ကမာၻႀကီး နလံ မထူႏိုင္ခ်ိန္၊ ႏိုင္ငံငယ္ ‌ေလးေတြ အေပၚ တ႐ုတ္ အႏိုင္က်င့္ေနၿပီဟု အေမရိကန္ ေျပာၿပီ

အေမရိကန္နဲ႔ တ႐ုတ္တို႔ဟာ ေဟာင္ေကာင္အေရးနဲ႔အတူ တ႐ုတ္ဆက္သြယ္ေရး ကုမၸဏီ Huawei ရဲ႕အေရးအခင္းေတြကလည္း ႏွစ္ႏိုင္ငံ ၾကား တင္းမာမႈေတြကို ဒီဂရီတိုးေစခဲ့ပါတယ္။ Huawei ကုမၸဏီဟာ ပုဂၢလိကဆက္သြယ္ေရး ကုမၸဏီဟု ေၾကညာထားေသာ္လည္း တ႐ုတ္ အစိုးရနဲ႔ ပတ္သက္ဆက္ႏႊယ္ေန တယ္လို႔ ကန္နဲ႔ အေနာက္ႏိုင္ငံေတြက ယုံၾကည္သလို၊ ေထာက္လွမ္းေရးလုပ္ငန္းေတြလည္း လုပ္ကိုင္ေန တယ္လို႔ ထင္ျမင္ေနၾကပါတယ္။

ဒီလို တင္းမာတဲ့အေျခအေနၾကားမွာ တ႐ုတ္က ေတာင္တ႐ုတ္ပင္လယ္ရဲ႕ ေရပိုင္နက္ အားလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း ေၾကညာခဲ့ ရာ၊ အေမရိကန္က ပယ္ခ်ခဲ့ၿပီး၊ အေမရိကန္ လုံၿခဳံေရးေကာင္စီ အႀကီးအကဲ Mike Pompeo က တ႐ုတ္အေနနဲ႔ ေရတပ္အင္အား စစ္အင္ အားသုံးၿပီး ႏိုင္ငံငယ္ေလးေတြကို အႏိုင္က်င့္ႏွိပ္စက္မႈေတြ ျပဳလုပ္ေနၿပီလို႔ အတိအလင္း စြပ္စြဲလိုက္ပါတယ္။ အေမရိကန္ကေတာ့ အား နည္းတဲ့ႏိုင္ငံေတြဘက္က ရပ္တည္သြားမယ္လို႔လည္း ေျပာခဲ့ပါတယ္။

မၾကာေသး မီကပင္ တ႐ုတ္ႏိုင္ငံဟာ အိႏၵိယနယ္စပ္ မွာ ျပႆနာေတြ ဖန္တီးခဲ့ပါတယ္။ အခုအခ်ိန္ထိလည္း အိႏၵိယနယ္စပ္မွာ စစ္ေရးအရ တင္းမာမႈေတြ ျဖစ္ေနဆဲပါ။ ဒီလိုပဲ ေတာင္တ႐ုတ္ပင္လယ္ရဲ႕ အျငင္းပြားေရပိုင္နက္ေတြမွာ တ႐ုတ္က ဗိုလ္က်စိုးမိုးမႈေတြ ရွိလာခဲ့ၿပီး နယ္နိမိတ္ တစ္ခ်ိဳ႕ကိုလည္း သူတို႔ပိုင္ဆိုင္ေၾကာင္း ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီမွာ အေမရိကန္နဲ႔ ယူေက ေရတပ္စစ္သ ေဘၤာေတြကလည္း ေတာင္တ႐ုတ္ ပင္လယ္အတြင္းမွာ စစ္ေရးေလ့က်င့္မႈေတြ ဆက္တိုက္ျပဳလုပ္ကာ ။

တ႐ုတ္ရဲ႕ပိုင္ဆိုင္ေၾကာင္း ေၾကညာမႈေတြကို ကဖ်က္ယဖ်က္ လုပ္ခဲ့ပါတယ္။ တ႐ုတ္တာဝန္ရွိသူေတြကေတာ့ အေမရိကန္နဲ႔ ယူေကကို ေဒသတြင္းအေရးေတြ မွာ ဝင္ေရာင္စြက္ဖက္ျခင္းမျပဳဖို႔၊ တင္းမာတဲ့အေျခအေန ျဖစ္လာခဲ့ရင္ အဆိုးေတြကိုသာ လက္ခံရလိမ့္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ဆက္ဆံေရးဟာ စစ္ေအးကာလအတြင္းကေန အခု ကိုဗစ္ ကပ္ဆိုးကာလအတြင္းမွာ အေျခအေန ပိုဆိုးလာခဲ့ပါတယ္။

လက္ရွိအခ်န္မွာ နယူကလီးယား ပိုင္ဆိုင္သြားၿပီလို႔ ယူဆရတဲ့ အီရန္ကို အေမရိကန္က ျပင္းထန္တဲ့ဆန္ရွင္ပိတ္စို႔မႈေတြ ခ်မွတ္လိုက္ခ်ိန္၊ တ႐ုတ္နဲ႔ အီရန္တို႔ဟာ စစ္ဘက္ ဆိုင္ရာ ပါတနာေတြအျဖစ္ လက္မွတ္ေရးထိုးလိုက္ၿပီ ျဖစ္ပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ …….လင္းသုတ

UNICODE

ကမ္ဘာကြီး နလံ မထူနိုင်ချိန်၊ နိုင်ငံငယ် ‌လေးတွေ အပေါ် တရုတ် အနိုင်ကျင့်နေပြီဟု အမေရိကန် ပြောပြီ

အမေရိကန်နဲ့ တရုတ်တို့ဟာ ဟောင်ကောင်အရေးနဲ့အတူ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huawei ရဲ့အရေးအခင်းတွေကလည်း နှစ်နိုင်ငံ ကြား တင်းမာမှုတွေကို ဒီဂရီတိုးစေခဲ့ပါတယ်။ Huawei ကုမ္ပဏီဟာ ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီဟု ကြေညာထားသော်လည်း တရုတ် အစိုးရနဲ့ ပတ်သက်ဆက်နွှယ်နေ တယ်လို့ ကန်နဲ့ အနောက်နိုင်ငံတွေက ယုံကြည်သလို၊ ထောက်လှမ်းရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေ တယ်လို့ ထင်မြင်နေကြပါတယ်။

ဒီလို တင်းမာတဲ့အခြေအနေကြားမှာ တရုတ်က တောင်တရုတ်ပင်လယ်ရဲ့ ရေပိုင်နက် အားလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ကြေညာခဲ့ ရာ၊ အမေရိကန်က ပယ်ချခဲ့ပြီး၊ အမေရိကန် လုံခြုံရေးကောင်စီ အကြီးအကဲ Mike Pompeo က တရုတ်အနေနဲ့ ရေတပ်အင်အား စစ်အင် အားသုံးပြီး နိုင်ငံငယ်လေးတွေကို အနိုင်ကျင့်နှိပ်စက်မှုတွေ ပြုလုပ်နေပြီလို့ အတိအလင်း စွပ်စွဲလိုက်ပါတယ်။ အမေရိကန်ကတော့ အား နည်းတဲ့နိုင်ငံတွေဘက်က ရပ်တည်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

မကြာသေး မီကပင် တရုတ်နိုင်ငံဟာ အိန္ဒိယနယ်စပ် မှာ ပြဿနာတွေ ဖန်တီးခဲ့ပါတယ်။ အခုအချိန်ထိလည်း အိန္ဒိယနယ်စပ်မှာ စစ်ရေးအရ တင်းမာမှုတွေ ဖြစ်နေဆဲပါ။ ဒီလိုပဲ တောင်တရုတ်ပင်လယ်ရဲ့ အငြင်းပွားရေပိုင်နက်တွေမှာ တရုတ်က ဗိုလ်ကျစိုးမိုးမှုတွေ ရှိလာခဲ့ပြီး နယ်နိမိတ် တစ်ချို့ကိုလည်း သူတို့ပိုင်ဆိုင်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်နဲ့ ယူကေ ရေတပ်စစ်သ င်္ဘောတွေကလည်း တောင်တရုတ် ပင်လယ်အတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်ကာ ။

တရုတ်ရဲ့ပိုင်ဆိုင်ကြောင်း ကြေညာမှုတွေကို ကဖျက်ယဖျက် လုပ်ခဲ့ပါတယ်။ တရုတ်တာဝန်ရှိသူတွေကတော့ အမေရိကန်နဲ့ ယူကေကို ဒေသတွင်းအရေးတွေ မှာ ဝင်ရောင်စွက်ဖက်ခြင်းမပြုဖို့၊ တင်းမာတဲ့အခြေအနေ ဖြစ်လာခဲ့ရင် အဆိုးတွေကိုသာ လက်ခံရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။အမေရိကန်နဲ့ တရုတ်တို့ရဲ့ဆက်ဆံရေးဟာ စစ်အေးကာလအတွင်းကနေ အခု ကိုဗစ် ကပ်ဆိုးကာလအတွင်းမှာ အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။

လက်ရှိအချန်မှာ နယူကလီးယား ပိုင်ဆိုင်သွားပြီလို့ ယူဆရတဲ့ အီရန်ကို အမေရိကန်က ပြင်းထန်တဲ့ဆန်ရှင်ပိတ်စို့မှုတွေ ချမှတ်လိုက်ချိန်၊ တရုတ်နဲ့ အီရန်တို့ဟာ စစ်ဘက် ဆိုင်ရာ ပါတနာတွေအဖြစ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် …….လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *