




REF: SHWE WIKI

UNICODE

ကိုဗစ်လူနာများ၏ (၆၀) ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ မပြ၍ ပြည်သူများ သတိထားရန်လိုကြောင်း ကျန်းမာရေးဝန်ကြီး သတိပေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က “ပြည်တွင်းရှိ ကိုဗစ်-၁၉ လူနာများ၏ ၆၀ ခန့်သည် ရောဂါ လက္ခဏာ တစ်စုံ တစ်ရာ မတွေ့ရှိရသူများဖြစ်ခြင်းကြောင့် လူထု အတွင်း ရပ်ကွက် ၊ ကျေးရွာများ အတွင်း ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူများမှတဆင့် ရောဂါဖြစ်ပွားမှုများ ရုတ်တရက်များပြားလာနိုင်သည် ” လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုအနေဖြင့် ပြည်တွင်းကူးစက်မှု မရှိ သလောက်ဖြစ်နေပြီး ပိုးတွေ့ရှိမှုနှုန်းများ သည် မြင့်မားလာခြင်း မရှိဘဲ ပြည်ပမှပြန်လာ သူများတွင် သာ တွေ့ရှိနေရတယ် လို့ဆို ပါတယ် ။

၂၀၂၀ ခုနှစ် ဇူလိုင် ၁၅ ပြည်တွင်းရှိ ကိုဗစ်-၁၉ လူနာများ ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ မပြသူများ ဖြစ်ခြင်းကြောင့် လူထုအ တွင်း ကူးစက်မှု ရုတ်တရက် များပြားလာနိုင်တယ် လို့ ကျန်းမာရေးဝန်ကြီး က ထပ်မံ သတိပေးပြောကြား လိုက် ပါတယ် ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အစည်းအဝေးခန်းမ တွင် ကျင်းပသော ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲ စစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်း ဆောင်ရည် ပိုမိုမြင့် မားလာစေရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ် ပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *