ျမင္ေတြ႕ေနၾကမဟုတ္တဲ့ ကင္းေျခမ်ား နဲ႔ ေႁမြတို႔ ရဲ႕ အျပင္းအထန္ ကိုက္ၾကတဲ့ အသက္လုတဲ့ ပြဲႀကီးပြဲေကာင္း(႐ုပ္သံ)
|အခု႐ုပ္သံဖိုင္ေလးထဲမွာေတာ့ ကင္းေျခမ်ားနဲ႔ ေႁမြတို႔ဟာ တစ္ေကာင္ကို တစ္ေကာင္ စားေသာက္ဖို႔ မဟုတ္ေပမယ့္ .. တစ္ခုတည္းေသာ အစာအတြက္ တိုက္ခိုက္ၾကတာလည္း ျဖစ္ႏိုင္ပါတယ္.. ကဲ..ဒီလို တိုက္ခိုက္ၿပီဆို ဘယ္သူႏိုင္မယ္လို႔ မိတ္ေဆြေတြးမိပါသလဲ ။႐ုပ္သံဖိုင္ကို မၾကည့္ခင္ ကိုယ္ႏိုင္မယ္ ထင္တဲ့ အေကာင္ေလးကို စိတ္မွာ မွတ္ထားၿပီးမွ.. ႐ုပ္သံဖိုင္ေလးကို ၾကည့္ၾကည့္ပါ.. ။
ဒါဟာ ျမင္ေတြ႕ေနၾကမဟုတ္တဲ့..စိတ္ဝင္စားဖြယ္ရာ ႐ုပ္သံေလးတစ္ခုပဲျဖစ္ပါတယ္။ ကြၽန္ေတာ္ တို႔ ကမာၻႀကီးမွာ သက္ရွိ သက္မဲ့ အရာ အားလုံး တည္မီေနထိုင္ၾကတာ အားလုံး အသိပဲ ျဖစ္ပါတယ္။ ဒီအထဲမွာ သက္ရွိ သက္မဲ့တို႔ အသက္ရွင္ရပ္တည္ေနႏိုင္ေအာင္ life cycle လို႔ ေခၚတဲ့ အစာကြင္းဆက္ စနစ္တစ္ခု လည္း အပါအဝင္ျဖစ္ပါတယ္။
ဒါေၾကာင့္ သတၱဝါအခ်င္းခ်င္းျဖစ္ေစ ၊ အင္းဆက္အခ်င္းခ်င္းျဖစ္ေစ မ်ိဳးစိတ္ တစ္ခုကို မ်ိဳးစိတ္တစ္ခုက စားသုံးရင္း ရွင္သန္ရပ္တည္ၾက ပါတယ္။ဒီအထဲမွာမွ အစာကြင္းဆက္ စနစ္အရ လည္း မဟုတ္ပါပဲ၊ အစာအတြက္လည္း မဟုတ္ပဲ အခ်င္းခ်င္းသတ္ျဖတ္ ရန္လိုတတ္ၾကတဲ့ သတၱဝါေတြလဲ ရွိပါတယ္။
အနီးစပ္ဆုံး ေျပာရရင္ လူ ေပါ့ခင္ဗ်ာ။ တကယ္တမ္း ဆက္စပ္ေတြးရင္ေတာ့ လူေတြသည္လည္းပဲ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံကို စစ္ခင္းေနၾက တာ ၊ စစ္ၿပိဳင္ေနၾကတာဟာ ရွင္သန္ရပ္တည္ဖို႔ အစာ အတြက္ပဲ မဟုတ္ပါ လားခင္ဗ်ာ.။ အခု ဒီ႐ုပ္သံဖိုင္ေလးကို ဗဟုသုတရရွိေစရန္ တင္ ေပးလိုက္ပါတယ္။
REF: SHWE LIKE
UNICODE
မြင်တွေ့နေကြမဟုတ်တဲ့ ကင်းခြေများ နဲ့ မြွေတို့ ရဲ့ အပြင်းအထန် ကိုက်ကြတဲ့ အသက်လုတဲ့ ပွဲကြီးပွဲကောင်း(ရုပ်သံ)
အခုရုပ်သံဖိုင်လေးထဲမှာတော့ ကင်းခြေများနဲ့ မြွေတို့ဟာ တစ်ကောင်ကို တစ်ကောင် စားသောက်ဖို့ မဟုတ်ပေမယ့် .. တစ်ခုတည်းသော အစာအတွက် တိုက်ခိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်.. ကဲ..ဒီလို တိုက်ခိုက်ပြီဆို ဘယ်သူနိုင်မယ်လို့ မိတ်ဆွေတွေးမိပါသလဲ ။ရုပ်သံဖိုင်ကို မကြည့်ခင် ကိုယ်နိုင်မယ် ထင်တဲ့ အကောင်လေးကို စိတ်မှာ မှတ်ထားပြီးမှ.. ရုပ်သံဖိုင်လေးကို ကြည့်ကြည့်ပါ.. ။
ဒါဟာ မြင်တွေ့နေကြမဟုတ်တဲ့..စိတ်ဝင်စားဖွယ်ရာ ရုပ်သံလေးတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော် တို့ ကမ္ဘာကြီးမှာ သက်ရှိ သက်မဲ့ အရာ အားလုံး တည်မီနေထိုင်ကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ သက်ရှိ သက်မဲ့တို့ အသက်ရှင်ရပ်တည်နေနိုင်အောင် life cycle လို့ ခေါ်တဲ့ အစာကွင်းဆက် စနစ်တစ်ခု လည်း အပါအဝင်ဖြစ်ပါတယ်။
ဒါကြောင့် သတ္တဝါအချင်းချင်းဖြစ်စေ ၊ အင်းဆက်အချင်းချင်းဖြစ်စေ မျိုးစိတ် တစ်ခုကို မျိုးစိတ်တစ်ခုက စားသုံးရင်း ရှင်သန်ရပ်တည်ကြ ပါတယ်။ဒီအထဲမှာမှ အစာကွင်းဆက် စနစ်အရ လည်း မဟုတ်ပါပဲ၊ အစာအတွက်လည်း မဟုတ်ပဲ အချင်းချင်းသတ်ဖြတ် ရန်လိုတတ်ကြတဲ့ သတ္တဝါတွေလဲ ရှိပါတယ်။
အနီးစပ်ဆုံး ပြောရရင် လူ ပေါ့ခင်ဗျာ။ တကယ်တမ်း ဆက်စပ်တွေးရင်တော့ လူတွေသည်လည်းပဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို စစ်ခင်းနေကြ တာ ၊ စစ်ပြိုင်နေကြတာဟာ ရှင်သန်ရပ်တည်ဖို့ အစာ အတွက်ပဲ မဟုတ်ပါ လားခင်ဗျာ.။ အခု ဒီရုပ်သံဖိုင်လေးကို ဗဟုသုတရရှိစေရန် တင် ပေးလိုက်ပါတယ်။
REF: SHWE LIKE