးပမ်းခဲ့ကြသူတွေကို နိုင်တဲ့ဝန်နဲ့ ထောက်ပံ့ကြတယ်။ကိုယ်ကျိုးစွန့်ပြီး၊ အများအကျိုးဆောင်ရွက်ပေးတဲ့သူတွေ အတွက် ပြည်သူတွေက စေတနာထားပြီး ထောက်ပံ့ကူညီကြတယ်။ ဒါကိုမှ မလေးစားပဲ၊ ပြည်သူ့ချွေးနည်းစာတွေကို အများအကျိုးအတွက်မသုံးပဲ ကိုယ်ကျိုးအ တွက်ပဲ ကြည့်မယ်၊ ငါ့ရပိုင်ခွင့်လို့မှတ်ယူပြီး တလွဲသုံးမယ် ဆိုရင်တော့ အန်တီ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး”…တဲ့။ စကားလုံး အတိအကျေ တာ့ မဟုတ်ပေမယ့် အဲ့ဒီ့အဓိပ္ပါယ်နဲ့ သဘောထား ကို ပြောခဲ့ဖူးပါတယ်။ အဲဒါကတော့ “အများပိုင်ငွေကြေး (ပြည်သူ့ပိုက်ဆံ)တွေကို ကိုယ်ကျိုးအတွက် တလွဲအသုံးချတဲ့အကြောင်းပါ။

နောက် တချက်ကတော့- အဖွဲ့ချုပ်နဲ့ ကိုယ့်ရဲဘော်ရဲဘက်ေ တွအပေါ် သစ္စာဖောက်မှု။ ဘာကိုဆိုလို တာလဲဆိုတော့၊ အဲ့ဒီ့ကာလမှာ ထောက်လှမ်းရေးနဲ့ သတင်းတပ်ဖွဲ့ေ တွအပါအဝင် စစ်အစိုးရရဲ့ဒေါက် တိုင်များဟာ အဖွဲ့ချုပ်ထဲကို တတ်နိုင်သမျှ ထိုးဖောက် ဝင်ရောက် ရုံမက၊ အဖွဲ့ချုပ်အဖွဲ့ဝင် အချင်းချင်းကိုလဲ နည်းလမ်းပေါင်းစုံနဲ့ သွေးခွဲခဲ့ကြပါတယ်။ ငွေကြေးနဲ့စည်းရုံးတယ်၊ အခွင့်အရေးနဲ့မြူဆွယ် တယ်၊ အကြပ်ကိုင်ခြိမ်းခြောက်တယ်၊ ရသမျှ နည်းပေါင်းစုံသုံးပြီး ဖြိုခွဲတာပါ။တနည်းမရရင် နောက်တနည်း၊ တမျိုးနဲ့မရရင် နောက်တမျိုး၊ အဖုံဖုံသော သပ်လျှိုသွေးခွဲမှု များကြောင့်ဖြစ်စေ၊ ဖိအားပေး ခြိမ်းခြောက်အကြပ်ကိုင်မှုများကြောင့်ဖြစ်စေ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ ရပ်နားသွားကြရတဲ့သူတွေလဲ ရှိလာ၊ ပေါ်လာပါတယ်။

မှတ်မိတဲ့သူများ မှတ်မိကြပါလိမ့်မယ်။ ဘယ်မြို့၊ ဘယ်နယ်ကတော့ NLD ကင်းစင်နယ်မြေဖြစ်ရမယ်ဆိုတဲ့ အထိ ရည်ရွယ်ချက် အကြီးအ မားနဲ့ ဇယားချအကွက်ကျ ဖိနှိပ်ခဲ့ကြတာပါ။ ဒီလိုနေရာမှာလဲ ကိုယ့်ဘဝရဲ့ရပ်တည်မှု၊ ကိုယ့်မိသားစုရဲ့ အခြေအနေ… အစရှိသဖြင့် အမျိုး မျိုးသော အကြောင်းကြောင်း တွေကြောင့် အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်ရတဲ့၊ ရပ်ဆိုင်းလိုက်ကြတဲ့ အဖွဲ့ဝင်ဟောင်းတွေ၊ အဖွဲ့ချုပ်နဲ့ကင်းကွာသွားတဲ့သူတွေ ရှိလာပါတယ်။ ဒါပေမယ့်လည်း အဆိုပါပုဂ္ဂိုလ်များအပေါ် အန်တီက အပြစ်မတင်ပါဘူး။ အခြေအနေ တခုကြောင့် ဖြစ်လာရတာလို့ ဖြေတွေးလေး တွေးပေးနိုင်ပါသေးတယ်။

သို့သော်- အခြားတဘက် အဖွဲ့အစည်းနဲ့ပေါင်းပြီး အတွင်းသတင်း အပြင်ရောင်းစားတာမျိုးတွေ၊ အဖွဲ့ချုပ်ရဲ့လုပ်ငန်းစဉ်တွေ အပေါ် အ နှောင့်အယှက်တွေပေါ်လာအောင် သွေးထိုး လှုပ်ရှားတာမျိုးတွေ၊ ကိုယ့်ရဲဘော် ရဲဘက်အချင်းချင်း လက်ထောက်ချထိုးကျွေးတာမျိုးတွေ… အဲ့လိုအလုပ်မျိုးလုပ်တဲ့ “အဖွဲ့ချုပ်နဲ့ ရဲဘော်ရဲဘက် အချင်းချင်းအပေါ်” သစ္စာဖောက်တဲ့ သူမျိုးတွေဆိုရင်တော့ လုံးဝ ခွင့်မလွှတ်ဘူး…လို့ ပြောဆိုဆုံးမခဲ့ဖူးပါတယ်။ ထားရှိရမယ့် သစ္စာတရားအပေါ် ဖောက်ဖျက်၊ ဖောက်ပြန်သူတွေအပေါ် ခွင့်မလွှတ်နိုင်ဘူး..လို့ ဆိုလိုတာဖြစ်ပါတယ်။

လေးစားစွာဖြင့်…

ဇေယျာသော်

၁၀-၇-၂၀၂၀

Add a Comment

Your email address will not be published. Required fields are marked *