အမ်ိဳးသမီး(၁)ဦး ကေလးခိုးမႈက်ဴးလြန္၍ အင္းစိန္ၿမိဳ႕နယ္တြင္ ဖမ္းဆီး

ဖမ္းဆီးရမိသူ ေဒၚစန္းစန္းမိုး အား စစ္ေဆးရာ ၎သည္ ခင္ပြန္း ဦး—–ႏွင့္ အတူ လက္ထပ္ ေပါင္းသင္းခဲ့ၿပီး ကေလးရရွိျခင္း မရွိေသာ ေၾကာင့္ လင္မယားခ်င္း ေန႔စဥ္စကားမ်ားေနခဲ့ရေၾကာင္း၊ ၉.၇.၂၀၂၀ ရက္ေန႔တြင္ ေနအိမ္မွထြက္ခဲ့ၿပီး အင္းစိန္ အမ်ိဳးသမီး သားဖြားမီးယပ္ ေဆာင္သို႔ သြားေရာက္ ခဲ့ကာ ၁၁.၇.၂၀၂၀ ရက္ေန႔တြင္ အဆိုပါ ကေလးခိုးမႈကိုက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ ခဲ့သည္။

၎ကို ဥပေဒႏွင့္အညီ အျမန္တရားစြဲတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။အမႈမွာ အင္းစိန္ၿမိဳ႕နယ္၊ ေစာ္ဘြားႀကီး ကုန္းရပ္ကြက္၊ ထန္းပင္ကုန္းအုပ္စု၊ စံပယ္လမ္း၊ အမွတ္ (၁၁၆)ေန တရားလို ေဒၚ—–သည္ မီးဖြားရက္နီး၍ ၉.၇.၂၀၂၀ ရက္ေန႔တြင္ အင္း စိန္ေဆး႐ုံႀကီးသို႔ တက္ေရာက္ကုသခဲ့ေၾကာင္း၊ ၁၀.၇.၂၀၂၀ ရက္ေန႔ ၀၀၀၄ အခ်ိန္တြင္ သမီးေလးေမြးဖြားခဲ့ေၾကာင္း သိရသည္။

ကေလးေမြးၿပီး ေနာက္ အသက္(၅၀)ႏွစ္ခန႔္ရွိ အမည္မသိအမ်ိဳးသမီး(၁)ဦးက ၎အား ေဝယ်ာေဝစၥမ်ား ဝိုင္းဝန္းကူညီလုပ္ေပးခဲ့ေၾကာင္း၊ ၁၁.၇.၂၀၂၀ ရက္ေန႔ ၀၆၀၀ အခ်ိန္တြင္ အဆိုပါ အမည္မသိအမ်ိဳးသမီးက ကေလးအား ကာကြယ္ေဆး ထိုးရမည္ဟု ေျပာဆို၍ ေခၚ ေဆာင္သြားၿပီး ျပန္လည္ေရာက္ရွိလာျခင္းမရွိဘဲ ေပ်ာက္ဆုံးသြားသည္ ဆို၏။

ကေလးငယ္အား ခိုးယူသြားသူ အမည္မသိအမ်ိဳးသမီးအား စုံစမ္းေဖာ္ထုတ္ အေရးယူေပးပါရန္ ၁၄.၇.၂၀၂၀ ရက္ေန႔တြင္ အင္းစိန္ၿမိဳ႕မ ရဲစခန္း၌ အမႈဖြင့္တိုင္တန္းမႈျဖစ္ပါသည္။ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉးမွ သတင္းရလွ်င္ရခ်င္း ထူးျခားျဖစ္စဥ္ျဖစ္၍ ျပစ္မႈက်ဴးလြန္ သူႏွင့္ ေပ်ာက္ဆုံးကေလး အျမန္စုံစမ္းရွာေဖြရန္ လမ္းၫႊန္ခ်က္ႏွင့္အညီ ေျမာက္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉးက အနီးကပ္ ႀကီးၾကပ္၍ ။

ခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အင္းစိန္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားက လိုက္လံစုံစမ္းရွာေဖြရာ ၂၃၀၀ အခ်ိန္တြင္ ေမွာ္ဘီၿမိဳ႕နယ္၊ ဝါးနက္ေခ်ာင္းအုပ္စု၊ ဝါးျဖဴေတာေက်း႐ြာ၊ ေလထီးလမ္း ေန ေဒၚစန္းစန္းမိုး ကို ၎၏ေနအိမ္၌ ခိုးယူသြားသည့္ ကေလး ႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါသည္။

REF: PYI MYANMAR

UNICODE

အမျိုးသမီး(၁)ဦး ကလေးခိုးမှုကျူးလွန်၍ အင်းစိန်မြို့နယ်တွင် ဖမ်းဆီး

ဖမ်းဆီးရမိသူ ဒေါ်စန်းစန်းမိုး အား စစ်ဆေးရာ ၎င်းသည် ခင်ပွန်း ဦး—–နှင့် အတူ လက်ထပ် ပေါင်းသင်းခဲ့ပြီး ကလေးရရှိခြင်း မရှိသော ကြောင့် လင်မယားချင်း နေ့စဉ်စကားများနေခဲ့ရကြောင်း၊ ၉.၇.၂၀၂၀ ရက်နေ့တွင် နေအိမ်မှထွက်ခဲ့ပြီး အင်းစိန် အမျိုးသမီး သားဖွားမီးယပ် ဆောင်သို့ သွားရောက် ခဲ့ကာ ၁၁.၇.၂၀၂၀ ရက်နေ့တွင် အဆိုပါ ကလေးခိုးမှုကိုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

၎င်းကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။အမှုမှာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းအုပ်စု၊ စံပယ်လမ်း၊ အမှတ် (၁၁၆)နေ တရားလို ဒေါ်—–သည် မီးဖွားရက်နီး၍ ၉.၇.၂၀၂၀ ရက်နေ့တွင် အင်း စိန်ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ကြောင်း၊ ၁၀.၇.၂၀၂၀ ရက်နေ့ ၀၀၀၄ အချိန်တွင် သမီးလေးမွေးဖွားခဲ့ကြောင်း သိရသည်။

ကလေးမွေးပြီး နောက် အသက်(၅၀)နှစ်ခန့်ရှိ အမည်မသိအမျိုးသမီး(၁)ဦးက ၎င်းအား ဝေယျာဝေစ္စများ ဝိုင်းဝန်းကူညီလုပ်ပေးခဲ့ကြောင်း၊ ၁၁.၇.၂၀၂၀ ရက်နေ့ ၀၆၀၀ အချိန်တွင် အဆိုပါ အမည်မသိအမျိုးသမီးက ကလေးအား ကာကွယ်ဆေး ထိုးရမည်ဟု ပြောဆို၍ ခေါ် ဆောင်သွားပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားသည် ဆို၏။

ကလေးငယ်အား ခိုးယူသွားသူ အမည်မသိအမျိုးသမီးအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ၁၄.၇.၂၀၂၀ ရက်နေ့တွင် အင်းစိန်မြို့မ ရဲစခန်း၌ အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ သတင်းရလျှင်ရချင်း ထူးခြားဖြစ်စဉ်ဖြစ်၍ ပြစ်မှုကျူးလွန် သူနှင့် ပျောက်ဆုံးကလေး အမြန်စုံစမ်းရှာဖွေရန် လမ်းညွှန်ချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ် ကြီးကြပ်၍ ။

ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းရှာဖွေရာ ၂၃၀၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းအုပ်စု၊ ဝါးဖြူတောကျေးရွာ၊ လေထီးလမ်း နေ ဒေါ်စန်းစန်းမိုး ကို ၎င်း၏နေအိမ်၌ ခိုးယူသွားသည့် ကလေး နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

REF:   PYI  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *