ေက်ာင္းမ်ားျပန္ဖြင့္သည့္အခါ နယ္ေျမေက်ာ္ေက်ာင္းမအပ္ရန္ ပညာေရးဝန္ႀကီးဌာန ေမတၱာရပ္ခံ

ရန္ကုန္တိုင္းအတြင္းရွိ နာ မည္ႀကီး အေျခခံပညာေက်ာင္းအ ခ်ိဳ႕တြင္ နယ္ေျမေက်ာ္ေက်ာင္း အပ္လက္ခံမႈမ်ား ႏွစ္စဥ္ရွိေနၿပီး နယ္ေျမ ေက်ာ္ ေက်ာင္းအပ္ျခင္း ျဖင့္ အဂတိလိုက္စားမႈမ်ားလည္း ရွိေနသည္ဟု ေက်ာင္းသားမိဘ အခ်ိဳ႕က ဆိုသည္။တာေမြၿမိဳ႕နယ္မွ ေက်ာင္း သားမိဘ ေဒၚစိုးသက္စံက ‘‘မိဘ ေတြက ကိုယ့္ကေလးကို နာမည္ ႀကီးေက်ာင္းေတြမွာ ထားခ်င္ ေတာ့ ကန္ေတာ့တာတို႔၊ ဘာတို႔ လုပ္ရ တာေပါ့။ နယ္ေျမေက်ာ္ မအပ္ရဘူး၊ သူ႔ၿမိဳ႕နယ္ သန္း ေခါင္စာရင္းပါမွ လက္ခံမယ္ ေျပာေပမယ့္။

ကိုယ့္နီးစပ္ရာ သန္း ေခါင္စာရင္းထဲ ေျပာင္းထည့္ၿပီး တက္ၾကတာလည္း ရွိတယ္’’ ဟု ေျပာသည္။ အေျခခံပညာအထက္တန္း အဆင့္ ေက်ာင္းမ်ားကို ဇူလိုင္ ၂၁ ရက္တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ သည္။အေျခခံပညာေက်ာင္း မ်ားတြင္ ေက်ာင္းသားေက်ာင္း သူမ်ားအား ေက်ာင္းအပ္ႏွံရာ၌ ၿမိဳ႕နယ္ နယ္ေျမအလိုက္သတ္ မွတ္ထားသည့္ေက်ာင္းတြင္သာ အပ္ႏွံရန္ ပညာေရးဝန္ႀကီးဌာနက မိဘျပည္သူမ်ားသို႔ ေမတၱာရပ္ခံ အသိေပးထားသည္။

ေက်ာင္းသားဦးေရ တိုး တက္မ်ားျပားလာျခင္း၊ ေက်ာင္းအပ္ႏွံႏႈန္းျမင့္မားလာျခင္း၊ ထပ္ ေက်ာ့ ေက်ာင္းအပ္ႏွံျခင္းတို႔ ေၾကာင့္ ေက်ာင္းသုံး ျပ႒ာန္းစာ အုပ္မ်ားကို လုံေလာက္စြာ ျဖန႔္ ေဝေပးလိုသျဖင့္ ၿမိဳ႕နယ္အလိုက္ သတ္မွတ္နယ္ေျမမ်ားတြင္သာ ေက်ာင္းအပ္ႏွံၾကရန္ ၂၀၂၀- ၂၁ ပညာသင္ႏွစ္ မိဘ၊ အုပ္ထိန္းသူ၊ ျပည္သူမ်ားသို႔ ပညာေရးဝန္ႀကီး ဌာန၏ ေမတၱာရပ္ခံခ်က္တြင္ ေဖာ္ျပထားသည္။ အေျခခံပညာ အ ထက္တန္း အဆင့္ေက်ာင္းအပ္လက္ခံမႈမ်ား ကို ဇူလိုင္ ၁၃ ရက္မွ ၁၇ ရက္ အထိ ေဆာင္႐ြက္မည္ျဖစ္သည္။

ေက်ာင္းသားေက်ာင္းသူမ်ားေန ထိုင္သည့္ ၿမိဳ႕နယ္ဧရိယာအလိုက္ အပ္ႏွံရမည့္ အေျခခံပညာ ေက်ာင္းမ်ားကို သတ္မွတ္ထား သည္။ အ ထက္တန္းအဆင့္ ေက်ာင္းသားသစ္မ်ား ေက်ာင္း အပ္ႏွံရာတြင္ သတ္မွတ္နယ္ေျမ အတြင္းရွိ အေျခခံပညာအထက္ တန္းေက်ာင္းတြင္သာ အပ္ႏွံရန္ လည္း ရန္ကုန္တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားက ေၾကညာခ်က္မ်ား ထုတ္ျပန္ထား သည္။ရန္ကုန္တိုင္းရွိ အေျခခံ ပညာေက်ာင္းတိုင္းတြင္ ေက်ာင္း တည္ေနရာအလိုက္ School Catchment Area (ေက်ာင္း နယ္ေျမ)ကို သတ္မွတ္ထားသည္။

သတ္မွတ္ ထားသည့္ ရပ္ကြက္၊ ၿမိဳ႕နယ္အတြင္းမွ ေက်ာင္းသား သစ္မ်ားကို အိမ္ေထာင္စုစာရင္း ပုံစံ(၁၀)အရ ေနထိုင္မႈသက္တမ္း ေျခာက္ လႏွင့္အထက္ရွိထားမွ သာ ေက်ာင္းအပ္လက္ခံသည္။နယ္ေျမဧရိယာအလိုက္ အပ္ႏွံရမယ့္ ေက်ာင္းေတြကို တိုင္းေဒသႀကီးပညာေရးမႉး ႐ုံးနဲ႔ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးေတြနဲ႔ ႀကိဳ တင္ညႇိႏႈိင္းထားပါတယ္။ ခ်မွတ္ ထားတဲ့ ေက်ာင္းအပ္ႏွံေရးမူေတြ အရပဲ ေက်ာင္းအပ္လက္ခံရပါ မယ္’’ ဟု ရန္ကုန္ တိုင္းေဒသႀကီးမွ ၿမိဳ႕နယ္ပညာေရးမႉးတစ္ဦးက ေျပာသည္။

REF: ဆဲဗင္းေဒး

UNICODE

ကျောင်းများပြန်ဖွင့်သည့်အခါ နယ်မြေကျော်ကျောင်းမအပ်ရန် ပညာရေးဝန်ကြီးဌာန မေတ္တာရပ်ခံ

ရန်ကုန်တိုင်းအတွင်းရှိ နာ မည်ကြီး အခြေခံပညာကျောင်းအ ချို့တွင် နယ်မြေကျော်ကျောင်း အပ်လက်ခံမှုများ နှစ်စဉ်ရှိနေပြီး နယ်မြေ ကျော် ကျောင်းအပ်ခြင်း ဖြင့် အဂတိလိုက်စားမှုများလည်း ရှိနေသည်ဟု ကျောင်းသားမိဘ အချို့က ဆိုသည်။တာမွေမြို့နယ်မှ ကျောင်း သားမိဘ ဒေါ်စိုးသက်စံက ‘‘မိဘ တွေက ကိုယ့်ကလေးကို နာမည် ကြီးကျောင်းတွေမှာ ထားချင် တော့ ကန်တော့တာတို့၊ ဘာတို့ လုပ်ရ တာပေါ့။ နယ်မြေကျော် မအပ်ရဘူး၊ သူ့မြို့နယ် သန်း ခေါင်စာရင်းပါမှ လက်ခံမယ် ပြောပေမယ့်။

ကိုယ့်နီးစပ်ရာ သန်း ခေါင်စာရင်းထဲ ပြောင်းထည့်ပြီး တက်ကြတာလည်း ရှိတယ်’’ ဟု ပြောသည်။ အခြေခံပညာအထက်တန်း အဆင့် ကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ် သည်။အခြေခံပညာကျောင်း များတွင် ကျောင်းသားကျောင်း သူများအား ကျောင်းအပ်နှံရာ၌ မြို့နယ် နယ်မြေအလိုက်သတ် မှတ်ထားသည့်ကျောင်းတွင်သာ အပ်နှံရန် ပညာရေးဝန်ကြီးဌာနက မိဘပြည်သူများသို့ မေတ္တာရပ်ခံ အသိပေးထားသည်။

ကျောင်းသားဦးရေ တိုး တက်များပြားလာခြင်း၊ ကျောင်းအပ်နှံနှုန်းမြင့်မားလာခြင်း၊ ထပ် ကျော့ ကျောင်းအပ်နှံခြင်းတို့ ကြောင့် ကျောင်းသုံး ပြဋ္ဌာန်းစာ အုပ်များကို လုံလောက်စွာ ဖြန့် ဝေပေးလိုသဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန် ၂၀၂၀- ၂၁ ပညာသင်နှစ် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ ပညာရေးဝန်ကြီး ဌာန၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။ အခြေခံပညာ အ ထက်တန်း အဆင့်ကျောင်းအပ်လက်ခံမှုများ ကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက် အထိ ဆောင်ရွက်မည်ဖြစ်သည်။

ကျောင်းသားကျောင်းသူများနေ ထိုင်သည့် မြို့နယ်ဧရိယာအလိုက် အပ်နှံရမည့် အခြေခံပညာ ကျောင်းများကို သတ်မှတ်ထား သည်။ အ ထက်တန်းအဆင့် ကျောင်းသားသစ်များ ကျောင်း အပ်နှံရာတွင် သတ်မှတ်နယ်မြေ အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်းတွင်သာ အပ်နှံရန် လည်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပညာရေးမှူးရုံးများက ကြေညာချက်များ ထုတ်ပြန်ထား သည်။ရန်ကုန်တိုင်းရှိ အခြေခံ ပညာကျောင်းတိုင်းတွင် ကျောင်း တည်နေရာအလိုက် School Catchment Area (ကျောင်း နယ်မြေ)ကို သတ်မှတ်ထားသည်။

သတ်မှတ် ထားသည့် ရပ်ကွက်၊ မြို့နယ်အတွင်းမှ ကျောင်းသား သစ်များကို အိမ်ထောင်စုစာရင်း ပုံစံ(၁၀)အရ နေထိုင်မှုသက်တမ်း ခြောက် လနှင့်အထက်ရှိထားမှ သာ ကျောင်းအပ်လက်ခံသည်။နယ်မြေဧရိယာအလိုက် အပ်နှံရမယ့် ကျောင်းတွေကို တိုင်းဒေသကြီးပညာရေးမှူး ရုံးနဲ့ မြို့နယ်ပညာရေးမှူးရုံးတွေနဲ့ ကြို တင်ညှိနှိုင်းထားပါတယ်။ ချမှတ် ထားတဲ့ ကျောင်းအပ်နှံရေးမူတွေ အရပဲ ကျောင်းအပ်လက်ခံရပါ မယ်’’ ဟု ရန်ကုန် တိုင်းဒေသကြီးမှ မြို့နယ်ပညာရေးမှူးတစ်ဦးက ပြောသည်။

REF:   ဆဲဗင်းဒေး

Add a Comment

Your email address will not be published. Required fields are marked *