အ႐ြယ္ေမ ရာက္ေသးသည့္ ျမန္မာမိန္းခေလးအား လိမ္လည္ေပါင္းသင္း သည့္တ႐ုတ္ႏိုင္ငံသားအား ဖမ္းဆီးအမႈဖြင့္

သမီးျဖစ္သူရဲ႕ ေျပာျပခ်က္ေတြသိရတဲ့အခ်ိန္ ေဒၚခ်ိဳမာ တစ္ေယာက္ ျမဝတီၿမိဳ႕မရဲစခန္း ကိုသြားေရာက္ၿပီး အသက္ မျပည့္ေသးတဲ့ သမီး ျဖစ္သူကို ေသြးေဆာင္ျဖားေယာင္း ေပါင္းသင္း တဲ့ ကိုတ႐ုတ္ကိုအမႈဖြင့္လွစ္ခဲ့တာမို႔ ျမဝတီၿမိဳ႕မရဲစခန္း ၏ (ပ)၄၄၁/၂၀၂၀၊ ရာဇသတ္ႀကီး ဉပေဒပုဒ္မ ၃၆၃/၃၆၆ ျဖင့္ဖြင့္လွစ္ၿပီး Mr Luo Xiaogaung ကို ဖမ္းဆီးအေရးယူ ထားပါတယ္။

ျမဝတီၿမိဳ႕မွာရွိေနတဲ့ ကာစီႏို႐ုံဝန္ထမ္းေတြရဲ႕ (၈၀)%ဟာ ျမန္မာႏိုင္ငံသားေတြျဖစ္တယ္လို႔ အဆိုပါလုပ္ငန္းတြင္ ဝင္ေရာက္လုပ္ကိုင္ေနတဲ့ ဖိုးလျပည့္ကေျပာပါတယ္။ျမဝ တီၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္ေန ေဒၚခ်ိဳမာ တစ္ေယာက္ ဇူလိုင္လ (၁၃)ရက္ ေန႔က အိမ္မွာရွိေနစဥ္ သမီးျဖစ္ သူ မေ႐ႊယမင္း(၁၆)ႏွစ္က သူမေတြ႕ႀကဳံခဲ့ရတာေတြ မိခင္ျဖစ္ သူကိုေျပာျပတိုင္ၾကားခဲ့တာပါ။

“ဇြန္လ(၂၈)ရက္ေန႔က ျမဝတီ-မဲ့ေထာ္သေလး ကားလမ္းမွာရွိတဲ့ ကာစိႏို႐ုံ(၁)ခုမွ သမီးျဖစ္သူဟာ အလုပ္သြားေလွ်ာက္ ခဲ့ၿပီး အဲသည္ေန႔ ညေန(၀၅:၀၀)နာရီမွာဘဲ “ေဘာက္တီ” ကာစီႏို႐ုံမွာရွိေနတဲ့ တ႐ုတ္ႏိုင္ငံသား Mr Luo Xiaogaung မွ ထိမ္းျမားလက္ထပ္မည္ဟု ေျပာဆိုစည္း႐ုံးကာ ျမဝတီၿမိဳ႕ ၊ အမွတ္(၄)ရပ္ကြက္၊ အာရွလမ္းမေပၚမွာရွိတဲ့ “သုခဝတီ”ဟိုတယ္ကိုေခၚေဆာင္ခဲ့ပါတယ္။

ဇူလိုင္လ(၉)ရက္ေန႔ထိ လင္မယား အျဖစ္ ေပါင္းသင္းေနထိုင္ခဲ့ၿပီး အဲသည္ကမွတစ္ဆင့္ “ေဘာက္တီ” ကာစီႏို႐ုံမွာလည္း လင္မယားအ ျဖစ္ဆက္လက္ေပါင္းသင္းေနထိုင္ခဲ့တယ္ လို႔”သမီးျဖစ္သူ မေ႐ႊယမင္းက မိခင္ျဖစ္ သူကိုေျပာျပခဲ့ပါတယ္။

ျမတ္ကို-ေဒါနေျမ

REF: SHWE WIKI

UNICODE

အရွယ်မေ ရာက်သေးသည့် မြန်မာမိန်းခလေးအား လိမ်လည်ပေါင်းသင်း သည့်တရုတ်နိုင်ငံသားအား ဖမ်းဆီးအမှုဖွင့်

သမီးဖြစ်သူရဲ့ ပြောပြချက်တွေသိရတဲ့အချိန် ဒေါ်ချိုမာ တစ်ယောက် မြဝတီမြို့မရဲစခန်း ကိုသွားရောက်ပြီး အသက် မပြည့်သေးတဲ့ သမီး ဖြစ်သူကို သွေးဆောင်ဖြားယောင်း ပေါင်းသင်း တဲ့ ကိုတရုတ်ကိုအမှုဖွင့်လှစ်ခဲ့တာမို့ မြဝတီမြို့မရဲစခန်း ၏ (ပ)၄၄၁/၂၀၂၀၊ ရာဇသတ်ကြီး ဉပဒေပုဒ်မ ၃၆၃/၃၆၆ ဖြင့်ဖွင့်လှစ်ပြီး Mr Luo Xiaogaung ကို ဖမ်းဆီးအရေးယူ ထားပါတယ်။

မြဝတီမြို့မှာရှိနေတဲ့ ကာစီနိုရုံဝန်ထမ်းတွေရဲ့ (၈၀)%ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ အဆိုပါလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေတဲ့ ဖိုးလပြည့်ကပြောပါတယ်။မြဝ တီမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်ချိုမာ တစ်ယောက် ဇူလိုင်လ (၁၃)ရက် နေ့က အိမ်မှာရှိနေစဉ် သမီးဖြစ် သူ မရွှေယမင်း(၁၆)နှစ်က သူမတွေ့ကြုံခဲ့ရတာတွေ မိခင်ဖြစ် သူကိုပြောပြတိုင်ကြားခဲ့တာပါ။

“ဇွန်လ(၂၈)ရက်နေ့က မြဝတီ-မဲ့ထော်သလေး ကားလမ်းမှာရှိတဲ့ ကာစိနိုရုံ(၁)ခုမှ သမီးဖြစ်သူဟာ အလုပ်သွားလျှောက် ခဲ့ပြီး အဲသည်နေ့ ညနေ(၀၅:၀၀)နာရီမှာဘဲ “ဘောက်တီ” ကာစီနိုရုံမှာရှိနေတဲ့ တရုတ်နိုင်ငံသား Mr Luo Xiaogaung မှ ထိမ်းမြားလက်ထပ်မည်ဟု ပြောဆိုစည်းရုံးကာ မြဝတီမြို့ ၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမပေါ်မှာရှိတဲ့ “သုခဝတီ”ဟိုတယ်ကိုခေါ်ဆောင်ခဲ့ပါတယ်။

ဇူလိုင်လ(၉)ရက်နေ့ထိ လင်မယား အဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီး အဲသည်ကမှတစ်ဆင့် “ဘောက်တီ” ကာစီနိုရုံမှာလည်း လင်မယားအ ဖြစ်ဆက်လက်ပေါင်းသင်းနေထိုင်ခဲ့တယ် လို့”သမီးဖြစ်သူ မရွှေယမင်းက မိခင်ဖြစ် သူကိုပြောပြခဲ့ပါတယ်။

မြတ်ကို-ဒေါနမြေ

REF: SHWE WIKI

Add a Comment

Your email address will not be published. Required fields are marked *