ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျပႆနာမ်ား၊ ပဋိပကၡမ်ားကို ေျဖရွင္းႏိုင္ရန္ ၫႊန႔္ေပါင္းအစိုးရတစ္ရပ္ လိုအပ္ေၾကာင္း ဦးကိုကိုႀကီး ေျပာၿပီ

၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ေဟာင္း ဦးကိုကိုႀကီးဦးေဆာင္ေသာ ျပည္သူ႔ပါတီသည္ ပါတီဝင္အင္အား တစ္သိန္းခန႔္ရွိၿပီး ၿမိဳ႕ နယ္အဆင့္ ပါတီ႐ုံးခန္းေပါင္း ၈၀ ေက်ာ္ႏွင့္ ရပ္ေက်းအဆင့္ ပါတီ႐ုံးေပါင္း ၄၀၀ ေက်ာ္ ဖြင့္လွစ္ထားသည္ဟု ဆိုသည္။ျပည္သူ႔ပါတီကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၁၈ ဩဂုတ္ ၂၃ ရက္စြဲျဖင့္ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ခြင့္ ျပဳခဲ့သည္။

ဦးကိုကိုႀကီးဦးေဆာင္သည့္ ျပည္သူ႔ပါတီက ကိုယ္စားလွယ္ေလာင္း ၁၀၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟု ဆိုသည္။ ျမန္မာႏိုင္ငံ၏ ႏိုင္ငံ ေရးျပႆနာမ်ား၊ ပဋိပကၡမ်ားကို တစ္ဦးတစ္ေယာက္တည္း မေျဖရွင္းႏိုင္သည့္အတြက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရတစ္ရပ္ ေပၚေပါက္ ရန္ လိုအပ္သည္ဟု ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။

၂၀၂၀ အလြန္မွာ ႏိုင္ငံရဲ႕ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ ပါသင့္ပါထိုက္တဲ့ ပုဂၢိဳလ္ေတြ အဖြဲ႕အစည္းေတြပါ ပါဝင္ႏိုင္တဲ့ အမ်ိဳးသားညီၫြတ္ ေရး အစိုးရတစ္ရပ္ ကြၽန္ေတာ္တို႔ကေတာ့ ေလးေလးနက္နက္ ယုံၾကည္တယ္” ဟု ၎က ေျပာသည္။ျပည္သူ႔ပါတီက ကိုယ္စားလွယ္ ေလာင္း ၁၀၀ ေက်ာ္ဝင္ၿပိဳင္ရန္အတြက္ ဗဟိုအလုပ္အမႈေဆာင္ (CEC) အဖြဲ႕က ကိုယ္စားလွယ္ေလာင္း စိစစ္ေ႐ြးခ်ယ္ေနသည္။

ႏိုင္ငံေရးျဖတ္သန္းမႈႏွင့္ ႏိုင္ငံေရးအသိစိတ္ရွိမႈအေပၚ မူတည္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။ ကြၽန္ ေတာ္အပါအဝင္ပါ ေ႐ြးေကာက္ပြဲဝင္မယ့္ ကိုယ္စားလွယ္မ်ားနဲ႔ ပတ္သက္ၿပီးေတာ့ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီက ဆုံးျဖတ္ၿပီးတဲ့ အခါက်ေတာ့မွ တရားဝင္ထုတ္ျပန္ေၾကညာပါ့မယ္” ဟု ဦးကိုကိုႀကီးက ေျပာသည္။

ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ရာတြင္ လူငယ္၊ အမ်ိဳးသမီးႏွင့္ တိုင္းရင္းသားမ်ားကို ဦးစားေပး ေ႐ြးခ်ယ္သြားမည္ျဖစ္ၿပီး ၎ကိုယ္စား လွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ မဲဆႏၵနယ္ကိုမူ ဦးကိုကိုႀကီးက ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေပ။ေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံေရးအ က်ဥ္းသားေဟာင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ဦးကိုကိုႀကီးက တိုက္တြန္းခဲ့ၿပီး ၎ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္ပါက ႀကိဳဆိုမည္ဟု ဆိုသည္။

လႊတ္ေတာ္ႏိုင္ငံေရး ဆိုတာက ပင္မေရစီးေၾကာင္း ျဖစ္ေနတယ္။၂၀၀၈ (ဖြဲ႕စည္းပုံအေျခခံဥပေဒ) ကို မႀကိဳက္ဘူးဆိုရင္လည္း ျပင္ဆင္ဖို႔ အတြက္က ဒီမွာပဲ ျပင္ဆင္ရမွာျဖစ္တဲ့အတြက္ေၾကာင့္ ကိုယ့္ႏိုင္ငံေရး ျဖတ္သန္းမႈ၊ ဗဟုသုတ၊ အေတြ႕အႀကဳံေတြကို အသုံးခ်ဖို႔အတြက္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကဖို႔ တိုက္တြန္းထားတာရွိပါတယ္” ဟု ၎က ေျပာသည္။

REF: KUMUDRA

UNICODE

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများ၊ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ညွှန့်ပေါင်းအစိုးရတစ်ရပ် လိုအပ်ကြောင်း ဦးကိုကိုကြီး ပြောပြီ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဦးဆောင်သော ပြည်သူ့ပါတီသည် ပါတီဝင်အင်အား တစ်သိန်းခန့်ရှိပြီး မြို့ နယ်အဆင့် ပါတီရုံးခန်းပေါင်း ၈၀ ကျော်နှင့် ရပ်ကျေးအဆင့် ပါတီရုံးပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားသည်ဟု ဆိုသည်။ပြည်သူ့ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၈ ဩဂုတ် ၂၃ ရက်စွဲဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ နိုင်ငံ ရေးပြဿနာများ၊ ပဋိပက္ခများကို တစ်ဦးတစ်ယောက်တည်း မဖြေရှင်းနိုင်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ပေါက် ရန် လိုအပ်သည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

၂၀၂၀ အလွန်မှာ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေပါ ပါဝင်နိုင်တဲ့ အမျိုးသားညီညွတ် ရေး အစိုးရတစ်ရပ် ကျွန်တော်တို့ကတော့ လေးလေးနက်နက် ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။ပြည်သူ့ပါတီက ကိုယ်စားလှယ် လောင်း ၁၀၀ ကျော်ဝင်ပြိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့က ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်နေသည်။

နိုင်ငံရေးဖြတ်သန်းမှုနှင့် နိုင်ငံရေးအသိစိတ်ရှိမှုအပေါ် မူတည်ရွေးချယ်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ ကျွန် တော်အပါအဝင်ပါ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များနဲ့ ပတ်သက်ပြီးတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်ပြီးတဲ့ အခါကျတော့မှ တရားဝင်ထုတ်ပြန်ကြေညာပါ့မယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လူငယ်၊ အမျိုးသမီးနှင့် တိုင်းရင်းသားများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပြီး ၎င်းကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကိုမူ ဦးကိုကိုကြီးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ရွေးကောက်ပွဲတွင် နိုင်ငံရေးအ ကျဉ်းသားဟောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဦးကိုကိုကြီးက တိုက်တွန်းခဲ့ပြီး ၎င်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပါက ကြိုဆိုမည်ဟု ဆိုသည်။

လွှတ်တော်နိုင်ငံရေး ဆိုတာက ပင်မရေစီးကြောင်း ဖြစ်နေတယ်။၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို မကြိုက်ဘူးဆိုရင်လည်း ပြင်ဆင်ဖို့ အတွက်က ဒီမှာပဲ ပြင်ဆင်ရမှာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံရေး ဖြတ်သန်းမှု၊ ဗဟုသုတ၊ အတွေ့အကြုံတွေကို အသုံးချဖို့အတွက် လွှတ်တော်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းထားတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

REF:   KUMUDRA

Add a Comment

Your email address will not be published. Required fields are marked *