ေလ့လာမွတ္သားဖြယ္ ၀ါဆိုသကၤန္း ကပ္လႉမည့္သူမ်ား အတြက္ ဆရာေတာ္တစ္ပါးရဲ႕ လမ္းၫႊန္ခ်က္

ဝါဆို သကၤန္း လႉသူလဲ အဆင္ေျပ၊ ရသူလဲ အဆင္ေျပေအာင္ ေျပာၾကည့္တာ။ ေကာင္းသာေတြ ႀကိဳက္သာလို႔ ေအာက္ေမ့ပါနဲ႔။ အဆိုး တကာ့ အဆိုးဆုံးက ျခင္းနဲ႔ လုပ္ထားတဲ့ သကၤန္းျခင္းေတြပဲ၊ အသုံးမက် အမႈိက္ရႈပ္ မီးရႈိ႕ရတာ ပိုေသး၊ လိုအပ္ခ်က္ေတြကို တကယ္လို အပ္တယ္လို႔ သိၿပီး သာသနာမွာ လႉႏိုင္ ေထာက္ပံ့ႏိုင္ ၾကပါေစ။

တစ္သိန္းက်ပ္တန္ သကၤန္းဆိုလို႔ ဝတ္ၾကည့္ပါတယ္၊ မေကာင္းဘူး ေလွ်ာက္ဝယ္မလႉၾကပါနဲ႔၊ (တားျမစ္တာ မဟုတ္) အမွန္တကယ္ ေကာင္းသာႀကီး မဟုတ္ဘူး သိေစခ်င္တာ)ဟုတ္သာလဲ မဟုတ္ဘူးရယ္၊ တကယ္လႉခ်င္ရင္ အသင့္အတင့္ သုံးေသာင္းဝန္းက်င္ ခ်ည္သား ေလာက္ဆို ေကာင္းလွၿပီ၊ အဲဒါ ခ်ည္ႀကိဳက္တဲ့ ေက်ာင္းထိုင္အတြက္၊

စာသင္သားဆို ဂ်ပန္မာတင္အသား ကပ္လႉ၊ သူတို႔က ခပ္ၾကမ္းၾကမ္းသုံးရတာဆိုေတာ့ မာတင္ေကာင္းတယ္၊ ဟိုမာတင္ သည္မာတင္ေတြ မေကာင္းဘူး။ တေယာက္ထဲ ေစ်း မတတ္ႏိုင္ ေပါင္းဝယ္ ကပ္ေပါ့၊ အဲဒါဆို ကိုယ္လဲ လႉရအကုန္အက်သက္သာ ရသူလဲ ေကာင္းေကာင္း ေလးရ၊(ဒါက ဝတ္ရန္သကၤန္းလို႔ ေခၚတယ္)။

ခုေတာ့ သကၤန္းေတြ လႉၾကပါရဲ႕။ ရသူလဲ အမ်ားႀကီး ေပါေပါေသာေသာ၊ ဒါမဲ့ တထည္မွ ဝတ္မရဘူး၊ အဲသာ လႉရံ သကၤန္းလို႔ ေခၚတယ္။ ဝါဆိုမွာ သကၤန္းမကပ္ပဲ စာသင္သားေလးေတြ လိုအပ္တဲ့ စာအုပ္စာတမ္း ဝယ္လႉ ပိုေတာင္ေကာင္းေသး၊ သကၤန္းက ေပါတာ မ်ားပါတယ္၊ စာအုပ္လႉလိုက္ေတာ့ သူတို႔ လဘက္ရည္ဖိုးေလး ကြမ္းဖိုးေလး ပိုထြက္လာတာေပါ့၊

ႏို႔မို႔ဆို စာအုပ္ ဝယ္ရတာနဲ႔ ႐ြာကပါတဲ့ ပိုက္ဆံေလး စာအုပ္ဝယ္ရတာနဲ႔ ကုန္ေရာ၊ ဒါနဲ႔ ကြမ္းဆိုင္လဲ အေႂကြးတင္ ထမင္းဆိုင္လဲ အေႂကြး တင္ လဘက္ရည္ဆိုင္လဲ အေႂကြးတင္ ျဖစ္ကုန္ေရာ။ ခုက လႉၾကပါရဲ႕ ထီးစုတ္ေလး သုံးခါေလာက္ေဆာင္း ပ်က္ေရာ၊ ဒါတကယ္ အိမ္ဆြမ္း ခံႂကြတဲ့ ဦးဇင္းေတြ ေမးေလွ်ာက္ၾကည့္။ ဖိနပ္ ႏွစ္ခါေလာက္ ေရထိရင္ေအာက္ခံေကာ္က ကြာေရာ၊

သကၤန္းလဲ ထိုနည္း၎၊ ဘာမွ သုံးမရတဲ့ ယပ္ေတာင္တဲ့၊ အပိုကုန္ေအာင္ ဘယ္ေနရာမွ သုံးမရဘူး။ ေကာ္သပိတ္ဆို ပိုဆိုး။ လႉလိုက္ပါ လား စတီးသပိတ္ တသက္လုံး သုံးေရာ။ ဦးဇင္းကျဖင့္ ေကာင္းတာ ေစ်းႀကီးတာပဲ ေျပာတယ္ မေအာက္ေမ့နဲ႔ ဒါတကယ္လိုတယ္ တကယ္ မလိုဘူးဆိုတာ ေျပာျပတာႀကီး။

Ingyin Myine

UNICODE

လေ့လာမှတ်သားဖွယ် ဝါဆိုသင်္ကန်း ကပ်လှူမည့်သူများ အတွက် ဆရာတော်တစ်ပါးရဲ့ လမ်းညွှန်ချက်

ဝါဆို သင်္ကန်း လှူသူလဲ အဆင်ပြေ၊ ရသူလဲ အဆင်ပြေအောင် ပြောကြည့်တာ။ ကောင်းသာတွေ ကြိုက်သာလို့ အောက်မေ့ပါနဲ့။ အဆိုး တကာ့ အဆိုးဆုံးက ခြင်းနဲ့ လုပ်ထားတဲ့ သင်္ကန်းခြင်းတွေပဲ၊ အသုံးမကျ အမှိုက်ရှုပ် မီးရှို့ရတာ ပိုသေး၊ လိုအပ်ချက်တွေကို တကယ်လို အပ်တယ်လို့ သိပြီး သာသနာမှာ လှူနိုင် ထောက်ပံ့နိုင် ကြပါစေ။

တစ်သိန်းကျပ်တန် သင်္ကန်းဆိုလို့ ဝတ်ကြည့်ပါတယ်၊ မကောင်းဘူး လျှောက်ဝယ်မလှူကြပါနဲ့၊ (တားမြစ်တာ မဟုတ်) အမှန်တကယ် ကောင်းသာကြီး မဟုတ်ဘူး သိစေချင်တာ)ဟုတ်သာလဲ မဟုတ်ဘူးရယ်၊ တကယ်လှူချင်ရင် အသင့်အတင့် သုံးသောင်းဝန်းကျင် ချည်သား လောက်ဆို ကောင်းလှပြီ၊ အဲဒါ ချည်ကြိုက်တဲ့ ကျောင်းထိုင်အတွက်၊

စာသင်သားဆို ဂျပန်မာတင်အသား ကပ်လှူ၊ သူတို့က ခပ်ကြမ်းကြမ်းသုံးရတာဆိုတော့ မာတင်ကောင်းတယ်၊ ဟိုမာတင် သည်မာတင်တွေ မကောင်းဘူး။ တယောက်ထဲ စျေး မတတ်နိုင် ပေါင်းဝယ် ကပ်ပေါ့၊ အဲဒါဆို ကိုယ်လဲ လှူရအကုန်အကျသက်သာ ရသူလဲ ကောင်းကောင်း လေးရ၊(ဒါက ဝတ်ရန်သင်္ကန်းလို့ ခေါ်တယ်)။

ခုတော့ သင်္ကန်းတွေ လှူကြပါရဲ့။ ရသူလဲ အများကြီး ပေါပေါသောသော၊ ဒါမဲ့ တထည်မှ ဝတ်မရဘူး၊ အဲသာ လှူရံ သင်္ကန်းလို့ ခေါ်တယ်။ ဝါဆိုမှာ သင်္ကန်းမကပ်ပဲ စာသင်သားလေးတွေ လိုအပ်တဲ့ စာအုပ်စာတမ်း ဝယ်လှူ ပိုတောင်ကောင်းသေး၊ သင်္ကန်းက ပေါတာ များပါတယ်၊ စာအုပ်လှူလိုက်တော့ သူတို့ လဘက်ရည်ဖိုးလေး ကွမ်းဖိုးလေး ပိုထွက်လာတာပေါ့၊

နို့မို့ဆို စာအုပ် ဝယ်ရတာနဲ့ ရွာကပါတဲ့ ပိုက်ဆံလေး စာအုပ်ဝယ်ရတာနဲ့ ကုန်ရော၊ ဒါနဲ့ ကွမ်းဆိုင်လဲ အကြွေးတင် ထမင်းဆိုင်လဲ အကြွေး တင် လဘက်ရည်ဆိုင်လဲ အကြွေးတင် ဖြစ်ကုန်ရော။ ခုက လှူကြပါရဲ့ ထီးစုတ်လေး သုံးခါလောက်ဆောင်း ပျက်ရော၊ ဒါတကယ် အိမ်ဆွမ်း ခံကြွတဲ့ ဦးဇင်းတွေ မေးလျှောက်ကြည့်။ ဖိနပ် နှစ်ခါလောက် ရေထိရင်အောက်ခံကော်က ကွာရော၊

သင်္ကန်းလဲ ထိုနည်း၎င်း၊ ဘာမှ သုံးမရတဲ့ ယပ်တောင်တဲ့၊ အပိုကုန်အောင် ဘယ်နေရာမှ သုံးမရဘူး။ ကော်သပိတ်ဆို ပိုဆိုး။ လှူလိုက်ပါ လား စတီးသပိတ် တသက်လုံး သုံးရော။ ဦးဇင်းကဖြင့် ကောင်းတာ စျေးကြီးတာပဲ ပြောတယ် မအောက်မေ့နဲ့ ဒါတကယ်လိုတယ် တကယ် မလိုဘူးဆိုတာ ပြောပြတာကြီး။

Ingyin Myine

Add a Comment

Your email address will not be published. Required fields are marked *