ေဒးဗစ္ လားအမႈကို မူလသတ္မွတ္ရက္ထက္ ေစာ၍ရက္‌ေပါင္း (၆၀) အတြင္း အမိန႔္ခ်မည္

ေစာေဒးဗစ္လားနဲ႔ဦးေဝထြန္းတို႔ဟာ အစိုးရက ထုတ္ျပန္ထားတဲ့ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ တားဆီးေရးဆိုင္ရာ ကန႔္သတ္ ခ်က္ကို ေဖာက္ဖ်က္ၿပီး လူစုလူေဝးျပဳလုပ္ခဲ့ တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တရားစြဲခံထားရတာပါ။ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ပါျပ႒ာန္းခ်က္ေတြအရ ျပစ္မႈထင္ရွားတယ္လို႔ တရား႐ုံးကဆုံးျဖတ္ရင္ သုံးႏွစ္ထက္ မပိုတဲ့ေထာင္ဒဏ္ ဒါမွမဟုတ္ ေငြ ဒဏ္ကို ခ်မွတ္ခံရမွာျဖစ္ပါတယ္။

ခရစ္ယာန္တ ရားေဟာ ဆရာေစာေဒးဗစ္လားနဲ႔ နဝရတ္ေတးသံသြင္းက ဦးေဝထြန္းတို႔အမႈကို မူလခန႔္မွန္းထားတာထက္ေစာၿပီး ရက္ ေပါင္း ၆၀ အတြင္းအမိန႔္ခ်ႏိုင္မယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္တရားသူႀကီးက ဇူလိုင္ ၁၄ ရက္ ေန႔ ၁၂ႀကိမ္ေျမာက္႐ုံးခ်ိန္းအၿပီးမွာ ေျပာပါတယ္။ အမႈအသြားအလာအရ ဒီေန႔ ႐ုံးခ်ိန္းမွာ တရားခံျပသက္ေသ သုံးဦးကိုစစ္ေဆးခဲ့ၿပီး လာမယ့္ ဇူလိုင္ ၁၆ ရက္ေန႔႐ုံးခ်ိန္းမွာ က်န္ေနတဲ့ တရားခံျပသက္ေသသုံးဦးကို ဆက္စစ္မွာျဖစ္ပါတယ္။

တရားခံျပသက္ေသေတြကိုစစ္ၿပီးရင္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္တင္သြင္းၾကားနာၾကရမွာပါ။ ၾကားနာၿပီးရင္ေတာ့ အမိန႔္ခ်ႏိုင္ၿပီလို႔ မရမ္း ကုန္းၿမိဳ႕နယ္တရားသူႀကီး ဦးမိုးေဆြက ေျပာပါတယ္။ ေစာေဒးဗစ္လားတို႔ကို မရမ္းကုန္းၿမိဳ႕နယ္ ၇ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက ဇြန္လ ၃ ရက္ေန႔မွာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ နဲ႔ စတင္တရားစြဲဆိုခဲ့တာပါ။ မူလက ရက္ေပါင္း ၉၀ အတြင္း အမႈကို အၿပီးစစ္မယ္လို႔ တရားသူႀကီးကေျပာထားေပမယ့္ အခု ၄၁ ရက္အၾကာမွာ အမႈ႐ုပ္လုံးေပၚ လာၿပီျဖစ္ပါတယ္။

အဲဒါေၾကာင့္ ရက္ေပါင္း ၆၀အတြင္း အမိန႔္ခ်ႏိုင္မယ္လို႔ တရား႐ုံးကေျပာပါတယ္။ေဒးဗစ္လားတို႔ဘက္က အက်ိဳးေဆာင္လိုက္ပါ ေဆာင္ ႐ြက္ေပးေနတဲ့ ေရွ႕ေန ဦးေအာင္ၾကည္ဝင္း ကေတာ့ ေနာက္ဆုံးအခ်ိန္အထိ ခုခံေခ်ပသြားဖို႔ ရွိပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔႐ုံးခ်ိန္းမွာ ေတာ့ တရားလိုနဲ႔တရားၿပိဳင္ႏွစ္ဖက္က စြဲခ်က္တင္သင့္မတင္သင့္ကို အၿပိဳင္ေလွ်ာက္လဲခ်က္တင္ခဲ့ပါတယ္။ တရားလိုဘက္က ေလွ်ာက္ လဲခ်က္ဟာ ခိုင္လုံတယ္လို႔တရားသူႀကီးက ယူဆတဲ့အတြက္ စြဲခ်က္တင္တဲ့ အမိန႔္ ခ်မွတ္ခဲ့ပါတယ္။

REF: ဒီဗြီဘီ

UNICODE

ဒေးဗစ် လားအမှုကို မူလသတ်မှတ်ရက်ထက် စော၍ရက်‌ပေါင်း (၆၀) အတွင်း အမိန့်ချမည်

စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ အစိုးရက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ကန့်သတ် ချက်ကို ဖောက်ဖျက်ပြီး လူစုလူဝေးပြုလုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာပါ။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ပါပြဋ္ဌာန်းချက်တွေအရ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးကဆုံးဖြတ်ရင် သုံးနှစ်ထက် မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ငွေ ဒဏ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

ခရစ်ယာန်တ ရားဟော ဆရာစောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့အမှုကို မူလခန့်မှန်းထားတာထက်စောပြီး ရက် ပေါင်း ၆၀ အတွင်းအမိန့်ချနိုင်မယ်လို့ မရမ်းကုန်းမြို့နယ်တရားသူကြီးက ဇူလိုင် ၁၄ ရက် နေ့ ၁၂ကြိမ်မြောက်ရုံးချိန်းအပြီးမှာ ပြောပါတယ်။ အမှုအသွားအလာအရ ဒီနေ့ ရုံးချိန်းမှာ တရားခံပြသက်သေ သုံးဦးကိုစစ်ဆေးခဲ့ပြီး လာမယ့် ဇူလိုင် ၁၆ ရက်နေ့ရုံးချိန်းမှာ ကျန်နေတဲ့ တရားခံပြသက်သေသုံးဦးကို ဆက်စစ်မှာဖြစ်ပါတယ်။

တရားခံပြသက်သေတွေကိုစစ်ပြီးရင် နှစ်ဖက်လျှောက်လဲချက်တင်သွင်းကြားနာကြရမှာပါ။ ကြားနာပြီးရင်တော့ အမိန့်ချနိုင်ပြီလို့ မရမ်း ကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောပါတယ်။ စောဒေးဗစ်လားတို့ကို မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဇွန်လ ၃ ရက်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ စတင်တရားစွဲဆိုခဲ့တာပါ။ မူလက ရက်ပေါင်း ၉၀ အတွင်း အမှုကို အပြီးစစ်မယ်လို့ တရားသူကြီးကပြောထားပေမယ့် အခု ၄၁ ရက်အကြာမှာ အမှုရုပ်လုံးပေါ် လာပြီဖြစ်ပါတယ်။

အဲဒါကြောင့် ရက်ပေါင်း ၆၀အတွင်း အမိန့်ချနိုင်မယ်လို့ တရားရုံးကပြောပါတယ်။ဒေးဗစ်လားတို့ဘက်က အကျိုးဆောင်လိုက်ပါ ဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်ကြည်ဝင်း ကတော့ နောက်ဆုံးအချိန်အထိ ခုခံချေပသွားဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ရုံးချိန်းမှာ တော့ တရားလိုနဲ့တရားပြိုင်နှစ်ဖက်က စွဲချက်တင်သင့်မတင်သင့်ကို အပြိုင်လျှောက်လဲချက်တင်ခဲ့ပါတယ်။ တရားလိုဘက်က လျှောက် လဲချက်ဟာ ခိုင်လုံတယ်လို့တရားသူကြီးက ယူဆတဲ့အတွက် စွဲချက်တင်တဲ့ အမိန့် ချမှတ်ခဲ့ပါတယ်။

REF:  ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *