ထုတ္ပယ္ခံရသည့္ ဝါးခယ္မNLDမ်ား ပါတီ႐ုံးခ်ဳပ္သို႔ လာေရာက္ေျဖရွင္းခ်က္ ေတာင္းေသာ္လည္း ေတြ႕ခြင့္မေပးဟု ဆို

ကြၽန္ေတာ္တို႔က ဒီကိစၥကို ရွင္းရွင္းလင္းလင္းသိခ်င္လို႔ လာ ေရာက္ျခင္းျဖစ္ပါတယ္။ ေတြ႕ဆုံ ခြင့္ရမယ္လို႔လည္း ေမွ်ာ္လင့္ထား တာပါ’’ဟု အထုတ္ပယ္ခံရသည့္ ဝါးခယ္ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ ဘ႑ာေရးမႉး ဦးေဌးေအာင္က ေျပာသည္။အဆိုပါ ကိစၥႏွင့္ပတ္သက္ ၿပီး ဒီခ်ဳပ္ ပါတီဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕ဝင္ ေဒါက္တာမ်ိဳး ၫြန႔္အား ဖုန္းျဖင့္ဆက္သြယ္ေမး ျမန္းေသာ္လည္း လက္ခံေျဖၾကား ျခင္းမရွိေပ။ သို႔ ေသာ္ ဒီခ်ဳပ္ပါတီဗဟိုျပန္ ၾကားေရး ေကာ္မတီအတြင္းေရး မႉး မုံ႐ြာေအာင္ရွင္က ‘‘သူတို႔ ဝါး ခယ္မၿမိဳ႕နယ္က သူေတြက ပါတီ စည္းမ်ဥ္း စည္းကမ္းနဲ႔ မကိုက္လို႔ ထုတ္ပယ္ပစ္တယ္ဆိုတဲ့ဟာက အေၾကာင္းျပတာေပါ့။

အဲဒီလို ထုတ္ပယ္တဲ့ကိစၥကို အသစ္ျပန္ ဖြဲ႕မယ္ဆိုတာလည္း ၾကားထားတယ္။ အဲဒီလိုထုတ္ ပယ္ခံထားရတဲ့ပုဂၢိဳလ္ေတြက ျပန္ ၿပီး ရွင္း လင္းခ်င္လို႔ ႐ုံးခ်ဳပ္ကို လာတာပဲ။ ကြၽန္ေတာ္ျမင္တာက ေတာ့ ႐ုံးခ်ဳပ္မွာရွိတဲ့ စီအီးစီတင္ မဟုတ္ဘဲနဲ႔၊ တကယ္စီအီးစီအား လုံးတက္တဲ့ အစည္းအေဝးမွာ ဆုံးျဖတ္ရတဲ့ကိစၥမို႔ အခုလိုအေျခ အေနမ်ိဳး ျဖစ္သြားတယ္လို႔ထင္ပါ တယ္’’ဟုေျပာသည္။ဝါးခယ္မၿမိဳ႕နယ္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ ၂၁ဦးမွာ အစစ္အေဆး အေမးအျမန္းမရွိဘဲ တာဝန္မွဖယ္ရွားခံရမႈ ႏွင့္ပတ္သက္ၿပီး ရန္ကုန္ၿမိဳ႕ရွိ ဒီခ်ဳပ္ပါတီ ဗဟို႐ုံးခ်ဳပ္သို႔ ဇူလိုင္ ၁၆ရက္က လာေရာက္ ေျဖရွင္းရန္လာျခင္း ျဖစ္သည္။

ပါတီတာဝန္ရွိသူမ်ားက ေတြ႕ဆုံ ခြင့္မေပးခဲ့ေၾကာင္း ထုတ္ပယ္ခံရသည့္ ဝါးခယ္မၿမိဳ႕နယ္အလုပ္အမႈေဆာင္ အဖြဲ႕ ဝင္မ်ားက ေျပာသည္။ ကြၽန္ေတာ္တို႔ကို လုံးဝေတြ႕ခြင့္မေပး ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔က ေငြေၾကး အကုန္ခံၿပီးေတာ့ ပါတီဗဟိုအထိ တက္လာ ခဲ့တာပါ။ ဒီလိုလုပ္ တာေတာ့ ဝမ္းနည္း မိတယ္’’ဟု ထုတ္ပယ္ခံရသည့္ ဝါးခယ္မၿမိဳ႕နယ္ ဒီခ်ဳပ္ပါတီအ လုပ္အမႈေဆာင္အဖြဲ႕ဝင္ဦးေသာင္း ျမင့္ကေျပာသည္။ ပါတီမွ ထုတ္ပယ္ခံရသူ ၂၁ ဦးအနက္တစ္ဦးသည္ ဒီခ်ဳပ္ပါတီ ဗဟို႐ုံးေရွ႕သို႔ ေန႔လယ္ ၁၂ နာရီ ခန႔္က ေရာက္ရွိလာခဲ့ၿပီး ပါတီ တာဝန္ရွိ သူမ်ားႏွင့္ ေတြ႕ဆုံခြင့္ ေတာင္းဆိုရာတြင္ ပါတီ႐ုံးခန္း ပိတ္သည့္အခ်ိန္ ညေန ၅ နာရီအ ထိ ေတြ႕ဆုံခြင့္မရခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ႐ုံးခန္းပိတ္ခါနီးအ ခ်ိန္တြင္ ဒီခ်ဳပ္ပါတီတာဝန္ရွိသူ တစ္ဦးျဖစ္သည့္ ဦးဉာဏ္ဝင္း ထြက္ရွိလာသည့္အခါတြင္ ထုတ္ ပယ္ခံရသည့္ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္မ်ားကေမးျမန္းရာ ၎ ကိစၥကိုမသိရွိေၾကာင္း ေျပာဆိုခဲ့ သည္ဟု ဦးေသာင္းျမင့္ကေျပာ သည္။ ဗဟိုအလုပ္မႈ ေဆာင္အဖြဲ႕ က အတြင္းေရးမႉး ဦးဉာဏ္ဝင္းက ဒီကိစၥသူမသိဘူးတဲ့၊ ဧရာဝတီ တိုင္းက ေဒါက္တာမ်ိဳးၫြန႔္လုပ္ တာပါတဲ့။ ဗဟိုအလုပ္ အမႈေဆာင္ အတြင္းေရးမႉးေတာင္ မသိရင္ ေဒါက္တာမ်ိဳးၫြန႔္က သူ႔သေဘာ နဲ႔သူ ကြၽန္ေတာ္တို႔ကိုလုပ္ခဲ့တဲ့ သေဘာျဖစ္ေနပါတယ္’’ ဟု ဦးေသာင္းျမင့္က ေျပာသည္။

REF: 7DAY DAILY

unicode

ထုတ်ပယ်ခံရသည့် ဝါးခယ်မNLDများ ပါတီရုံးချုပ်သို့ လာရောက်ဖြေရှင်းချက် တောင်းသော်လည်း တွေ့ခွင့်မပေးဟု ဆို

ကျွန်တော်တို့က ဒီကိစ္စကို ရှင်းရှင်းလင်းလင်းသိချင်လို့ လာ ရောက်ခြင်းဖြစ်ပါတယ်။ တွေ့ဆုံ ခွင့်ရမယ်လို့လည်း မျှော်လင့်ထား တာပါ’’ဟု အထုတ်ပယ်ခံရသည့် ဝါးခယ်မြို့နယ် အလုပ်အမှုဆောင် ဘဏ္ဍာရေးမှူး ဦးဌေးအောင်က ပြောသည်။အဆိုပါ ကိစ္စနှင့်ပတ်သက် ပြီး ဒီချုပ် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုး ညွန့်အား ဖုန်းဖြင့်ဆက်သွယ်မေး မြန်းသော်လည်း လက်ခံဖြေကြား ခြင်းမရှိပေ။ သို့ သော် ဒီချုပ်ပါတီဗဟိုပြန် ကြားရေး ကော်မတီအတွင်းရေး မှူး မုံရွာအောင်ရှင်က ‘‘သူတို့ ဝါး ခယ်မမြို့နယ်က သူတွေက ပါတီ စည်းမျဉ်း စည်းကမ်းနဲ့ မကိုက်လို့ ထုတ်ပယ်ပစ်တယ်ဆိုတဲ့ဟာက အကြောင်းပြတာပေါ့။

အဲဒီလို ထုတ်ပယ်တဲ့ကိစ္စကို အသစ်ပြန် ဖွဲ့မယ်ဆိုတာလည်း ကြားထားတယ်။ အဲဒီလိုထုတ် ပယ်ခံထားရတဲ့ပုဂ္ဂိုလ်တွေက ပြန် ပြီး ရှင်း လင်းချင်လို့ ရုံးချုပ်ကို လာတာပဲ။ ကျွန်တော်မြင်တာက တော့ ရုံးချုပ်မှာရှိတဲ့ စီအီးစီတင် မဟုတ်ဘဲနဲ့၊ တကယ်စီအီးစီအား လုံးတက်တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ရတဲ့ကိစ္စမို့ အခုလိုအခြေ အနေမျိုး ဖြစ်သွားတယ်လို့ထင်ပါ တယ်’’ဟုပြောသည်။ဝါးခယ်မမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ် အလုပ်အမှုဆောင် ၂၁ဦးမှာ အစစ်အဆေး အမေးအမြန်းမရှိဘဲ တာဝန်မှဖယ်ရှားခံရမှု နှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ဒီချုပ်ပါတီ ဗဟိုရုံးချုပ်သို့ ဇူလိုင် ၁၆ရက်က လာရောက် ဖြေရှင်းရန်လာခြင်း ဖြစ်သည်။

ပါတီတာဝန်ရှိသူများက တွေ့ဆုံ ခွင့်မပေးခဲ့ကြောင်း ထုတ်ပယ်ခံရသည့် ဝါးခယ်မမြို့နယ်အလုပ်အမှုဆောင် အဖွဲ့ ဝင်များက ပြောသည်။ ကျွန်တော်တို့ကို လုံးဝတွေ့ခွင့်မပေး ခဲ့ပါဘူး။ ကျွန်တော်တို့က ငွေကြေး အကုန်ခံပြီးတော့ ပါတီဗဟိုအထိ တက်လာ ခဲ့တာပါ။ ဒီလိုလုပ် တာတော့ ဝမ်းနည်း မိတယ်’’ဟု ထုတ်ပယ်ခံရသည့် ဝါးခယ်မမြို့နယ် ဒီချုပ်ပါတီအ လုပ်အမှုဆောင်အဖွဲ့ဝင်ဦးသောင်း မြင့်ကပြောသည်။ ပါတီမှ ထုတ်ပယ်ခံရသူ ၂၁ ဦးအနက်တစ်ဦးသည် ဒီချုပ်ပါတီ ဗဟိုရုံးရှေ့သို့ နေ့လယ် ၁၂ နာရီ ခန့်က ရောက်ရှိလာခဲ့ပြီး ပါတီ တာဝန်ရှိ သူများနှင့် တွေ့ဆုံခွင့် တောင်းဆိုရာတွင် ပါတီရုံးခန်း ပိတ်သည့်အချိန် ညနေ ၅ နာရီအ ထိ တွေ့ဆုံခွင့်မရခဲ့ကြောင်း သိရသည်။

သို့သော် ရုံးခန်းပိတ်ခါနီးအ ချိန်တွင် ဒီချုပ်ပါတီတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဉာဏ်ဝင်း ထွက်ရှိလာသည့်အခါတွင် ထုတ် ပယ်ခံရသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များကမေးမြန်းရာ ၎င်း ကိစ္စကိုမသိရှိကြောင်း ပြောဆိုခဲ့ သည်ဟု ဦးသောင်းမြင့်ကပြော သည်။ ဗဟိုအလုပ်မှု ဆောင်အဖွဲ့ က အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဒီကိစ္စသူမသိဘူးတဲ့၊ ဧရာဝတီ တိုင်းက ဒေါက်တာမျိုးညွန့်လုပ် တာပါတဲ့။ ဗဟိုအလုပ် အမှုဆောင် အတွင်းရေးမှူးတောင် မသိရင် ဒေါက်တာမျိုးညွန့်က သူ့သဘော နဲ့သူ ကျွန်တော်တို့ကိုလုပ်ခဲ့တဲ့ သဘောဖြစ်နေပါတယ်’’ ဟု ဦးသောင်းမြင့်က ပြောသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *