




REF: THE FIFTH WAVE NEWS

UNICODE

လာမည့် (၂၀၂၀) ရွေးကောက်ပွဲအတွက် အထူးရဲ(၄)သောင်းကျော် သုံးမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော

(၂၀၂၀)အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကို စံ ၅ ချက်နှင့်အညီ ဟန်ပြမဟုတ် စံပြရွေး ကောက်ပွဲဖစ်အောင် ဥပဒေနဲ့အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မရှင်၏ ဥက္ကဌ ဖြစ်သူ ဦးလှသိန်းက ပြောဆိုထားသည်။ ထို့အတူ တပ်မတော်မှလည်း ရွေးကောက်ပွဲအတွက်လုံခြုံရေး အပါအဝင် လိုအပ်သည် မှန်သမျှကို ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူသည် ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း လေးသောင်းကျော်လျာထားကြောင်းသိရသည်။လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ ပြည်ထဲရေး၀န်ကြီးဌာနရှိ အထူးရဲတပ်ဖွဲ့ဝင်အင်အား (၄)သောင်း ကျော် ခန့်အပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီ ယာများ၏ အေးမြန်းမှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထဲရေး၀န်ကြီးဌာနမှာ ရှိတဲ့ အထူးရဲတွေဆိုရင် လေးသောင်းကျော်လောက်ခန့်မှာပါ။ လုံခြုံရေးကတော့ ပြည်ထဲရေးက အထူးရဲတွေခန့်မယ်။

သင်တန်း တွေပေးမယ် ဆိုပြီးတော့ လုပ်တယ်” ဟု ဦးမြင့်နိုင်ကပြောသည်။ရွေးကောက်ပွဲ တွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြက့် COVID -19 ဖြစ်ပွားမှုနှုန်း အပေါ်မူတည်ပြီးကျန်းမာရေးအန္တရာယ် လူထုမဲဆန္ဒရှင်များ စိတ်ချ၊လုံခြုံအောင် ဘေးကင်းစွာဖြင့် မဲပေးနိုင် ရေးအတွက် လည်းဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ဦးမြင့်နိုင်ကပြောသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *