တပ္မေတာ္သားမ်ား ျပစ္မႈက်ဴးလြန္ပါက (၃)ႏွစ္ေက်ာ္လြန္ၿပီးေနာက္ အေရးယူမရသည့္ပုဒ္မကို ျပင္ဆင္ရန္လႊတ္ေတာ္၌ တင္သြင္း

အဆိုပါ ျပင္ဆင္ရန္ တင္သြင္းထားသည့္ ဥပေဒၾကမ္းကို လက္ခံေဆြးေႏြးရန္ အမ်ိဳးသားလႊတ္ေတာ္အမတ္မ်ားက သေဘာတူခဲ့ၿပီး လႊတ္ ေတာ္ဥကၠ႒ မန္းဝင္းခိုင္သန္းက ဥပေဒၾကမ္းအေပၚ ေလ့လာသုံးသပ္ရန္ ဥပေဒၾကမ္းေကာ္မတီသို႔ တာဝန္ေပးထားသည္။ အမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ကခ်င္ျပည္နယ္ အမွတ္ (၁၁) အမ်ိဳးသားလႊတ္ေတာ္အမတ္ ေဒါက္တာခြန္ဝင္းေသာင္းက အဆိုပါ ျဖည့္စြက္ခ်က္ မ်ားသည္ အခ်ိန္ကာလသတ္မွတ္ပုံကို ေနာက္ဆုတ္ေပးလိုက္ျခင္း ျဖစ္သည္ဟု သုံးသပ္သည္။

အမႈေပၚေပၚ မေပၚေပၚ အမႈဖြင့္ထားရမွာေပါ့။ ၿပီးေတာ့ စတင္ျဖစ္ပြားၿပီးေနာက္ သုံးႏွစ္အတြင္း မဟုတ္ေတာ့ဘဲ တရားခံသိတဲ့ေန႔က သုံး ႏွစ္အတြင္းလို႔ျပင္လိုက္တဲ့သေဘာေပါ့။ (ကာလသတ္မွတ္ခ်က္ကို) ေနာက္ဆုတ္ေပးတဲ့သေဘာေပါ့” ဟု ၎က ေျပာသည္။ တပ္မေတာ္၏ ယခုေျခလွမ္းမွာ ႀကိဳဆိုရမည္ျဖစ္ေသာ္လည္း နားလွည့္ပါး႐ိုက္မျဖစ္ရန္လိုသည္ဟု ရွမ္းစစ္ေဘးဒုကၡသည္မ်ားကူညီေရး (ထိုင္း-ျမန္မာ နယ္စပ္) ေကာ္မတီဝင္ စိုင္းလင္းက ေထာက္ျပသည္။

လက္ေတြ႕ ဘယ္လိုျဖစ္လာမယ္ဆိုတာ မသိေသးေပမယ့္ မူအရေတာ့ အေပါင္းလကၡဏာေဆာင္တယ္ လို႔ေတာ့ ေျပာလို႔ရပါတယ္” ဟု ၎က ေျပာသည္။တပ္မေတာ္သားမ်ား ျပစ္မႈက်ဴးလြန္ပါက သုံးႏွစ္ေက်ာ္လြန္ၿပီးေနာက္ အေရးယူမရသည့္ တပ္မေတာ္အက္ဥပေဒပါ ပုဒ္မကို ျပင္ဆင္ရန္ဥပေဒၾကမ္းကို ယေန႔ (ဇူလိုင္ ၁၅) က်င္းပသည့္ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝး၌ တပ္မေတာ္သား ကိုယ္စား လွယ္က တင္သြင္းခဲ့သည္။

၁၉၅၉ ခုႏွစ္ တပ္မေတာ္အက္ဥပေဒပုဒ္မ ၁၂၅ (၁) တြင္ တပ္မေတာ္သားတစ္ဦးသည္ “ျပစ္မႈက်ဴးလြန္သည့္ ေန႔ရက္မွ သုံးႏွစ္ကုန္ဆုံး သည့္အခါ ထိုျပစ္မႈအတြက္ စစ္တရား႐ုံးျဖင့္ စစ္ေဆးစီရင္ျခင္းကို စတင္မျပဳလုပ္ရ” ဟု ျပ႒ာန္းထားသည္။ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး ေအာင္ထြန္းလင္းက ျပင္ဆင္လိုသည့္ဥပေဒၾကမ္းတြင္ အခ်ိန္ကာလသတ္မွတ္ခ်က္သုံးႏွစ္ကို ျပစ္မႈ က်ဴးလြန္သည့္ေန႔ရက္မွ စတင္ေရတြက္ျခင္းအျပင္ နစ္နာသူႏွင့္ အေရးယူႏိုင္သည့္အခြင့္အာဏာပိုင္က ျပစ္မႈက်ဴးလြန္မႈ သို႔မဟုတ္။

ျပစ္မႈက်ဴးလြန္သူကို စတင္သိရွိသည့္ အေစာဆုံးေန႔ရက္မွ စတင္ေရတြက္ရန္ ဟူသည့္ ျဖည့္စြက္ခ်က္မ်ားကို အဆိုျပဳျခင္းျဖစ္သည္။ အေရး ယူခံထိုက္သူကို အေရးယူခံရျခင္းမွ ကင္းလြတ္ျခင္းမရွိေစရန္အတြက္လည္းေကာင္း၊ စစ္စည္းကမ္း ထိန္းသိမ္းမႈအတြက္လည္းေကာင္း ျပင္ ဆင္ရန္ျဖစ္ေၾကာင္း တင္ျပပါတယ္” ဟု ဒုတိယဗိုလ္မႉးႀကီး ေအာင္ထြန္းလင္းက ဥပေဒၾကမ္းတင္သြင္းစဥ္ ေျပာခဲ့သည္။ သို႔ေသာ္ ယင္းပုဒ္ မႏွင့္ အက်ဳံးဝင္ေသာ ျပစ္မႈမ်ားတြင္ စစ္ေျပးမႈ၊ လိမ္လည္လွည့္ဖ်ား၍ စစ္မႈထမ္းအျဖစ္စာရင္းသြင္းမႈ၊ စစ္ပုန္ကန္မႈ စသည္တို႔ မပါဝင္ေပ။

ဇြန္၂၈ တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းတစ္ခု၏ ပစ္ခတ္မႈေၾကာင့္ အရပ္သားတစ္ဦး ေသ ဆုံးခဲ့ေသာ္လည္း တပ္မေတာ္ဘက္က အေရးယူရန္ ေဆာင္႐ြက္ေနမႈအေပၚ မေတြ႕ရေသးေၾကာင္း၊ ယင္းကိစၥအေရးယူေပးရန္ လူေထာင္ခ်ီ ဆႏၵျပမႈေတာင္းဆိုရာတြင္ ဦးေဆာင္သူသုံးဦးကို အေရးယူမည္ဟုသာ ထုတ္ေဖာ္ေျပာဆိုထားေၾကာင္း စိုင္းလင္းက ေျပာသည္။

REF: KUMUDRA

UNICODE

တပ်မတော်သားများ ပြစ်မှုကျူးလွန်ပါက (၃)နှစ်ကျော်လွန်ပြီးနောက် အရေးယူမရသည့်ပုဒ်မကို ပြင်ဆင်ရန်လွှတ်တော်၌ တင်သွင်း

အဆိုပါ ပြင်ဆင်ရန် တင်သွင်းထားသည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော်အမတ်များက သဘောတူခဲ့ပြီး လွှတ် တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းအပေါ် လေ့လာသုံးသပ်ရန် ဥပဒေကြမ်းကော်မတီသို့ တာဝန်ပေးထားသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ကချင်ပြည်နယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်အမတ် ဒေါက်တာခွန်ဝင်းသောင်းက အဆိုပါ ဖြည့်စွက်ချက် များသည် အချိန်ကာလသတ်မှတ်ပုံကို နောက်ဆုတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်သည်။

အမှုပေါ်ပေါ် မပေါ်ပေါ် အမှုဖွင့်ထားရမှာပေါ့။ ပြီးတော့ စတင်ဖြစ်ပွားပြီးနောက် သုံးနှစ်အတွင်း မဟုတ်တော့ဘဲ တရားခံသိတဲ့နေ့က သုံး နှစ်အတွင်းလို့ပြင်လိုက်တဲ့သဘောပေါ့။ (ကာလသတ်မှတ်ချက်ကို) နောက်ဆုတ်ပေးတဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။ တပ်မတော်၏ ယခုခြေလှမ်းမှာ ကြိုဆိုရမည်ဖြစ်သော်လည်း နားလှည့်ပါးရိုက်မဖြစ်ရန်လိုသည်ဟု ရှမ်းစစ်ဘေးဒုက္ခသည်များကူညီရေး (ထိုင်း-မြန်မာ နယ်စပ်) ကော်မတီဝင် စိုင်းလင်းက ထောက်ပြသည်။

လက်တွေ့ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိသေးပေမယ့် မူအရတော့ အပေါင်းလက္ခဏာဆောင်တယ် လို့တော့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။တပ်မတော်သားများ ပြစ်မှုကျူးလွန်ပါက သုံးနှစ်ကျော်လွန်ပြီးနောက် အရေးယူမရသည့် တပ်မတော်အက်ဥပဒေပါ ပုဒ်မကို ပြင်ဆင်ရန်ဥပဒေကြမ်းကို ယနေ့ (ဇူလိုင် ၁၅) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ တပ်မတော်သား ကိုယ်စား လှယ်က တင်သွင်းခဲ့သည်။

၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေပုဒ်မ ၁၂၅ (၁) တွင် တပ်မတော်သားတစ်ဦးသည် “ပြစ်မှုကျူးလွန်သည့် နေ့ရက်မှ သုံးနှစ်ကုန်ဆုံး သည့်အခါ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရ” ဟု ပြဋ္ဌာန်းထားသည်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ပြင်ဆင်လိုသည့်ဥပဒေကြမ်းတွင် အချိန်ကာလသတ်မှတ်ချက်သုံးနှစ်ကို ပြစ်မှု ကျူးလွန်သည့်နေ့ရက်မှ စတင်ရေတွက်ခြင်းအပြင် နစ်နာသူနှင့် အရေးယူနိုင်သည့်အခွင့်အာဏာပိုင်က ပြစ်မှုကျူးလွန်မှု သို့မဟုတ်။

ပြစ်မှုကျူးလွန်သူကို စတင်သိရှိသည့် အစောဆုံးနေ့ရက်မှ စတင်ရေတွက်ရန် ဟူသည့် ဖြည့်စွက်ချက်များကို အဆိုပြုခြင်းဖြစ်သည်။ အရေး ယူခံထိုက်သူကို အရေးယူခံရခြင်းမှ ကင်းလွတ်ခြင်းမရှိစေရန်အတွက်လည်းကောင်း၊ စစ်စည်းကမ်း ထိန်းသိမ်းမှုအတွက်လည်းကောင်း ပြင် ဆင်ရန်ဖြစ်ကြောင်း တင်ပြပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ဥပဒေကြမ်းတင်သွင်းစဉ် ပြောခဲ့သည်။ သို့သော် ယင်းပုဒ် မနှင့် အကျုံးဝင်သော ပြစ်မှုများတွင် စစ်ပြေးမှု၊ လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်းအဖြစ်စာရင်းသွင်းမှု၊ စစ်ပုန်ကန်မှု စသည်တို့ မပါဝင်ပေ။

ဇွန်၂၈ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းတစ်ခု၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေ ဆုံးခဲ့သော်လည်း တပ်မတော်ဘက်က အရေးယူရန် ဆောင်ရွက်နေမှုအပေါ် မတွေ့ရသေးကြောင်း၊ ယင်းကိစ္စအရေးယူပေးရန် လူထောင်ချီ ဆန္ဒပြမှုတောင်းဆိုရာတွင် ဦးဆောင်သူသုံးဦးကို အရေးယူမည်ဟုသာ ထုတ်ဖော်ပြောဆိုထားကြောင်း စိုင်းလင်းက ပြောသည်။

REF:   KUMUDRA

Add a Comment

Your email address will not be published. Required fields are marked *