ျမန္မာႏိုင္ငံသည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ (၁၀)စုႏွစ္တစ္ခုရွိၿပီျဖစ္ေသာ္လည္း တိုးတက္မႈေႏွးေကြးေနေၾကာင္း ကာ/ခ်ဳပ္ေျပာ

ျမန္မာႏိုင္ငံ သည္ COVID-19 ေၾကာင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ အုပ္ခ်ဳပ္ ေရး လည္ပတ္မႈ တို႔တြင္ မ်ားစြာ ပ်က္ယြင္း ခဲ့ ရေၾကာင္း၊ လက္ရွိအေျခအေနမ်ားအရ တစ္ကမာၻလုံးတြင္ ပိုမိုဆိုး႐ြားစြာ ျဖစ္ပြားလ်က္ရွိၿပီး ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားမႈ နည္းပါးေသာ္လည္း ကုန္စည္ စီးဆင္းမႈ ျပတ္ေတာက္ျခင္း၊ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရွားပါးလာျခင္းႏွင့္ အျခား႐ိုက္ခတ္မႈမ်ားစြာ ရွိလာခဲ့ေၾကာင္း၊ အလုပ္အကိုင္ ရွားပါးၿပီး ဝင္ေငြမရွိသျဖင့္ စားေရးတြင္ အခက္အခဲမ်ား ျဖစ္ေပၚလာေၾကာင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္က ေျပာၾကားလိုက္ေၾကာင္း သိရသည္။

အင္းေလးေဒသႏွင့္ ပတ္သက္၍ အင္းေလးကန္ႀကီး မူလအေျခအေနသို႔ ျပန္လည္ေရာက္ရွိရန္မွာ လြယ္ကူမည္ မဟုတ္ေၾကာင္း၊ ယခင္အ တိုင္းအတာ အက်ယ္အဝန္းႏွင့္ ယခုအေျခအေနမွာ ကြာျခားလ်က္ရွိေၾကာင္း၊ ေရရွည္တည္တံ့ ခိုင္ၿမဲေရးအတြက္ အင္းေလးေဒသတြင္ ေန ထိုင္သူမ်ား၊ လာေရာက္ လည္ပတ္သူမ်ား၊ လာေရာက္ အလုပ္လုပ္ကိုင္သူမ်ား အားလုံးအေနျဖင့္ အင္းေလးကန္ႀကီး ထိခိုက္ပ်က္စီးေစမည့္ လုပ္ရပ္မွန္သမွ်အား ေရွာင္ၾကဥ္ၾကရမည္ ျဖစ္ေၾကာင္းႏွင့္ ကမာၻတြင္ပင္ မရွိသည့္ ယဥ္ေက်းမႈမ်ားကို တန္ဖိုးထား ထိန္းသိမ္းၾကရမည္ ျဖစ္ေၾကာင္းလည္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံအေနျဖင့္ ၂၀၁၁ ခုႏွစ္မွစ၍ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းေပၚတြင္ စတင္ေလွ်ာက္လွမ္းခဲ့ရာ ဆယ္စုႏွစ္တစ္ခုေက်ာ္ခဲ့ၿပီ ျဖစ္ ၿပီး အဆိုပါကာလအတြင္း အတိုင္းအတာတစ္ခုအထိ ေျပာင္းလဲႏိုင္ခဲ့ေသာ္လည္း ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈ ေႏွးေကြးေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။ဇူလိုင္ ၁၃ ရက္ မြန္းလြဲပိုင္းတြင္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသႏွင့္ အင္းေလးေဒသတို႔မွ တိုင္းရင္းသား ကိုယ္စားလွယ္မ်ား၊ ရွမ္းစာေပယဥ္ေက်းမႈ အဖြဲ႕ဝင္မ်ားအား အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ပင္လုံရိပ္သာ ခန္းမ၌ ေတြ႕ဆုံပြဲတြင္ ထိုသို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္သည္။

ထိုသို႔ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မႈ ေႏွးေကြးသည့္အတြက္ လုပ္ေဆာင္ရန္ကိစၥမ်ား မ်ားစြာရွိေနေသးသျဖင့္ အားလုံးက စုစုစည္းစည္းျဖင့္ ေကာင္းမြန္သည့္ ျပဳျပင္ေျပာင္းလဲျခင္းမ်ားကို ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ထိုသို႔ ေဆာင္႐ြက္ရာတြင္ တပ္မေတာ္အေနျဖင့္ မည္သည့္တိုင္း ရင္းသားကိုမွ် ခ်န္လွပ္ထားမည္ မဟုတ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေျပာၾကားသည္။

REF: ELEVEN MEDIA

UNICODE

မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် (၁၀)စုနှစ်တစ်ခုရှိပြီဖြစ်သော်လည်း တိုးတက်မှုနှေးကွေးနေကြောင်း ကာ/ချုပ်ပြော

မြန်မာနိုင်ငံ သည် COVID-19 ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ် ရေး လည်ပတ်မှု တို့တွင် များစွာ ပျက်ယွင်း ခဲ့ ရကြောင်း၊ လက်ရှိအခြေအနေများအရ တစ်ကမ္ဘာလုံးတွင် ပိုမိုဆိုးရွားစွာ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု နည်းပါးသော်လည်း ကုန်စည် စီးဆင်းမှု ပြတ်တောက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာခြင်းနှင့် အခြားရိုက်ခတ်မှုများစွာ ရှိလာခဲ့ကြောင်း၊ အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေမရှိသဖြင့် စားရေးတွင် အခက်အခဲများ ဖြစ်ပေါ်လာကြောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားလိုက်ကြောင်း သိရသည်။

အင်းလေးဒေသနှင့် ပတ်သက်၍ အင်းလေးကန်ကြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ လွယ်ကူမည် မဟုတ်ကြောင်း၊ ယခင်အ တိုင်းအတာ အကျယ်အဝန်းနှင့် ယခုအခြေအနေမှာ ကွာခြားလျက်ရှိကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အင်းလေးဒေသတွင် နေ ထိုင်သူများ၊ လာရောက် လည်ပတ်သူများ၊ လာရောက် အလုပ်လုပ်ကိုင်သူများ အားလုံးအနေဖြင့် အင်းလေးကန်ကြီး ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်မှန်သမျှအား ရှောင်ကြဉ်ကြရမည် ဖြစ်ကြောင်းနှင့် ကမ္ဘာတွင်ပင် မရှိသည့် ယဉ်ကျေးမှုများကို တန်ဖိုးထား ထိန်းသိမ်းကြရမည် ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခဲ့ရာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ ဖြစ် ပြီး အဆိုပါကာလအတွင်း အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်ခဲ့သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အင်းလေးဒေသတို့မှ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ရှမ်းစာပေယဉ်ကျေးမှု အဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ပင်လုံရိပ်သာ ခန်းမ၌ တွေ့ဆုံပွဲတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည့်အတွက် လုပ်ဆောင်ရန်ကိစ္စများ များစွာရှိနေသေးသဖြင့် အားလုံးက စုစုစည်းစည်းဖြင့် ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် မည်သည့်တိုင်း ရင်းသားကိုမျှ ချန်လှပ်ထားမည် မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

REF:    ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *