ေ႐ႊတိဂုံရွိ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ(ၿငိမ္း) မ်က္ႏွာႏွ င့္ ဆင္သည္ ဆိုေသာ ေက်ာက္စိမ္း ဆင္းတုေ တာ္အား မူလအတိုင္း ထား ရွိရန္ ဆရာေတာ္မ်ား ဆုံးျဖတ္

ေ႐ႊတိဂုံေစတီေတာ္ရွိ ေက်ာက္စိမ္း ႐ုပ္ပြားေတာ္ကို ဦးသန္းေ႐ႊမ်က္ႏွာႏွင့္တူေအာင္ထုလုပ္ထားသည္ ဆိုကာ အြန္လိုင္း မီဒီယာ တစ္ခုက ဇူလိုင္လ ၇ ရက္ကေရးသားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္ ။ဆရာေတာ္ႀကီးမ်ား ကေက်ာက္စိမ္း႐ုပ္ပြားေတာ္သည္ ဗုဒၶမုျဒာ႐ုပ္ပြားေတာ္ အဂၤါမ်ားႏွင့္ ကိုက္ညီေၾကာင္း၊ ဗုဒၶ႐ုပ္ပြားေတာ္ဆင္းတု ထုလုပ္ရာတြင္ ပ်ဴေခတ္တြင္ထုပါက ပ်ဴယဥ္ေက်းမႈလက္ရာပုံစံ၊

အိႏၵိယတြင္ထု လုပ္ပါက အိႏၵိယယဥ္ေက်းမႈလက္ရာပုံစံ ၊ တ႐ုတ္တြင္ထုလု ပ္ပါက တ႐ုတ္ယဥ္ေက်းမႈလက္ရာပုံစံအမ်ိဳးမ်ိဳးရွိေၾကာင္း၊ ဆန႔္က်င္ဖက္အျမင္ျဖင့္ၾကည့္သူမ်ားသာ ကဲ့ ရဲ႕ေဝဖန္ရႈံ႕ခ်တတ္ေၾကာင္း မိန႔္ေတာ္မူ ခဲ့ၾကသည္ ။ထို႔ေနာက္ ဆရာေတာ္ႀကီးမ်ားက ေက်ာက္ စိမ္း႐ုပ္ပြားေတာ္ကိုမူလေနရာတြင္ပင္ မူလပုံစံအတိုင္း ဆက္လက္ထားရွိ အပူေဇာ္ခံရန္ ဆုံးျဖတ္ ခဲ့ၾကသည္။

ယမန္ေန႔ ဇူလိုင္လ ၁၅ ရက္ေန႔လယ္ ( ၂:၀၀ )နာရီ တြင္ ေ႐ႊတိဂုံေစတီေတာ္ဩဝါဒ စရိယဆရာေတာ္ႀကီးမ်ား ေ႐ႊတိဂုံေဂါပက အဖြဲ႕ဝင္ မ်ားသည္ ရင္ျပင္ေတာ္ စေနေထာင့္အနီး သတၱဳတြင္းဝန္ႀကီးဌာန မွ ၁၉၉၉ ခုႏွစ္ တြင္ ကပ္လႉ ပူေဇာ္ထားေသာ ေက်ာက္စိမ္း ႐ုပ္ပြားေတာ္ ကို စစ္ေဆးၾကည့္ရႈၿပီး မူလအတိုင္း ဆက္လက္ အပူေဇာ္ခံထား ရွိရန္ဆုံးျဖတ္ ခဲ့ သည္။

Soruce; Health Care

unicode

ရွှေတိဂုံရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) မျက်နှာနှ င့် ဆင်သည် ဆိုသော ကျောက်စိမ်း ဆင်းတုေ တာ်အား မူလအတိုင်း ထား ရှိရန် ဆရာတော်များ ဆုံးဖြတ်

ရွှေတိဂုံစေတီတော်ရှိ ကျောက်စိမ်း ရုပ်ပွားတော်ကို ဦးသန်းရွှေမျက်နှာနှင့်တူအောင်ထုလုပ်ထားသည် ဆိုကာ အွန်လိုင်း မီဒီယာ တစ်ခုက ဇူလိုင်လ ၇ ရက်ကရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ဆရာတော်ကြီးများ ကကျောက်စိမ်းရုပ်ပွားတော်သည် ဗုဒ္ဓမုဒြာရုပ်ပွားတော် အင်္ဂါများနှင့် ကိုက်ညီကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်ဆင်းတု ထုလုပ်ရာတွင် ပျူခေတ်တွင်ထုပါက ပျူယဉ်ကျေးမှုလက်ရာပုံစံ၊

အိန္ဒိယတွင်ထု လုပ်ပါက အိန္ဒိယယဉ်ကျေးမှုလက်ရာပုံစံ ၊ တရုတ်တွင်ထုလု ပ်ပါက တရုတ်ယဉ်ကျေးမှုလက်ရာပုံစံအမျိုးမျိုးရှိကြောင်း၊ ဆန့်ကျင်ဖက်အမြင်ဖြင့်ကြည့်သူများသာ ကဲ့ ရဲ့ဝေဖန်ရှုံ့ချတတ်ကြောင်း မိန့်တော်မူ ခဲ့ကြသည် ။ထို့နောက် ဆရာတော်ကြီးများက ကျောက် စိမ်းရုပ်ပွားတော်ကိုမူလနေရာတွင်ပင် မူလပုံစံအတိုင်း ဆက်လက်ထားရှိ အပူဇော်ခံရန် ဆုံးဖြတ် ခဲ့ကြသည်။

ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့လယ် ( ၂:၀၀ )နာရီ တွင် ရွှေတိဂုံစေတီတော်ဩဝါဒ စရိယဆရာတော်ကြီးများ ရွှေတိဂုံဂေါပက အဖွဲ့ဝင် များသည် ရင်ပြင်တော် စနေထောင့်အနီး သတ္တုတွင်းဝန်ကြီးဌာန မှ ၁၉၉၉ ခုနှစ် တွင် ကပ်လှူ ပူဇော်ထားသော ကျောက်စိမ်း ရုပ်ပွားတော် ကို စစ်ဆေးကြည့်ရှုပြီး မူလအတိုင်း ဆက်လက် အပူဇော်ခံထား ရှိရန်ဆုံးဖြတ် ခဲ့ သည်။

Soruce;  Health Care

Add a Comment

Your email address will not be published. Required fields are marked *