တကၠ သိုလ္ေတြ မွာ ပညာသင္ၾကားေ ရး ကို အြန္လိုင္းစန စ္ နဲ႔ စတင္ႏိုင္ ေရး စီစဥ္ေ နၿပီဟု ပါေမာကၡခ်ဳပ္တစ္ဦး ေျပာဆို

ကြၽန္ေတာ္တို႔ေက်ာင္းေတြကိုက အြန္လိုင္းသင္ၾကားေရး နဲ႔ ပတ္သက္ၿပီး ျပင္ဆင္ထားဖို႔ ၫႊန္ၾကားထားတဲ့အဆင့္ပဲရွိေသးတယ္။ အေကာင္ အထည္မေဖာ္ရေသရဘူးေပါ့ေနာ္။ တကယ္လို႔သာ ဒီအစီအစဥ္တိုင္းလုပ္မယ္ဆို ကြၽန္ေတာ္တို႔ဘက္က ေက်ာင္းသားမိဘေတြ ရဲ႕သေဘာ ထား ေက်ာင္းသား ေက်ာင္းသူေတြရဲ႕ သေဘာထားေတြလည္းရွိပါေသးတယ္။ လုပ္ရမွာေတြေတာ့အမ်ားႀကီးေပါ့”လို႔ ျမစ္ႀကီးနား တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ဝင္းကေျပာပါတယ္။

အြန္လိုင္းက သင္တယ္ဆိုတာက အခက္အခဲေတြေတာ့ ရွိလာႏိုင္တယ္။ အင္တာနက္လိုင္းမေကာင္းတဲ့ေဒသေတြအတြက္ဆိုရင္ေတာ့ ေက်ာင္းသားေတြအတြက္ သင္ၾကားမယ့္စာေတြကို memory stick ေတြေပးၿပီး လုပ္ဖို႔ေတြကိုေတာ့ စီစဥ္ ထားတယ္”လို႔ အဆင့္ျမင့္ပညာ ဦးစီးဌာနမွ ေဒါက္တာသိန္းဝင္းက ေျပာပါတယ္။အြန္လိုင္း စနစ္သင္ၾကားဖို႔အတြက္ တကၠသိုလ္၊ေကာလိပ္ေက်ာင္းေတြမွာ အင္တာနက္ ေတြတပ္ဖို႔လိုအပ္သလို ေက်ာင္းသားေက်ာင္းသူေတြရဲ႕ လိုအပ္တဲ့ အခ်က္အလက္ေတြ ကိုလည္း စုေဆာင္းထားဖို႔လို အပ္ပါတယ္။

လက္ရွိမွာေတာ့ ၫႊန္ၾကားထားတဲ့ အဆင့္သာရွိေသးတဲ့ အတြက္ျပင္ဆင္မႈေတြမလုပ္ရေသးဘူးလို႔ ေဒါက္တာေအာင္ဝင္းက ေျပာပါတယ္။ လက္ရွိမွာ တကၠသိုလ္ပညာေရးစနစ္ကို အြန္လိုင္းက သင္ၾကားဖို႔ စီစဥ္ထားဆဲသာျဖစ္ၿပီး ဆရာ၊ဆရာမေတြ ရဲ႕ သေဘာထားကို ေကာက္ခံ သြားဦးမယ္လို႔လည္းသိရပါတယ္။ ဇူလိုင္လ (၂၁)ရက္ေန႔မွာေတာ့ တာဝန္ရွိသူေတြနဲ႔ တကၠသိုလ္ ဆရာ၊ဆရာမမ်ား အဖြဲ႕အစည္းမ်ားနဲ႔ ေတြ႕ဆုံၿပီး သေဘာထား ေတာင္းခံျခင္းေတြနဲ႔ လိုအပ္တာေတြကို ေဆြးေႏြး သြားမယ္လို႔ သိရပါတယ္။

ေက်ာင္းေတြ ကိုေတာ့ ၫႊန္ၾကား ထားၿပီးျဖစ္ပါတယ္။ COVID ေၾကာင့္ ယခုႏွစ္မွာ တကၠသိုလ္ေက်ာင္းေတြရဲ႕ ပညာသင္ၾကားမႈပုံစံကို အြန္ လိုင္းသင္ၾကားေရးစနစ္နဲ႔ လုပ္ေဆာင္သြားဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။ ေက်ာင္းသားေတြအေနနဲ႔လည္း ပညာသင္ၾကားမႈ အခြင့္အေရး ကို မဆုံးရႈံးေစရန္အတြက္ အခုလိုစီစဥ္ေနတာျဖစ္ၿပီး အြန္လိုင္းသင္ၾကားေရးစနစ္အတြက္ တကၠသိုလ္ေက်ာင္းေတြကိုလည္း ႀကိဳတင္ျပင္ ဆင္ထားဖို႔ အဆင့္ျမင့္ပညာဦးစီးဌာနကေန ၫႊန္ၾကားမႈေတြလည္း လုပ္ ထားပါၿပီ။

ေက်ာင္းသားေတြရဲ႕ ပညာေရးအတြက္ကလည္းမျဖစ္မေနျပန္ဖြင့္ရမယ္၊ ကိုဗစ္အတြက္လည္းစိုးရိမ္မႈေတြရွိေနေတာ့ အခုလိုလုပ္ဖို႔ စီစဥ္ တာပါ။ ဒီစနစ္ကိုလုပ္ဖို႔ ဆရာ၊ဆရာေတြအေနနဲ႔လည္း အြန္လိုင္းက သင္ၾကားမယ့္ပုံစံေတြနဲ႔ သင္ခန္းစာေတြကို ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ ၫႊန္ၾကားထားတာေတြရွိတယ္။

Credit Duwun

UNICODE

ကျွန်တော်တို့ကျောင်းတွေကိုက အွန်လိုင်းသင်ကြားရေး နဲ့ ပတ်သက်ပြီး ပြင်ဆင်ထားဖို့ ညွှန်ကြားထားတဲ့အဆင့်ပဲရှိသေးတယ်။ အကောင် အထည်မဖော်ရသေရဘူးပေါ့နော်။ တကယ်လို့သာ ဒီအစီအစဉ်တိုင်းလုပ်မယ်ဆို ကျွန်တော်တို့ဘက်က ကျောင်းသားမိဘတွေ ရဲ့သဘော ထား ကျောင်းသား ကျောင်းသူတွေရဲ့ သဘောထားတွေလည်းရှိပါသေးတယ်။ လုပ်ရမှာတွေတော့အများကြီးပေါ့”လို့ မြစ်ကြီးနား တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းကပြောပါတယ်။

အွန်လိုင်းက သင်တယ်ဆိုတာက အခက်အခဲတွေတော့ ရှိလာနိုင်တယ်။ အင်တာနက်လိုင်းမကောင်းတဲ့ဒေသတွေအတွက်ဆိုရင်တော့ ကျောင်းသားတွေအတွက် သင်ကြားမယ့်စာတွေကို memory stick တွေပေးပြီး လုပ်ဖို့တွေကိုတော့ စီစဉ် ထားတယ်”လို့ အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။အွန်လိုင်း စနစ်သင်ကြားဖို့အတွက် တက္ကသိုလ်၊ကောလိပ်ကျောင်းတွေမှာ အင်တာနက် တွေတပ်ဖို့လိုအပ်သလို ကျောင်းသားကျောင်းသူတွေရဲ့ လိုအပ်တဲ့ အချက်အလက်တွေ ကိုလည်း စုဆောင်းထားဖို့လို အပ်ပါတယ်။

လက်ရှိမှာတော့ ညွှန်ကြားထားတဲ့ အဆင့်သာရှိသေးတဲ့ အတွက်ပြင်ဆင်မှုတွေမလုပ်ရသေးဘူးလို့ ဒေါက်တာအောင်ဝင်းက ပြောပါတယ်။ လက်ရှိမှာ တက္ကသိုလ်ပညာရေးစနစ်ကို အွန်လိုင်းက သင်ကြားဖို့ စီစဉ်ထားဆဲသာဖြစ်ပြီး ဆရာ၊ဆရာမတွေ ရဲ့ သဘောထားကို ကောက်ခံ သွားဦးမယ်လို့လည်းသိရပါတယ်။ ဇူလိုင်လ (၂၁)ရက်နေ့မှာတော့ တာဝန်ရှိသူတွေနဲ့ တက္ကသိုလ် ဆရာ၊ဆရာမများ အဖွဲ့အစည်းများနဲ့ တွေ့ဆုံပြီး သဘောထား တောင်းခံခြင်းတွေနဲ့ လိုအပ်တာတွေကို ဆွေးနွေး သွားမယ်လို့ သိရပါတယ်။

ကျောင်းတွေ ကိုတော့ ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ COVID ကြောင့် ယခုနှစ်မှာ တက္ကသိုလ်ကျောင်းတွေရဲ့ ပညာသင်ကြားမှုပုံစံကို အွန် လိုင်းသင်ကြားရေးစနစ်နဲ့ လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း ပညာသင်ကြားမှု အခွင့်အရေး ကို မဆုံးရှုံးစေရန်အတွက် အခုလိုစီစဉ်နေတာဖြစ်ပြီး အွန်လိုင်းသင်ကြားရေးစနစ်အတွက် တက္ကသိုလ်ကျောင်းတွေကိုလည်း ကြိုတင်ပြင် ဆင်ထားဖို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ ညွှန်ကြားမှုတွေလည်း လုပ် ထားပါပြီ။

ကျောင်းသားတွေရဲ့ ပညာရေးအတွက်ကလည်းမဖြစ်မနေပြန်ဖွင့်ရမယ်၊ ကိုဗစ်အတွက်လည်းစိုးရိမ်မှုတွေရှိနေတော့ အခုလိုလုပ်ဖို့ စီစဉ် တာပါ။ ဒီစနစ်ကိုလုပ်ဖို့ ဆရာ၊ဆရာတွေအနေနဲ့လည်း အွန်လိုင်းက သင်ကြားမယ့်ပုံစံတွေနဲ့ သင်ခန်းစာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားတာတွေရှိတယ်။

Credit Duwun

Add a Comment

Your email address will not be published. Required fields are marked *