ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အေန ျဖင့္ မည္သည့္ပါတီကိုမွ် မဲဆြယ္ခြင့္ေပးမထားေသးဟု ေကာ္မရွင္ေျပာၿပီ

(၂၀၂၀)ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေရးႏွင့္ပတ္ သက္၍ ၫႊန္ၾကားခ်က္သီးသန႔္ ထုတ္ျပန္ေပးမည္ျဖစ္ၿပီး ပါတီ မ်ားအားလုံး တန္းတူအခြင့္အေရး ရရွိမည္ဟု ေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ရွင္းျပ သည္။မဲဆြယ္စည္း႐ုံးေရးကအ တူတူေပးတာပဲေလ။ ဘယ္သူမွ မရၾကေသးဘူး။ မဲဆြယ္စည္း႐ုံး ေရးကို သတ္သတ္ၫႊန္ၾကားခ်က္ ထုတ္ေပးမယ္’’ဟု ဦးျမင့္ႏိုင္က ေျပာသည္။

ႏိုဝင္ဘာ ၈ ရက္တြင္ က်င္း ပမည့္ အေထြေထြေ႐ြးေကာက္ပြဲ တြင္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵ နယ္ ၃၃၀၊ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ ၁၆၈၊ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မဲဆႏၵနယ္ ၆၄၄ ေနရာႏွင့္ တိုင္းရင္းသားလူမ်ိဳးမဲ ဆႏၵနယ္ ၂၉ နယ္အျဖစ္ ျပည္ ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မ ရွင္က ထုတ္ျပန္ေၾကညာထား သည္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အေန ျဖင့္ နယ္ေျမစည္း႐ုံးေရး၊ ပါတီ စည္း႐ုံးေရး ကိစၥရပ္မ်ားသာ ေဆာင္႐ြက္ခြင့္ေပးထားၿပီး မည္ သည့္ပါတီကိုမွ် မဲဆြယ္ခြင့္ေပး မထားေသးေၾကာင္း ေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္ကေျပာသည္။

ေ႐ြးေကာက္ပြဲဆိုင္ရာပါတီ စည္း႐ုံးေရးလုပ္ငန္းမ်ား၊ နယ္ေျမ စည္း႐ုံးေရးလုပ္ငန္းမ်ား၊ စုေဝး ေဟာေျပာျခင္းမ်ား ေဆာင္႐ြက္ ခြင့္ရွိ ေၾကာင္းႏွင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္မွ ဇူလိုင္ ၁ ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာ ခ်က္အေပၚ အထင္ျမင္လြဲမွားေန ျခင္းသာ ျဖစ္ၿပီး ၫႊန္ၾကားခ်က္ကို ေသခ်ာစြာဖတ္ဖို႔လိုသည္ဟု ဦး ျမင့္ႏိုင္ကဆိုသည္။

‘‘ၫႊန္ၾကားခ်က္ကို ေသခ်ာ ဖတ္ဖို႔လိုတယ္။ ဥပေဒကေပး ထားတာက ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္က စေၾက ညာတဲ့ေန႔က ေနစၿပီးေတာ့ ပါတီ စည္း႐ုံးေရးလုပ္ငန္း၊ နယ္ေျမ စည္း႐ုံးေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခြင့္ရွိသည္ ဆိုၿပီး ေတာ့။ အခုအာဏာရပါတီက မဲဆြယ္ခြင့္ရေနတယ္ဆိုတာ မဟုတ္ဘူးေပါ့ေနာ္။ မဟုတ္ဘူး’’ ဟု ဦးျမင့္ႏိုင္ကေျပာသည္။

ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္၏ ဇူလိုင္ ၁ ရက္ ထုတ္ျပန္ခ်က္အေပၚ လက္ရွိအာ ဏာရပါတီေခါင္းေဆာင္မ်ားက မဲဆြယ္ခြင့္ရေန သည္ဟုေကာလာ ဟလျပန႔္ေနမႈမ်ားႏွင့္ပတ္သက္၍ ဇူလိုင္ ၁၅ရက္က ေနျပည္ေတာ္ရွိ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးတြင္ က်င္းပခဲ့သည့္သတင္းစာရွင္းလင္းပြဲတြင္ ဦးျမင့္ ႏိုင္က မီဒီယာမ်ား၏ ေမးျမန္းမႈကို ျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္ သည္။

REF: 7 DAY DAILY

UNICODE

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် မည်သည့်ပါတီကိုမျှ မဲဆွယ်ခွင့်ပေးမထားသေးဟု ကော်မရှင်ပြောပြီ

(၂၀၂၀)ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးနှင့်ပတ် သက်၍ ညွှန်ကြားချက်သီးသန့် ထုတ်ပြန်ပေးမည်ဖြစ်ပြီး ပါတီ များအားလုံး တန်းတူအခွင့်အရေး ရရှိမည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ရှင်းပြ သည်။မဲဆွယ်စည်းရုံးရေးကအ တူတူပေးတာပဲလေ။ ဘယ်သူမှ မရကြသေးဘူး။ မဲဆွယ်စည်းရုံး ရေးကို သတ်သတ်ညွှန်ကြားချက် ထုတ်ပေးမယ်’’ဟု ဦးမြင့်နိုင်က ပြောသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်း ပမည့် အထွေထွေရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈၊ တိုင်းဒေသကြီး နှင့် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နေရာနှင့် တိုင်းရင်းသားလူမျိုးမဲ ဆန္ဒနယ် ၂၉ နယ်အဖြစ် ပြည် ထောင်စုရွေးကောက် ပွဲကော်မ ရှင်က ထုတ်ပြန်ကြေညာထား သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် နယ်မြေစည်းရုံးရေး၊ ပါတီ စည်းရုံးရေး ကိစ္စရပ်များသာ ဆောင်ရွက်ခွင့်ပေးထားပြီး မည် သည့်ပါတီကိုမျှ မဲဆွယ်ခွင့်ပေး မထားသေးကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။

ရွေးကောက်ပွဲဆိုင်ရာပါတီ စည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေ စည်းရုံးရေးလုပ်ငန်းများ၊ စုဝေး ဟောပြောခြင်းများ ဆောင်ရွက် ခွင့်ရှိ ကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင် ၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ချက်အပေါ် အထင်မြင်လွဲမှားနေ ခြင်းသာ ဖြစ်ပြီး ညွှန်ကြားချက်ကို သေချာစွာဖတ်ဖို့လိုသည်ဟု ဦး မြင့်နိုင်ကဆိုသည်။

‘‘ညွှန်ကြားချက်ကို သေချာ ဖတ်ဖို့လိုတယ်။ ဥပဒေကပေး ထားတာက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စကြေ ညာတဲ့နေ့က နေစပြီးတော့ ပါတီ စည်းရုံးရေးလုပ်ငန်း၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည် ဆိုပြီး တော့။ အခုအာဏာရပါတီက မဲဆွယ်ခွင့်ရနေတယ်ဆိုတာ မဟုတ်ဘူးပေါ့နော်။ မဟုတ်ဘူး’’ ဟု ဦးမြင့်နိုင်ကပြောသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ဇူလိုင် ၁ ရက် ထုတ်ပြန်ချက်အပေါ် လက်ရှိအာ ဏာရပါတီခေါင်းဆောင်များက မဲဆွယ်ခွင့်ရနေ သည်ဟုကောလာ ဟလပြန့်နေမှုများနှင့်ပတ်သက်၍ ဇူလိုင် ၁၅ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့် နိုင်က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ် သည်။

REF:  7  DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *