





REF: SHWE WIKI

UNICODE

ထိုင်းနိုင်ငံဘန်ကောက်မြို့ ရဲ့ VIP မှ တေ ကျာ့ ပြန် ကူး စက်ခြင်း များပြားနေ၍ ပြည်ဝင်ခွင့် အားလုံး ကို ပိတ်လိုက်ပြီ

ဘန်ကောက်မှာလည်း ဆူဒန်သံ အရာရှိမိသားစုက အသက်(၉)နှစ် အရွယ် ကလေးမမှာလည်း ပိုးတွေ့လို့ ဘန်ကောက် ဆေးရုံ မှာ ဆေးကု သမူ့ခံယူနေပါပြီ ။သူတို့နှင့်လေယာဉ်တစ်စီး ထဲလိုက်ပါလါခဲ့သူ ၂၄၅ ဦးကတေါ့ ပုံမှန်အတိုင်း Q ဝင်ရောက်ခဲ့ပေမဲ့ ၎င်း တို့က တော့ ဆူခွန် ဗစ် မှာရှိတဲ့ the One X ကွန်ဒို မှာနေခဲ့ပြီး တော်တော်များများ ကိုထိတွေ့ ခဲ့ပါတယ် ။ အဲဒီကွန်ဒိုမှာတေါင် အခန်းပေါင်း ၃၂၉ ခန်းကျော် ရှိပါတယ် ။ဆိုတေါ့ ဘန်ကောက်အရေးကမတွေးဝံ့စရာပါပဲ ။ ဘန်ကောက်မှာတေါ့ တစ်ရက် ၂ ရက်အတွင်း သတင်းထူးများ ကိုကြားရ ပါအုံးမည် ။

လက်ရှိ ထိုင်းနိုင်ငံ မှာ ၁၄-၇-၂၀၂၀ ရက်နေ့ အထိ ကိုဗစ်ရောဂါပိုး အသစ်တွေ့ရှိသူ ၇ ဦး နှင့် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၃၂၂၇ ဦး ၊ရော ဂါ ပျောက်ကင်းသက်သာသွါးသူ ၃၀၉၁ ဦး ၊ လက်ရှိကုသမူ့ခံယူနေသူ ၅၈ ဦး နှင့် သေဆုံးသူ ၅၈ ဦးရှိပြီဖြ စ်ပါသ ည် ။ထိုင်း အစိုးရ က လက် ရှိ အခြေ အနေ မှာ ထိုင်းနိုင်ငံ ကို ပြန်လည် ဝင်ရောက် လာ မည့် နိုင်ငံခြားရေး သံဌာနများ မှ လူများ ၊ စီးပွါးရေး သမားများ ကို ပြည်ဝင်ခွင့် ယာယီ ပြန်လည် ပိတ် လိုက် ပါပြီ ။

ကိုဗစ်နှင့် ပက် သက်ပြီး ထိုင်းနိုင်ငံ မှာ ပြည်တွင်း ကူးစက်မူ့မရှိတာ ၅၅ ရက် အကြာ စံချိန်ကိုထိမ်းထားနိုင်ပြီး မှ အီဂျစ်နိုင်ငံ နဲ့ ဆူဒန်နိုင် ငံသား စစ်သံအရာရှိ မိသားစုများကို VIP တွေ ဆိုပြီး Q မဝင်ပဲ ခွင့်ပြု လိုက် တာ မှ အစပြုပြီး မီးခိုးကြွက်လျောက် ဒုက္ခ ရောက်ရတယ် လို့ ပြောရ ပါမယ် ။အီဂျစ်သံအရာရှိဟာ ထိုင်းနိုင်ငံ လရောင်မြို့မှာ စစ်ရေးအခမ်းအနားတစ်ခုကို လာရောက်လည်ပါတ်ပြီး သူနို့င်ငံကို ပြန်လည် ဝင်ရောက်သည့် အခါမှာ ကိုဗစိရောဂါ ရှိမရှိစစ်ဆေးရာကနေ ပိုးတွေ့ခဲ့သည်။

အဲဒီအတွက် အီဂျစ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ဓါတ်ခွဲခန်း အဖြေ ကို အကြောင်းကြား မှ ထိုင်းတို့ သိရတာပါ ။ ၎င်းတို့ သွားခဲ့တဲ့ နေရာတွေဖြစ်တဲ့ ဟိုတည် ၊ဈေးဝယ်စင်တာ များစသည့်နေရာများ ကို အပူတစ်ပြင်း အကုန် လိုက်စစ်ဆေး ခဲ့ရာ app စာရင်းအရ ၃၉၄ ဦးလာရောက် လည်ပါတ် ခဲ့ပြီး စုစုပေါင်း ၁၀၀၀ ဦးထက်မနည်း ရှိပါ တယ် ။

အီဂျစ်စစ်သံ အရာ ရှိတွေ နှင့် ထိတွေ့ဆက်ဆံသူစုစုပေါင်း ၁၈၈၉ ဦး ကိုအိမ်မှာ Q ဝင်ခိုင်းပြီးစောင့်ကြည့် ထားပါတယ်။ဒါ့အပြင် လရောင်မြို့မှကျောင်း ၁၀ ကျောင်းကိုလည်း ယါယီ ပြန်လည်ပိတ်ခဲ့ ရပါတယ် ။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *