ခ်စ္သုေဝ တို႔ သားအဖ (၂)ဦးကိုတရားစြဲ ဆိုရန္ တင္ သြင္းျခင္းအား ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး လက္ခံလိုက္ၿပီ

လက္ရွိကာလႀကီးက ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲနီးကပ္တဲ့ အခ်ိန္ျဖစ္ပါတယ္။ မေမွ်ာ္လင့္ပဲနဲ႔ ေဒၚခ်စ္သုေဝနဲ႔ သူ႔ရဲ႕ ဖခင္ ဦးေဇာ္ဝင္း တို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ ျမန္မာႏိုင္ငံအႏွံ႔မွာ ဗုဒၶဘာသာဝင္ေတြ မခံမရပ္ႏိုင္ေအာင္ ျဖစ္လာၾကတယ္။ သူတို႔ ပန္းခ်ီကားမွာပါတဲ့ အ မ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕သမီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပုံကိုလည္း ၾကည့္လိုက္ပါ။

ဗုဒၶဘာသာဝင္ေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ရန္တိုက္ေနသလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ ေနာက္ ဦးေဇာ္ဝင္းေဖ့စ္ ဘြတ္ စ္မွာ တင္လိုက္တဲ့ “အေရၿခဳံသဃၤန္းနဲ႔ လူဆိုးသြမ္းမ်ား”ဆိုတဲ့ ပန္းခ်ီကားေပါ့ေနာ္။ ဒါဆိုရင္လည္း ျမင္တဲ့သူေတြက စိတ္မခ်မ္းေျမ့ရ ဘူး”ဟုတရားစြဲဆိုရျခင္းႏွင့္ ပတ္သက္၍ ေရွ႕ေန ဦးေအးပိုင္က ေျပာၾကားခဲ့ပါတယ္။

အဆိုေတာ္ ခ်စ္သုေဝႏွင့္ ၎၏ ဖခင္အား တရားစြဲဆိုရန္ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးသို႔ မေန႔က ဇူလိုင္ ၁၆ရက္ မွာ ျပင္ဆင္ခ်က္ တင္ သြင္းခဲ့ေၾကာင္း ေရွ႕ေန ဦးေအးပိုင္က ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳနယ္တရား႐ုံးက ပလပ္ခဲ့သည့္အမိန႔္အား ရန္ကုန္အေရွ႕ ပိုင္းတရား႐ုံးသို႔ ျပင္ဆင္ခ်က္တင္သြင္းျခင္းျဖစ္ေၾကာင္း ၎ရဲ႕ အဆိုအရသိရပါတယ္။

ထိုသို႔ အမႈျပင္ဆင္ခ်က္ တင္သြင္းမႈအေပၚ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက လက္ခံခဲ့ေၾကာင္း ေရွ႕ေနဦးေအးပိုင္ကဆိုပါတယ္။ သဃၤန္း ကြၽန္းတရား႐ုံးက က်င့္-၂၀၃နဲ႔ ပလပ္ခ်က္ကို ျပင္ဆင္မႈအမွတ္၂၇၁/၂၀၂၀နဲ႔ တက္တဲ့အခါ လက္ခံလိုက္ပါတယ္။ ဒီေတာ့ ေအာက္႐ုံးက အမႈတြဲကို ေတာင္းေခၚမယ္။ လာမယ့္႐ုံးခ်ိန္းမွာ အမႈၾကားနာဖို႔ ရွိပါမယ္” လို႔ ေရွ႕ေန ဦးေအးပိုင္က ေျပာပါတယ္။

အဆိုေတာ္ခ်စ္သုေဝႏွင့္ ၎၏ဖခင္ ဦးေဇာ္ဝင္းအား ေရွ႕ေနဦးေအးပိုင္က တရားစြဲဆိုရန္ ေလွ်ာက္ထားမႈအေပၚ ပလပ္ေၾကာင္း သဃၤန္း ကြၽန္းၿမိဳ႕နယ္တရား႐ုံးက ဇူလိုင္ ၉ ရက္တြင္ အမိန႔္ခ်မွတ္ခဲ့ၿပီး အဆိုပါအမိန႔္အား ခ႐ိုင္တရား႐ုံးသို႔ ျပင္ဆင္ခ်က္ ထပ္မံတင္သြင္း ျခင္းျဖစ္ ပါတယ္။အဆိုပါအမႈအား အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ဇူလိုင္ ၂၉ ရက္တြင္ ၾကားနာစစ္ေဆးရန္ ခ်ိန္းဆိုထားတယ္လို႔သိရပါတယ္။

REF: SHWE WIKI

UNICODE

လက်ရှိကာလကြီးက ၂၀၂၀ အထွေထွေရွေးကောက်ပွဲနီးကပ်တဲ့ အချိန်ဖြစ်ပါတယ်။ မမျှော်လင့်ပဲနဲ့ ဒေါ်ချစ်သုဝေနဲ့ သူ့ရဲ့ ဖခင် ဦးဇော်ဝင်း တို့ရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံအနှံ့မှာ ဗုဒ္ဓဘာသာဝင်တွေ မခံမရပ်နိုင်အောင် ဖြစ်လာကြတယ်။ သူတို့ ပန်းချီကားမှာပါတဲ့ အ မျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကိုလည်း ကြည့်လိုက်ပါ။

ဗုဒ္ဓဘာသာဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်တိုက်နေသလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နောက် ဦးဇော်ဝင်းဖေ့စ် ဘွတ် စ်မှာ တင်လိုက်တဲ့ “အရေခြုံသင်္ဃန်းနဲ့ လူဆိုးသွမ်းများ”ဆိုတဲ့ ပန်းချီကားပေါ့နော်။ ဒါဆိုရင်လည်း မြင်တဲ့သူတွေက စိတ်မချမ်းမြေ့ရ ဘူး”ဟုတရားစွဲဆိုရခြင်းနှင့် ပတ်သက်၍ ရှေ့နေ ဦးအေးပိုင်က ပြောကြားခဲ့ပါတယ်။

အဆိုတော် ချစ်သုဝေနှင့် ၎င်း၏ ဖခင်အား တရားစွဲဆိုရန် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ မနေ့က ဇူလိုင် ၁၆ရက် မှာ ပြင်ဆင်ချက် တင် သွင်းခဲ့ကြောင်း ရှေ့နေ ဦးအေးပိုင်က ပြောပါတယ်။ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြိုနယ်တရားရုံးက ပလပ်ခဲ့သည့်အမိန့်အား ရန်ကုန်အရှေ့ ပိုင်းတရားရုံးသို့ ပြင်ဆင်ချက်တင်သွင်းခြင်းဖြစ်ကြောင်း ၎င်းရဲ့ အဆိုအရသိရပါတယ်။

ထိုသို့ အမှုပြင်ဆင်ချက် တင်သွင်းမှုအပေါ် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက လက်ခံခဲ့ကြောင်း ရှေ့နေဦးအေးပိုင်ကဆိုပါတယ်။ သင်္ဃန်း ကျွန်းတရားရုံးက ကျင့်-၂၀၃နဲ့ ပလပ်ချက်ကို ပြင်ဆင်မှုအမှတ်၂၇၁/၂၀၂၀နဲ့ တက်တဲ့အခါ လက်ခံလိုက်ပါတယ်။ ဒီတော့ အောက်ရုံးက အမှုတွဲကို တောင်းခေါ်မယ်။ လာမယ့်ရုံးချိန်းမှာ အမှုကြားနာဖို့ ရှိပါမယ်” လို့ ရှေ့နေ ဦးအေးပိုင်က ပြောပါတယ်။

အဆိုတော်ချစ်သုဝေနှင့် ၎င်း၏ဖခင် ဦးဇော်ဝင်းအား ရှေ့နေဦးအေးပိုင်က တရားစွဲဆိုရန် လျှောက်ထားမှုအပေါ် ပလပ်ကြောင်း သင်္ဃန်း ကျွန်းမြို့နယ်တရားရုံးက ဇူလိုင် ၉ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး အဆိုပါအမိန့်အား ခရိုင်တရားရုံးသို့ ပြင်ဆင်ချက် ထပ်မံတင်သွင်း ခြင်းဖြစ် ပါတယ်။အဆိုပါအမှုအား အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၂၉ ရက်တွင် ကြားနာစစ်ဆေးရန် ချိန်းဆိုထားတယ်လို့သိရပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *